နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

အရေးပေါ်သက်တမ်းကာလ နောက်ထပ် (၆) လ သက်တမ်းတိုးရန် စစ်‌ကောင်စီ ပြင်ဆင်နေ

ဖောက်ခွဲဖျက်ဆီးတိုက်ခိုက်မှုအကြိမ် ငါးရာနီးပါးမှာ သေဆုံးသူ (၇၈၂) ဦးအထိ ရှိခဲ့ဟု စစ်ကောင်စီဥက္ကဋ္ဌ ပြောကြား

အကြမ်းဖက်ဖြစ်စဉ်တွေ ဆက်လက်ဖြစ်ပွားနေလို့ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေ စိုးမိုးရေး အပြည့်အဝဆောင်ရွက်နိုင်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ် လို့ စစ်ကောင်စီဥက္ကဋ္ဌက ဇူလိုင် (၁၃) ရက်နေ့က ပြုလုပ်တဲ့အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားလိုက်ပါတယ်။

(၇) လ အတွင်း ဖောက်ခွဲဖျက်ဆီးတိုက်ခိုက်မှု အကြိမ် ငါးရာနီးပါးမှာ သေဆုံးသူ (၇၈၂) ဦးအထိ ရှိခဲ့တယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌက ဦးဆောင်ပြုလုပ်တဲ့ ဇူလိုင် (၁၃) ရက်နေ့ အစိုးရအဖွဲ့အစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

စစ်ကောင်စီရဲ့ အရေးပေါ်ကာလ ၆ လ သက်တမ်း ထပ်တိုးထားမှုဟာ လိုအပ်လို့ တိုးတာလို့ သူက ပြန်ရှင်းပြခဲ့ပြီး အဲဒီသက်တမ်းဟာလည်း ဇူလိုင်လ အကုန်မှာ သက်တမ်းကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌအနေနဲ့ အခုလို ပြောကြားမှုနဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူအချို့ကတော့ အရေးပေါ် ကာလကို ထပ်မံသက်တမ်းတိုးဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ သုံးသပ်ပြောဆိုနေကြပါတယ်။

လက်ရှိ မြေပြင်အခြေအနေတွေအရ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ကယားပြည်နယ်တို့မှာ အခြေအနေတွေဟာ အဆိုးဆုံးဖြစ်နေတာကြောင့် လုံခြုံရေးပိုမိုဆောင်ရွက်ကြဖို့ လိုတယ်လို့ သူက ပြောကြားပါတယ်။

၂၀၂၃ ခုနှစ်အတွင်း အခု ဇူလိုင်လ (၁၁) ရက် အထိ ရရှိထားတဲ့ သတင်းအချက်အလက်တွေအရ စစ်ကောင်စီဥက္ကဋ္ဌက သူ့ရဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

Era’sEye/ ဓာတ်ပုံ- စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အစိုးရအဖွဲ့အစည်းအဝေးတွင် တွေ့ရစဥ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

တလပြည့်တဲ့ လေးကေ့ကော်တိုက်ပွဲထဲ စစ်တပ်ဘက်က (၁၅၀)နီးပါး ထိခိုက်သေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 32 Views
အောက်တိုဘာလ (၈)ရက်။ ဒီကနေ့ လေးကေ့ကော်တိုက်ပွဲ တလပြည့်တဲ့အချိန်မှာ စစ်ကော်မရှင်တပ်ဘက်က (၁၅၀)နီးပါး ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ Justice Soldier ရဲ့
မြန်မာသတင်း

ချောင်းဦး ဆီမီးသပိတ် ဗုံးကြဲခံရပြီး သေဆုံးသူတွေထဲ သပိတ်ရဲဘော် (၃)ဦး ပါဝင်တယ်လို့ GSCB ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 27 Views
အောက်တိုဘာလ (၈)ရက်။ ချောင်းဦးမြို့ ဗုံတိုရွာက ဆီမီးသပိတ် လေကြောင်းဗုံးကြဲခံရတာမှာ သေဆုံးသူတွေထဲ သပိတ်ရဲဘော် (၃)ဦး ပါဝင်ခဲ့တယ်လို့ အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)ရဲ့ မနေ့က
မြန်မာသတင်း

နွားထိုးကြီးမှာ စစ်ရှောင်တွေရှိတဲ့ ဘုန်းကြီးကျောင်း လေကြောင်းဗုံးကြဲခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 30 Views
အောက်တိုဘာလ (၈)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က နွားထိုးကြီးမြို့ မကျီးကုန်းရွာရှိ စစ်ရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ မြေပြင်သတင်းတွေထံက သိရပါတယ်။ “ နွားထိုးကြီးမြို့တောင်ဖက် မကျီးကုန်းရွာမှာ စစ်ရှောင်တွေနေတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်က
မြန်မာသတင်း

မိုင်းလုံမြို့ မန်ဟုန်းရွာ ဗုံးကြဲခံရပြီး ကလေးငယ်တစ်ဦးအပါအဝင် ပြည်သူ (၁၀)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 20 Views
အောက်တိုဘာလ (၈)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခွဲအချိန်က မိုင်းလုံမြို့ရှိ မန်ဟုန်းရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မန်ဟုန်းရွာကို သီတင်းကျွတ်
မြန်မာသတင်း

မင်းလှမှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲမဲစာရင်းတွေ မီးရှို့ဖျက်ဆီးခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 27 Views
အောက်တိုဘာလ (၇)ရက်။ မနေ့က ည (၁၁)နာရီခွဲအချိန်က မင်းလှမြို့ ဆင်တဲကုန်းရွာက စစ်တပ်ရဲ့ ရွေးကောက်ပွဲ မဲစာရင်းတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သာယာဝတီခရိုင်တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မင်းလှ ဆင်တဲကုန်းရွာရဲ့ စာကြည့်တိုက်မှာ စကစရဲ့
မြန်မာသတင်း

မုံရွာရှိ စစ်တပ်ရဲ့ နမခဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရပြီး အရာရှိတွေအပါအဝင် (၁၂)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 37 Views
အောက်တိုဘာလ (၇)ရက်။ အောက်တိုဘာလ (၂)ရက်နေ့က မုံရွာအခြေစိုက် စစ်တပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Chindwin Rocket Brother(CRB)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၂)ရက်နေ့က သီတင်းကျွတ်အကြိုအနေနဲ့ နမခထဲကို ရော့ကတ်
မြန်မာသတင်း

ထားဝယ်ထောင်မှာ နိုင်/ကျဉ်းတစ်ဦး ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရတာကြောင့် သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 29 Views
အောက်တိုဘာလ (၇)ရက်။ အောက်တိုဘာလ (၃)ရက်နေ့က ထားဝယ်ထောင်မှာ မတရားဖမ်းဆီးအကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတဦး သေဆုံးခဲ့တယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ထားဝယ်ထောင်ထဲ မတရားအကျဉ်းချခံရပြီး သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားဟာ အသက် (၄၈)နှစ်အရွယ် ‌ကိုအောင်ကိုဦးဖြစ်ကာ
မြန်မာသတင်း

ဂန့်ဂေါမြို့ရှိ စစ်တပ်ရဲ့ ခလရ(၅၀)နဲ့ မြို့မရဲစခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 7 ရက်
  • 25 Views
အောက်တိုဘာလ (၇)ရက်။ မနေ့က ညနေ (၆)နာရီကျော်အချိန် ဂန့်ဂေါမြို့ရှိ စစ်တပ်ရဲ့ ခလရ(၅၀)တပ်နဲ့ မြို့မရဲစခန်း ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသထဲသတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။ “ ဂန့်ဂေါ ခလရ(၅၀)တပ်နဲ့ မြို့မရဲစခန်းဝင်းထဲ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရတာ။ အဲ့ဒီမှာ