ကယားပြည်နယ်၊ လွိုင်ကော်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ ပြည်နယ်ဗဟိုမဏ္ဍပ်ကို ဧပြီလ ၁၅ ရက် မနက်ပိုင်း မှာ ဒရုန်း နဲ့ဗုံးကြဲခံလိုက်ရတယ်လို့သိရပါတယ်။
အခုလို ဒရုန်းနဲ့ဗုံးကြဲခဲ့တာကြောင့် လူ ၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီဗဟိုမဏ္ဍပ်ဟာလေယာဉ်ကွင်းအနီးက စစ်ကောင်စီရဲ့ ပြည်နယ်ရုံးအတွင်းမှာ တည်ဆောက်ထားတာလို့သိရပါတယ်။ စင်ပေါ်မှာ ယိမ်းအက ကပြဖျော်ဖြေနေချိန် ဗုံးကြဲခံရတာလို့ ဒေသခံတွေကပြောပါတယ်။
စစ်ကောင်စီက စည်စည်ကားကားကျင်းပဖို့ပြင်ဆင်နေတဲ့ သင်္ကြန်ပွဲတော်ကို ပြည်သူတွေအနေနဲ့ မပါဝင်ကြဖို့နဲ့ ဆန့်ကျင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားပါတယ်။
Era’sEyes/လွိုင်ကော်မြို့ရှိ စစ်ကောင်စီ ပြည်နယ်ဗဟိုမဏ္ဍပ်ကို တွေ့ရစဉ်။ (Photo: Citizen Journalist)