နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်မှာရှိတဲ့ နိုင်ငံတော်ဧည့်ဂေဟာအနီး ဓာတ်အားခွဲရုံကို ဧပြီ (၁၄) ရက် ည ၇ နာရီက ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ စစ်တောင်းမြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ချက်အရသိရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ဓာတ်အားခွဲရုံအတွင်းက ထရန်စဖော်မာတချို့ ပျက်စီးပြီး နိုင်ငံတော် ဧည့်ဂေဟာဝင်းမှာလည်း လျှပ်စစ်မီးပြတ်တောက်မှုဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။
စစ်တောင်းမြို့ပြပြောက်ကျားတပ်ဖွဲ့ကတော့ အခုလိုပြောထားပါတယ် ” ခွဲရုံဖောက်ခွဲပြီး မီးပျက်ချိန် ဆက်တွဲတိုက်ခိုက်ဖို့လုပ်ခဲ့ပေမယ့် ဘေးမကင်းနိုင်လို့ နောက်ဆုတ်ခဲ့ရပါတယ်ခင်ဗျ” လို့ ရေးသားထုတ်ပြန်ထားတာဖြစ်ပါတယ်။
အဲဒီဓာတ်အားခွဲရုံဟာ ဧပြီ ၁၅ ရက်နေ့လယ်အထိ လျှပ်စစ်မီးမထုတ်လွှင့်နိုင်သေးဘဲ ပြင်ဆင်မှုတွေ ပြုလုပ်နေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
အဲဒီဖောက်ခွဲမှုအပြီးမှာ ရုရှားနိုင်ငံရဲ့သံတမန်တွေ၊ စစ်ဘက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ သင်္ကြန်ကာလဖျော်ဖြေပွဲအတွက် နေပြည်တော်ကိုရောက်ရှိနေတဲ့ အနုပညာရှင်တွေနေထိုင်ရာ နိုင်ငံတော်ဧည့်ဂေဟာကို လုံခြုံရေး နှစ်ဆ
တိုး မြှင့် ထားလိုက်တယ်လို့သိရပါတယ်။
Era’sEye | နေပြည်တော်မြို့ တစ်နေရာကို တွေ့ရစဉ်။ (Photo: RFA)