ဧရာဝတီတိုင်း ၊အင်္ဂပူမြို့ ပညာရေးမှူးရုံးလမ်းဆုံရှိ သင်္ကြန်ဗဟိုမဏ္ဍပ် တွင် ဧပြီ(၁၅) ရက် မနက်ပိုင်းမှာ ဗုံးပေါက်မှုဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီ၏ ရဲအချို့ ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
မဏ္ဍပ်သို့ပြည်သူများမရောက်ခင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသာရှိနေချိန်တွင် ဗုံးပေါက်ကွဲခဲ့ တာဖြစ်တယ်လို့သိရပါတယ်။
အင်္ဂပူမြို့သည် ဟင်္သာတခရိုင်အတွင်းပါဝင်ပြီး အင်္ဂပူမြို့သင်္ကြန်ဗဟိုမဏ္ဍပ်ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က လုံခြုံရေးအင်အားအများအပြားတိုးမြှင့်ချထားတယ်လို့သိရပါတယ်။
Era’sEyes |