စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာ စစ်ကောင်စီနဲ့ ကလေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ရေးတင်းမာနေတာကြောင့် ဒေသခံပြည်သူ တစ်ထောင်ကျော်ခန့် ထွက်ပြေးတိမ်းရှောင်နေရဝာယ်လို့ သိရပါတယ်။
အင်အား ၁၅၀ ခန့်ပါရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ သာစည်ကျေးရွာအနီးကို မနေ့ကမနက် အစောပိုင်းက ဝင်ရောက်လာပြီးတဲ့နောက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုက်ပွဲဖြစ်ပွားနေချိန်မှာ လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီးရမ်းသမ်းပစ်ခတ်ပြီး ကျေးရွာထဲဝင်ရောက်ခဲ့တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။
ကလေးမြို့အနီးမှာရှိတဲ့ သာစည်ကျေးရွာကို စစ်ကောင်စီတပ်က မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်လေ့ရှိပြီး တစ်ချို့ဒေသခံပြည်သူတွေဟာ ပြီးခဲ့သောနှစ်ကစလို့ ကလေးမြို့ပေါ်ကို ပြောင်းရွှေ့နေထိုင်နေကြတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေ့ကလည်း ကလေးမြို့နယ်၊ ကျွန်းချောင်းကျေးရွာဒေသခံ သားအမိနှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သတ်ဖြတ် မီးရှို့ထားခဲ့ပါသေးတယ်။
#Era’sEye \News