နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 3 ရက်

Myanmar Politics

Myanmar Politics အတွေးအမြင်ကဏ္ဍ

သာယာဝပြောတဲ့နိုင်ငံတော်ကြီး ထူထောင်ဖို့ ငါတို့ ဘားတိုက်ပြန်ကြပါစို့။

ခေတ်မျက်လုံးရဲ့ ပင်တိုင်ဆောင်းပါးရှင် ဦးထွန်းအောင်ကျော် (၇၄ မျိုးဆက်) ၏ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ (၈) နှစ်မြောက် NCA အခမ်းအနားတွင် ပြောကြားခဲ့သည့်မိန့်ခွန်းကို သုံးသပ်ချက်။


အာဏာသိမ်းစစ်ခေါင်းဆောင်က နိုင်ငံအတွက် မရှိမဖြစ် လိုအပ်တဲ့ ငြိမ်းချမ်းရေးရရှိနိုင်ဖို့ မြန်မာ့သမိုင်းစဉ်တလျှောက်မှာ မရှိခဲ့ဖူးတဲ့။ လိုက်လျောမှု၊ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှု၊ ငြိမ်းချမ်းရေးကို လိုလားမှုတို့အတွက် သူရဲ့လုပ်ဆောင်နေမှုဟာ သမိုင်းမှတ်တိုင်ဖြစ်တယ်လို့ ဆိုပါတယ်။ သူက “NCA စာချုပ်ဟာ လွယ်လင့်တကူ ဖြစ်ပေါ်လာတာ မဟုတ်ပါဘူး။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ဖိတ်ခေါ်တဲ့နေ့ကစပြီး NCA စာချုပ်ရရှိသည်အထိရက်ပေါင်း ၁,၄၅၀ မျှ ကြာမြင့်ခဲ့ပါတယ်။ အစည်းအဝေးတွေ၊ တွေ့ဆုံညှိနှိုင်းမှုတွေ စုစုပေါင်း အကြိမ် ၅,၀၀၀ ကျော်အထိ ပြုလုပ်ခဲ့ရပါတယ်” လို့ ဆိုပါတယ်။
ဒီစာချုပ်ဟာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့မှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသားကိုယ်စားလှယ်များနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ အသိသက်သေများ၊ ပြည်တွင်းအသိသက်သေများ ရှေ့မှောက်မှာ ခမ်းနားထည်ဝါစွာ NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့အတွက် ပြည်ထောင်စုလွှတ်တော်က Union Accord အဖြစ် အတည်ပြုပေးထားတဲ့ သမိုင်းဝင်စာချုပ်ဖြစ်ပြီး မည်သည့်အချိန်မျှ ပျက်ပြယ်မှု မရှိဘဲ တည်တံ့နေမည့်စာချုပ်ဖြစ်တာကြောင့် တပ်မတော်အနေနဲ့ NCA စာချုပ်အပေါ်မှာသာ အလေးထားဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဟာ NCA စာချုပ်ဟာ စစ်အာဏာသိမ်းလိုက်ခြင်းကြောင့် ပျက်ပျယ်သွားပြီးလို့ လက်မှတ်ထိုးခဲ့တဲ့ လက်နက်ကိုင်အဖွဲ့အစည်း အများစုပြောတာကို တန်ပြန်ချေပလိုက်ခြင်းလို့ ယူဆပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်က တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ပြိုကွဲနေတာကို သူမမွေးခင် (၇၅) နှစ်ကထဲက မြန်မာပြည်က ထွက်ခွာသွားပြီးတဲ့ ဗြိတိသျှကိုလိုနီစနစ်ကို လက်ညှိုးထိုး အပြစ်တင်ပြီး သူ့အရင် စစ်ခေါင်းဆောင်တွေက ဖက်ဒရယ်စနစ်ကို ဆန့်ကျင်ပြီး တိုင်းရင်းသားတွေကို ဖိနှိပ်ချုပ်ချယ်ခဲ့ခြင်းကို ဖုံးဖိလျစ်လျူရှုခဲ့တာကို တွေ့ရပါတယ်။ သူက

“ကျွန်တော်တို့ အမိမြန်မာ နိုင်ငံတော်ကြီးကို နယ်ချဲ့ အင်္ဂလိပ်တို့ဟာ နှစ်ပေါင်း တစ်ရာကျော် သွေးခွဲအုပ်ချုပ်ခဲ့ကြပါတယ်။ အဲဒီလို နှစ်ပေါင်းရာချီပြီးသွေးခွဲခဲ့တာကြောင့် တိုင်းရင်းသားအချင်းချင်း သူစိမ်းပြင်ပြင် ဖြစ်ခဲ့ရုံသာမက ယုံကြည်မှုတွေလျော့နည်းခဲ့တာကို တွေ့ရှိရမှာ ဖြစ်ပါတယ်”ဟုဆိုခဲ့ပါတယ်။ ဒါ့အပြင်ဒီသွေးခွဲခဲ့မှုကို ဗမာပြည်ကွန်မြူနစ် ပါတီကလည်း “လူမျိုးစုလွတ်မြောက်ရေး” ဆိုတဲ့ သွေးထိုးမှုတွေကြောင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ တစ်စတစ်စ ပေါ်ပေါက် လာခဲ့ရတာ ဖြစ်တယ်လို့ အပြစ်တင် လက်ညှိုးထိုးခဲ့ပြန်ပါတယ်။

တခုရယ်စရာကောင်းတာက “တပ်မတော်ကို မုန်းတီးလို့ ပေါ်ပေါက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဆိုတာ ဒီနေ့အထိ မရှိခဲ့ပါဘူး” လို့ တပ်ချုပ်မင်းအောင်လှိုင်ပြောခဲ့တဲ့စကားပါ။ ဒီနေ့အချိန်မှာ ဗမာအပါအဝင် တိုင်းရင်းသားပေါင်းစုံက သူဦးဆောင်ထားတဲ့ စစ်တပ်ကို တူးတူးခါးခါး မုန်းတီးပြီး တော်လှန်နေတဲ့အချိန်ကို စစ်ခေါင်းဆောင်က မျက်နှာပြောင် တိုက်ပြီး လိမ်ညာလိုက်တာပဲ ဖြစ်တယ်။

နောက်ပိုဆိုးတာက သူထပ်ပြောခဲ့တဲ့ “နိုင်ငံရေးအယူအဆ ကွဲလွဲမှုတွေကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းဘဲ လက်နက်စွဲကိုင်ခဲ့ကြရာက ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားနေရခြင်းတာ ဖြစ်ပါတယ်” လို့ မရှက်မကြောက် ပြောရဲခြင်းပဲ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းတာက နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတာ မဟုတ်ပါဘူး အဲဒီလို ငါ့မှာ စစ်တပ်ကြီးရှိတယ် NLD ပါတီကို လူအများစုက ထောက်ခံခဲ့ပေမဲ့ ငါဂရုမစိုက်ဘူး ငါ့လက်နက်ကိုင်တပ်နဲ့ ငါအာဏာသိမ်းမယ်ဆိုတဲ့ ဒီမိုကရေစီစနစ်ကို ဆန့်ကျင်လုပ်ဆောင်ခဲ့သူက သူ့ရဲ့အကြမ်းဖက် လုပ်ရပ်ကြောင့် ပြည်သူလူထုကြီးက မခံမရပ်နိုင်ဖြစ်ပြီး ရရာလက်နက်ကိုင်စွဲပြီး တော်လှန်နေတဲ့ပြည်သူတွေကို သူက အကြမ်းဖက်တယ်လို့ သူခိုးကလူဟစ်သလို ဖြစ်နေတာတွေ့ရပါတယ်။


စစ်တပ်က အုပ်ချုပ်တဲ့ကာလအပိုင်းအခြားကို သူကပြောခဲ့တာမှာလည်း ဆိုရှယ်လစ် စနစ်အုတ်မြစ်ချသည့်ကာလ၊ ၁၉၇၄ ခုနှစ်ကနေ ၁၉၈၈ ခုနှစ်အထိ စစ်ဗိုလ်ချုပ်တွေ တည်ထောင်ခဲ့တဲ့ တပါတီ ဆိုရှယ်လစ်စနစ်ရဲ့ ဆိုးကျိုးကြောင့် ချမ်းသာကြွယ်ဝတဲ့ နိုင်ငံဘဝကနေ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများ စာရင်းဝင်ဖြစ်သွားခဲ့ရတာတွေကို မပြောခဲ့ဘဲထားခဲ့သလို၊ ၁၉၈၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ကာလကို ပါတီစုံဒီမိုကရေစီစနစ် လျှောက်လှမ်းနိုင်ရေး အခြေခံအုတ်မြစ်ချသည့် ကာလလို့သူကဖော်ညွှန်းခဲ့ပါတယ်။

ဒီကာလမှာ တိုင်းပြည်သံယံဇာတတွေကိုတရားလွန်အတိုင်းအဆမရှိထုတ်ရောင်းခဲ့ပြီး စစ်တပ်ဖွဲ့စည်း တည်ထောင်ထားတဲ့ ကြံခိုင်ရေးအသင်းကြီးကို လုပ်ချင်ရာလုပ်ခွင့် လွတ်လပ်စွာ စည်းရုံးခွင့်တွေပေးခဲ့တဲ့အပြင် နိုင်ငံရေးပါတီတွေ အထူးသဖြင့် NLD ပါတီကို နည်းမျိုးစုံနဲ့ဖိနှိပ် ပိတ်ပင်ခဲ့ပြီး နာဂစ်မုန်တိုင်းဒဏ်ခံနေရတဲ့ အချိန်မှာ ၂၀၀၈ ခြေဥကို အတည်ပြုခဲ့တယ်။ ဒါကို ပြည်သူ ၉၂ဒသမ ၄၈ ရာခိုင်နှုန်း ထောက်ခံခဲ့တယ် ဆိုတာ တကယ်လား မေးရမှာပါ။ အဖြေကလည်း ရှင်းပါတယ်။


တပ်ချုပ်မင်းအောင်လှိုင်က ယနေ့ကာလဟာလည်း ဒီမိုကရေစီစနစ် လျှောက်လှမ်းနေဆဲကာလပဲ ဖြစ်ပါတယ်လို့ ဆိုပါတယ်၊ ထိန်းကြောင်းမှု ဒီမိုကရေစီလား ငါတို့စည်းကမ်းအတိုင်းနဲ့မှ သွားရမယ့် ဒီမိုကရေစီလား မေးရမှာဖြစ်ပါတယ်။ စစ်ဗိုလ်တွေ ဦးစီးရေးဆွဲထားတဲ့ ၁၉၇၄ ခြေဥကော ၂၀၀၈ ခြေဥကော၊ ဒီမိုကရေစီနည်းကျ ပြည်သူတွေ ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေကနေရေး ဆွဲခဲ့တာမဟုတ်သလို ပြည်သူ ၉၀%က ထောက်ခံအတည်ပြုခဲ့တယ်ဆိုတာလည်း ကိုယ်ဖဲကိုယ်ချိုးပြီး အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်မှာ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်နေမဲ့အစား ပြည်သူ့ဆန္ဒခံယူပွဲအရင်လုပ်ပြီး ၂၀၀၈ကို ပြည်သူက လက်ခံသလား လက်မခံဘူးလားဆိုတာကို တပ်ချုပ်မင်းအောင်လှိုင်လုပ်ကြည့်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက “အနိုင်ရသူ အကုန်ယူ” ဆိုတဲ့ စနစ်အစား တိုင်းရင်းသားလူမျိုးစုကိုယ်စားလှယ်တွေ ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ဖို့ “အချိုးကျကိုယ်စားပြုစနစ်” PR စနစ်ကို ကျင့်သုံးရမှာဖြစ်ပါတယ်” လို့ အခိုင်အမာ သူ့သဘောထားကို တင်ပြလာခြင်းကြောင့်ပါ။ PR စနစ်ကို ကျင့်သုံးမယ်ဆိုရင် ခြေဥကို ပြင်ဆင်ဖို့ လိုပါတယ်။ ဒါ့အပြင်တပ်ချုပ်က “ဒီကနေ့ ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ နိုင်ငံရေးရည်မှန်းချက်ဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုစနစ် တည်ဆောက်ရေးပဲ ဖြစ်ပါတယ်” လို့ဆိုထားပါတယ်။


ဒါကြောင့် လက်ရှိ ၂၀၀၈ ခြေဥဟာ ဖက်ဒရယ်စနစ်ကို အခြေတည်မထားတဲ့အတွက် ဖက်ဒရယ်စနစ်ကို တကယ်လျှောက်လှမ်းနိုင်မဲ့ ဖက်ဒရယ်ခြေဥ လိုအပ်ပါတယ်။ ဒီအခါ ပြင်ဆင်မယ်ဆိုရင် လူထုဆန္ဒသဘောထားကို ယူရမှာဖြစ်တာကြောင့် အရေးကြီးဆုံးဖြစ်တဲ့ ၂၀၀၈ခြေဥကို ပြည်သူက လက်ခံသလားလက်မခံဘူးလား အသစ်ရေးဆွဲရမလား ဆိုတာကို အရင်ဆန္ဒခံယူကြည့်သင့်တယ်လို့ မြင်ပါတယ်။


နိဂုံးမှာတပ်ချုပ်က “တပ်မတော်က ထုတ်ပြန်တဲ့ ငြိမ်းချမ်းရေးမူဝါဒ (၆) ရပ်ဟာ NCA စာချုပ်ရဲ့ အနှစ်သာရအတိုင်းဖြစ်သလို ခေတ်အဆက်ဆက် ငြိမ်းချမ်းရေး ကြိုးပမ်းမှုသမိုင်းတွေက ရရှိလာတဲ့ “အသိတရား” ဖြစ်ပြီး လက်ရှိငြိမ်းချမ်းရေးတည်ဆောက်မှု ခိုင်မြဲစေဖို့အတွက် လုပ်ဆောင်ရမယ့် “ အရှိတရား” လည်း ဖြစ်ပါတယ်” လို့ ပိတ်ထားပါတယ်။


တပ်မတော်ခေါင်းဆောင်တွေရဲ့ လက်နက်ကိုင်ထားတဲ့သူက တိုင်းပြည်မှာ ဗိုလ်ကျ စိုးမိုးနိုင်တယ် နိုင်ငံရေးနဲ့ စီးပွားရေးကို လက်ဝါးကြီးအုပ် ချယ်လှယ်နိုင်တယ် စစ်အင်အားသုံးပြီး စစ်လူတန်းစားတရပ်ကို တည်ထောင်မယ် သားစဉ်မျိုးဆက်တိုင်းပြည်ကို ဖိနှိပ်အုပ်ချုပ်နိုင်တယ် ဆိုတဲ့ “အသိတရား” ကနေဖယ်ခွာပြီး ပြည်တွင်းစစ်ကို ရပ်တန့်ပြီး ငြိမ်းချမ်းသာယာတဲ့ ဖက်ဒရယ်နိုင်ငံတော်ကြီး ပေါ်ပေါက်လာဖို့အတွက် ငါတို့နိုင်ငံရေးကနေ လက်ရှောင်ပြီး ဘားတိုက်ကို ပြန်သင့်ပြီဆိုတဲ့ “ အရှိတရား” ကို သံဝေဂ ယူသင့်ပါကြောင်း နိုင်ငံအရေးကို နိုင်ငံရေးပါတီများ လက်ထဲမှာ ယုံယုံကြည်ကြည်ထားပြီး မိမိကျွမ်းကျင်ရာ ကာကွယ်ရေးကို စစ်သားကောင်းများအဖြစ် ခံယူလုပ်ဆောင်ကြမယ်ဆိုရင် လူမှန်နေရာမှန်များ ရရှိလာပြီး တိုင်းပြည်ငြိမ်းချမ်း သာယာလာမှာဖြစ်ကြောင်း ကောက်နုတ်အကြံပြုလိုက်ပါတယ်။


ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၆) ရက်။
ဓာတ်ပုံ။ စစ်ကောင်စီ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ မြန်မာသတင်း အတွေးအမြင်ကဏ္ဍ

မြန်မာ့အိမ်နီးချင်းတွေ ယုတ်မာနေကြပြီလား။

  • 2025 ခုနှစ်၊ မေလ 25 ရက်
  • 111 Views
သမိုင်းကို ပြန်လည်တူးဖော်ကြည့်ခြင်း မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးကို စိတ်မဝင်စားကြပါဘူး။ စိတ်မဝင်စားတဲ့အပြင် သူတို့အကျိုးအမြတ်ရမယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ လွတ်လပ်ခွင့်အတွက်
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ

“ဝေဖန်သူတွေကို အမုန်းပွား၊တော်လှန်ရေးကိုဘေးမှာထား၊ နိုင်ငံခြားကိုသွား”

  • 2025 ခုနှစ်၊ မေလ 18 ရက်
  • 61 Views
ဒီနေ့ မေလ (၁၈) ရက်နေ့ တနင်္ဂနွေစကားဝိုင်းမှာ ပင်တိုင်ဆွေးနွေးသူများဖြစ်တဲ့ဦးထွန်းအောင်ကျော် နဲ့ ဦးထွန်းကြည်တို့က (၁) မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးကောင်စီ(SAC-M)ရဲ့
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ အယ်ဒီတာ့အာဘော် အာရှ

ဝါးလုံးခေါင်းထဲလသာနေတဲ့ မြန်မာစိတ်ဓာတ်နဲ့ မြန်မာအတွေးအခေါ်

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 104 Views
++++++++++++++++++++++++++++++++++ အယ်ဒီတာ့အာဘော် ကျွန်တော်တို့ မြန်မာတွေ အတွေးအခေါ်တွေချို့တဲ့၊ ဗဟုသုတလည်းခေါင်းပါး၊ စိတ်ဓါတ်ရေးရာတွေ အောက်တန်းကျ ကိုယ်မသိတာနဲ့ သိသယောင် တတ်သယောင် ဂဃနဏသိတဲ့သူတွေ တင်ပြတာကို ကိုယ့်ဝါးလုံးခေါင်းထဲက အတွေးလေးနဲ့ တိုင်းတာပြီး မိုက်ရိုင်းစွာ ဆဲရေးတာကို တွေ့လိုက်ရတယ်။ ဂျပန်နိုင်ငံ၊
အတွေးအမြင်ကဏ္ဍ

လူမွဲနိုင်ငံ ဘာကြောင့် ဖြစ်သွားရတာလဲ။ တရားခံဘယ်သူလဲ။

  • 2025 ခုနှစ်၊ မေလ 10 ရက်
  • 71 Views
အတွေးအခေါ်တော်လှန်ရေး အပိုင်း (၂) လူမွဲနိုင်ငံ ဘာကြောင့် ဖြစ်သွားရတာလဲ။ တရားခံဘယ်သူလဲ။ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ထိပ်တန်းနိုင်ငံဘဝကနေ ၁၉၆၂ ခုနှစ်၊ မတ်လ(၂) ရက်နေ့မှာစစ်အာဏာသိမ်းခံခဲ့ရပြီး ၁၉၈၇ ခုနှစ်မှာ လူမွဲနိုင်ငံဘဝကို ကျ‌ရောက်ခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ်ဒီမိုကရေစီတောင်းဆိုတဲ့
အတွေးအမြင်ကဏ္ဍ

“NUG တရုတ်ချော့တေးနဲ့ စစ်အနိုင်တိုက်ရေး ဘာကို ရွေးမလဲ?”

  • 2025 ခုနှစ်၊ မေလ 4 ရက်
  • 86 Views
“NUG တရုတ်ချော့တေးနဲ့ စစ်အနိုင်တိုက်ရေး ဘာကို ရွေးမလဲ?”  ဒီတနင်္ဂနွေ ဆွေးနွေးမဲ့အကြောင်းအရာတွေကတော့ NUG ဟာ တရုတ်ရဲ့ ရန်သူမဟုတ်သလို အကျိုးစီးပွားကို ထိခိုက်စေမယ့်အဖွဲ့ မဟုတ်ဘူးဆိုတာ တိတိကျကျ ပြောဆိုကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလက အွန်လိုင်း ကက်ဘိနက်
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ အာရှ

CNN မှာ ဟယ်လင် ရီဂင် (Helen Regan) မှ လေ့လာသုံးသပ်ထားသည့် မြန်မာနိုင်ငံဆိုင်ရာ ဆောင်းပါး (ခေတ်မျက်လုံးမှ ဘာသာပြန်သည်)

  • 2025 ခုနှစ်၊ မေလ 3 ရက်
  • 81 Views
၂၀၂၅ခုနှစ်၊ မေလ ၃ရက်။ မြန်​မာ့​ငလျင်​က စစ်​ဘေး​ဒဏ်​သင့်​တဲ့​နိုင်ငံ​ကို ပျက်စီး​စေခဲ့သည်။ သို့ရာတွင် ကဲ့ရဲ့ရှုံ့ချခံခဲ့ရသော စစ်ခေါင်းဆောင်များအတွက် အခွင့်အလမ်းများကို ယူဆောင်လာခဲ့သည်။ မြေငလျင်များသည် မိမိတို့ချစ်ခင်ရသူ၊ အိမ်ရာများနှင့် အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်များ ဆုံးရှုံးခဲ့ရသူများအတွက် ဆိုးရွားလွန်းလှသော်လည်း အာဏာကို ဆုပ်ကိုင်ထားသော
အတွေးအမြင်ကဏ္ဍ

မြန်မာသင်္ကြန်ပွဲတော်နဲ့ ထိုင်းသင်္ကြန် ဘာတွေကွာသလဲ?

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 86 Views
သင်္ကြန်ပွဲတော်ကို မြန်မာ့ယဥ်ကျေးမှုအမွေအနှစ်တခုအဖြစ် အမြတ်တနိုး ကျင်းပခဲ့ကြသလို သင်္ကြန်ပွဲတော်ဟာ လူငယ်များအတွက် အပျော်ဆုံးပွဲတော် ဖြစ်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သင်္ကြန်ပွဲတော်အတွင်း ယောက်ျားမိန်းမမခွဲခြားဘဲ မိန်းကလေးတွေကလည်း ပွင့်ပွင့်လင်း ယောက်ျားလေးတွေကို အပြန်အလှန်စကြ စကားတွေပြောနိုင်ခွင့် အချစ်ကို ရှာနိုင်ခွင့် ချုပ်တည်းထားသမျှကို
အတွေးအမြင်ကဏ္ဍ

“လိမ်ညာနေတဲ့ခေါင်းဆောင်တွေနဲ့ အညာခံပြည်သူများ”

  • 2025 ခုနှစ်၊ ဧပြီလ 7 ရက်
  • 110 Views
“လိမ်ညာနေတဲ့ခေါင်းဆောင်တွေနဲ့ အညာခံပြည်သူများ” —————————————————— မင်းအောင်လှိုင် BEMSTEC အစည်းအဝေး တက်ရောက်သည့်အပေါ် သဘောထားနှင့် စကစ၏ အပစ်အခတ်ရပ်စဲမှုသည် မည်သည့်ရည်ရွယ်ချက်နှင့်ကြေငြာခဲ့သည်လားရှိုးမှ MNDAA ဆုတ်ခွါပြီး စကစလက်ပြန်အပ်မည့်အပေါ် စသည်တို့အပြင် NUG ၏ အဖွဲ့အစည်း ပြုပြင်ပြောင်းလဲ‌ရေးဆိုသည် တကယ်ဖြစ်လာမလား