ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဝေဘူလမြို့ကို ဧပြီလ (၁၀) ရက်နေ့က စစ်ကောင်စီတပ်က လေကြောင်းဖြင့် ၂ ကြိမ် ဗုံးကြဲခဲ့ရာ အရပ်သား (၉) ဦး သေဆုံးပြီး (၆) ဦးဒဏ်ရာရရှိခဲ့ပါတယ်။
ဒဏ်ရာရရှိသူတွေထဲ မှာ သေဆုံးသွားတဲ့ CDM ကျောင်းအုပ်ဆရာကြီးရဲ့ သားလည်းပါသွားပြီး လက်တစ်ဖက် ဖြတ်လိုက်ရတယ်လို့ သိရှိရပါတယ်။ ကျောင်းအုပ်ဆရာကြီးနဲ့ ဇနီးလည်း သေဆုံးသွားတဲ့အတွက် ကူညီပေးမယ့်သူလည်း မရှိလို့ ဒုက္ခရောက်နေကြောင်း သိရှိရပါတယ်။
လှူဒါန်းလိုသူများ ဖုန်း – 09 400 307 475 နဲ့ 09 400 511 660 တို့ကို ဆက်သွယ်မေးမြန်းနိုင်ကြောင်း ချင်းဒေသခံမီဒီယာများမှာ ဖော်ပြထားပါတယ်။
ဓာတ်ပုံ။ Zalen