မြင်းမူမြို့၊ မြို့ရှောင်လမ်း(အနောက်လမ်းဆုံအနီး)မှာ ဦးခေါင်းပြတ်ဒဏ်ရာဖြင့် သေဆုံးနေတဲ့ အမျိုးသားအလောင်းတစ်လောင်းအား သွားရောက်သယ်ယူပေးခဲ့ရတယ်လို့ မြတ်သုခ ကျန်းမာရေးနဲ့ လူမှုကူညီရေးအသင်းကဆိုပါတယ်။

ဒီနေ့မနက် ၈နာရီ ၁၅မိနစ်ခန့်က သွားရောက်သယ်ယူပေးခဲ့ပြီး ၉နာရီ ၁၅မိနစ်ခန့်မှာ တပင်ရွှေထီးရပ်ကွက်က နေအိမ်ကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
မြင်းမူအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မြို့ပြပြောက်ကျားအဖွဲ့တွေကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တိတိကျကျမသိရသေးဘူးလို့ ဆိုပါတယ်။
Era’sEye/Photo/CRD