နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်

၁၁၁၃ ရခိုင်စစ်ပွဲ

၁၁၁၃ ရခိုင်စစ်ပွဲ

စစ်ကောင်စီ၏ မောင်တော အခြေစိုက် ဒုံးညိုနယ်ခြားစောင့်တပ်စခန်းအား ရက္ခိုင့်တပ်တော်က တိုက်ခိုက်သိမ်းပိုက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ ခေတ်မျက်လုံး။

စစ်ကောင်စီရဲ့ မောင်တော အခြေစိုက် ဒုံးညိုနယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော် (AA) က (၂၇) နာရီအတွင်း အပြီးသတ် တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

လက်နက်ချအညံ့ခံရန်ပြောခဲ့သော်လည်း အညံ့မခံတဲ့ စစ်ကောင်စီရဲ့ မောင်တောအခြေစိုက် ဒုံးညိုနယ်ခြားစောင့်တပ်စခန်းအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၆) ရက်၊ နံနက် (၁၀) နာရီခန့်မှာ ရက္ခိုင့်တပ်တော် (AA) က စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ ဒီနေ့ နိုဝင်ဘာလ (၁၇) ရက်၊ နေ့လယ် (၁) နာရီအချိန်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးပစ်ကူ၊ လေကြောင်းတိုက်ခိုက်မှုတွေအပြင် မိုးသည်းထန်စွာရွာသွန်းနေတဲ့အကြားမှ စခန်းသိမ်းတိုက်ပွဲကို ပြုလုပ်ခဲ့ရာ စစ်ကောင်စီအဖွဲ့ဝင် (၁၈) ဦးကို လက်နက် အလက် (၄၀) နဲ့ အတူ စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီဘက်က အများအပြား သေဆုံးတယ်လို့ ဆိုပေမယ့် အရေအတွက်ကိုတော့ သတင်းထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဒီစခန်းသိမ်းတိုက်ပွဲအတွင်း AA ဘက်ကလည်း ကျဆုံး၊ ဒဏ်ရာရသူတချို့ ရှိခဲ့တယ်လို့ သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲကို ဦးဆောင်သူနဲ့ အကောင်အထည်ဖော် တိုက်ခိုက်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို လေးနက်စွာ မှတ်တမ်းတင်ဂုဏ်ပြုတယ်လို့လည်း ဖော်ပြထားပါတယ်။

လက်နက်ချအညံ့မခံတဲ့ စခန်းတွေကို တစ်ခုပြီးတစ်ခု တိုက်ခိုက်သွားမယ်လို့ ဖော်ပြထားပါတယ်။

ဓာတ်ပုံ။ AAInfoDesk

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

၁၁၁၃ ရခိုင်စစ်ပွဲ

နတ်ရေကန်ဗျူဟာကုန်းအပါအဝင် တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို AA ဖမ်းဆီးရမိခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 26 Views
နိုဝင်ဘာလ (၁၂)ရက်။ နတ်ရေကန်ဗျူဟာကုန်းအပါအဝင် နေ့တိုင်းလိုလို ပြင်းထန်နေတဲ့ တိုက်ပွဲတွေကနေ ထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးရမိခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မောင်တောမြို့မှာ အရပ်သားခရီးသည်တင်ကားကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ပြီး ဖမ်းဆီးသတ်ဖြတ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 23 ရက်
  • 67 Views
အောက်တိုဘာလ (၂၃)ရက်။ မနေ့က နေ့လယ် (၁)နာရီ (၄၀)မိနစ်အချိန်က မောင်တောမြို့မှာ အရပ်သားခရီးသည်တင်ကားကို ARSA အဖွဲ့က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)ရဲ့
၁၁၁၃ ရခိုင်စစ်ပွဲ

ပဲခူးရှိ စစ်တပ်ရဲ့ (၆၆၆)ပွိုင့်ကုန်းကို AA သိမ်းပိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 77 Views
အောက်တိုဘာလ (၁၆)ရက်။ ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ပန်းကန်ကွဲရွာအနီးက စစ်တပ်ရဲ့ (၆၆၆)ပွိုင့်ကုန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ AA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ (၆၆၆)ပွိုင့်ကုန်းဟာ ပန်းကန်ကွဲရွာရဲ့ တောင်ဘက် (၉)ကီလိုမီတာအကွာမှာရှိပြီး ‌AA က
၁၁၁၃ ရခိုင်စစ်ပွဲ

ပသုံးလုံးက ပြည်သူကို ဓားနဲ့ပိုင်း၊

  • 2025 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 317 Views
တီမောက NUG ကို ကျောခိုင်း၊  AA က ARSA ကို အနိုင်ပိုင်း အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကိုလေ့လာသုံးသပ်ခြင်း(၁၃) ဒီတနင်္ဂနွေအပတ်စဥ်နိုင်ငံရေးဖြစ်စဥ်မှာ ထူးခြားတဲ့ သတင်းများနဲ့ပတ်သက်ပြီး ဆွေးနွေးမယ့် ကြောင်းအရာတွေကတော့ ၁။ ယင်းမာပင်ခရိုင် ဆားခါးကျေးရွာက ကိုယ်ဝန်ဆောင်နဲ့ ကလေးမိခင်တွေ အပါအဝင် အမျိုးသမီး ၉ ယောက်ကို ပကဖနဲ့ ပအဖ
၁၁၁၃ ရခိုင်စစ်ပွဲ

အလင်းဝင်ဘက်ပြောင်းချင်သူတွေရဲ့ အသက်နဲ့ လုံခြုံရေးကို အာမခံတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 15 ရက်
  • 914 Views
ဇူလိုင်လ (၁၅)ရက်။ စစ်ကောင်စီတပ်ဆီမှာ အဓမ္မစုဆောင်းခံရတဲ့ လူငယ်တွေအနေနဲ့ အလင်းဝင်ဘက်ပြောင်းချင်ရင် အသက်နဲ့ လုံခြုံရေးကို အာမခံတယ်လို့ အာရက္ခတပ်တော်(AA)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မြန်မာပြည်အနှံက လူငယ်တွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းတာကို ခံရပြီး အမျိုးမျိုး
၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်ကိုပို့မယ့် (၈)ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြားတွေနဲ့အတူ မူးယစ်ဂိုဏ်းအဖွဲ့ကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 13 ရက်
  • 926 Views
ဇွန်လ (၁၃)ရက်။ ရခိုင်ကိုပို့မယ့် (၈)ဒသမ(၁၈)ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား (၅၇)သိန်းကျော်နဲ့အတူ မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ဖမ်းမိခဲ့တယ်ဆိုပြီး စစ်ကောင်စီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇွန်လ (၄)ရက်နေ့ နေ့လယ် (၁၂)နာရီခွဲအချိန်က ပြည်-အောင်လံသွား ကားလမ်းရှိ တိုးဂိတ်အနီးမှာ မူးယစ်ဆေးဝါး
၁၁၁၃ ရခိုင်စစ်ပွဲ

ရခိုင်ရှိ သံတွဲမြို့က နေရာ (၃)ခုကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ (၁၂)နှစ်အရွယ်အပါအဝင် စစ်ရှောင် (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 9 ရက်
  • 966 Views
ဇွန်လ (၉)ရက်။ ဇွန်လ (၇)ရက်နေ့ ည (၁၀)နာရီကျော်အချိန်က ရခိုင်ပြည်နယ် သံတွဲမြို့ရှိ နေရာ (၃)ခုကို စစ်ကောင်စီက လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ည (၁၀)နာရီကျော်အချိန်မှာ သံတွဲမြို့က
၁၁၁၃ ရခိုင်စစ်ပွဲ

မင်းပြားမှာ (၉)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို မုဒိန်းကျင့် သတ်ဖြတ်ခဲ့သူတွေကို ဖမ်းမိထားတယ်လို့ AA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 962 Views
ဇွန်လ (၆)ရက်။ မင်းပြားမြို့ ဖားပြိုရွာမှာ (၉)နှစ်အရွယ်ရှိ မအိအိဆန်းကို မုဒိန်းကျင့်ပြီး သတ်ဖြတ်ခဲ့တဲ့ သံသယတရားခံ (၈)ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအမှုဖြစ်စဉ်ကို မင်းပြားမြို့မရဲစခန်းမှာ (ပ)၆၀/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ