စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေထံသို ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ၏ Ms. နိုရီကို တာကာဂိ (Noriko Takagi) က မေလ (၁၆) ရက် ယမန်နေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လာရောက်တွေ့ဆုံပြီး ၎င်း၏ ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါသည်။
အဆိုပါခန့်အပ်လွှာပေးအပ်သည့် အခမ်းအနားသို နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ခဲ့ကြကြောင်းလည်း သိရှိရပါသည်။
ဓာတ်ပုံ။ စစ်ကောင်စီ