ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ကျောက်မိုင်းဒေသကို စစ်ကောင်စီက မေလ (၁၇) ရက် မနက် ၃ နာရီခွဲ အချိန်ခန့်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ထိခိုက်မှုအခြေအနေများကို မသိရှိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။ ကျောက်မိုင်းဒေသဟာ KNU တပ်မဟာ (၆) ရဲ့ နယ်မြေဖြစ်ပါတယ်။

KNU တပ်မဟာ (၆) နယ်မြေ မြဝတီမြို့နယ်၊ ကျောက်မိုင်းနဲ့ လက်ခတ်တောင်ဒေသတွင် စစ်ကောင်စီတပ်မှ စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် KNLA တပ်မဟာ (၆)၊ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ Federal Wings ၊ Golden Eagle စသည့် ပူးပေါင်းတပ်ဖွဲ့များနဲ့ ရင်ဆိုင်တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားလျက် ရှိတယ်လို့ သိရပါတယ်။
မေလ ၁၂ ရက်နေ့မှ ၁၆ ရက် နေ့ထိ ၅ ရက်တာတိုက်ပွဲများမှာ စစ်ကောင်စီဘက်မှ ၁၁ ဦး သေဆုံးကာ ၃၉ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။
Era’sEyes/ဓာတ်ပုံ-Cobra Column