ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မဆာတွီရွာကို စစ်ကောင်စီတပ်က ဒီနေ့ မနက်ပိုင်း ၁၁ နာရီ၀န်းကျင်ခန့်က တိုက်လေယာဉ် ၅ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ CDF-Kanpetlet (Khonu Battalion) က ထုတ်ပြန်ပါတယ်။





စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်လေးလုံးနဲ့ ဘုရားကျောင်း ထိခိုက်ပျက်စီးမှုတွေရှိပြီး လူထိခိုက်သေဆုံးမှု ရှိမရှိ မသိရှိရသေးဘူးလို့ ဆိုပါတယ်။
မဆာတွီရွာဟာ အိမ်ခြေ၃၀၀ခန့်ရှိပြီး လူဦးရေ၁၀၀၀ခန့်နေထိုင်တဲ့ရွာတစ်ရွာဖြစ်ပါတယ်။
ဒီနေ့မနက်ပိုင်းမှာလည်း ကန်ပက်လက်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
Era’sEye