ရေစကြိုမြို့မှာ စစ်ကြောင်း (၃)ကြောင်းခွဲလာတဲ့ စစ်ကောင်စီတပ်တွေ ပစ်ခတ်တိုက်ခိုက်ခံရကာ (၇)ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ရေစကြိုရဲ့ ဒီကနေ့ ဩဂုတ်လ (၁၈)ရက်မှာ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ဩဂုတ်လ (၁၇)ရက်နေ့ မနက် (၁၀)နာရီခန့်က စိုင်းသေရွာ တောင်ရိုးကနေ မြေမလှရွာဘက်သို့ စစ်ကြောင်း (၃)ကြောင်းခွဲပြီး တက်လာတဲ့ စစ်ကောင်စီတပ်တွေ အနီးကပ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်ခံခဲ့ရတာမှာ စစ်ကောင်စီတပ်ဘက်က (၇)ဦးသေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် စစ်ကောင်စီတပ်ရဲ့ ခလရ(၂၅၇)က ဖောကားတစ်စီးနဲ့ တက်ကူရောက်လာပြီး ထိခိုက်သေဆုံးသူတွေနဲ့ လူချိန်းကာ ရှေ့ဆက်တက်လာတာကြောင့် တောင်ဦးရွာနဲ့ မြေလှရွာကြား ညနေ (၄)နာရီခန့်မှာ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ ဒုတိယအကြိမ် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုထားပါတယ်။ဒုတိယအကြိမ်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ရှေ့ဆုံးကတက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င် (၃)ဦးသေဆုံးပြီး အများအပြား ထိခိုက်နိုင်တယ်လို့ ရေးသားထားပါတယ်။
စစ်ကောင်စီတပ်တွေကို အနီးကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(ပကဖ)၊ ပခုက္ကူခရိုင်တပ်ရင်း အမှတ်(၉)နဲ့ နွေဦးစစ်သည် YSO-ရေလယ်ကျွန်းဒေသစစ်ကြောင်းတို့က ပူးပေါင်းဖော်ဆောင်ခဲ့တာလို့ သိရပါတယ်။
Era’sEye \News