ယနေ့ ဇွန်လ ၁၉ရက်မှာကျရောက်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ ရန်ကုန်မြို့တစ်နေရာမှာ Yangon Revolution Force(YRF)က လှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ယနေ့ ဇွန်လ ၁၉ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့တစ်နေရာမှာ YRF ရဲ့ Soft Strike Community က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၇၈)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေဖြင့် ရန်ကုန်မြိုတနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံနှင့်အတူ ‘We Miss You’ ဟူသော စာသားပါ ဘန်နာတခုအား ဂုံးတံတားတစ်ခုမှာ ချိတ်ဆွဲမှုပြုလုပ်ခဲ့ကြတာပါ။
အလားတူ ယနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပန်းသပိတ် ပြုလုပ်ဖို့ကိုလည်း တော်လှန်ရေးအင်အားစုများက နှိုးဆော်ထားကာ နိုင်ငံတဝန်း မြို့ပြနဲ့ တော်လှန်ရေးအဖွဲ့အစည်းများက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မွေးနေ့သပိတ်များ ပြုလုပ်ကြတယ်လို့ သိရပါတယ်။
“ ၇၈ နှစ်ပြည့်” တော်လှန် မွေးနေ့မှသည် နေကောင်းကျန်းမာရှိပါစေ…။ လူသားဆန်မှု၊ ချစ်ခြင်းမေတ္တာ၊ ဥာဏ်ပညာတိုနဲ့အတူ ဖြောင့်မတ်တည်ကြည်သော နိုင်ငံရေးသတ္တိကိုပါ တွေးဆသင်ယူနိုင်ခဲ့ကြတဲ့ တော်လှန်ပန်းပွင့်တွေရဲ့ မွေးနေ့အမှတ်တရ “ ခွန်အားဖြည့် မိငယ်” သံပြိုင်သီဆိုမှုမှတဆင့် သူမမြတ်နိုးတဲ့ ပန်းမျိုးရောင်စုံကို ကေသာထက်မှာ ပန်ဆင်နိုင်မယ့်နေ့ အမြန်ဆုံးရောက်ပါစေလို လွမ်းဆွတ်စွာဖြင့် မျှော်လင့်ဆုတောင်းကြောင်း YRF က ဆိုထားပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မတိုင်ခင်ရက်ပိုင်းကစပြီး မွေးနေ့အကြိုအထိမ်းအမှတ်အနေနဲ့ သပိတ်ကော်မတီအသီးသီးက ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။
Era’sEye/Photo/YRF