နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် အတွက် KIO ရဲ့မွေးနေ့ဆုတောင်းနဲ့ ၁၂နှစ်ကြာ က မွေးနေ့ မှတ်တမ်း ကိုထုတ်ပြန်

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာ၍ အသက်ရှည်ကာ နိုင်ငံအတွက်ပို၍ စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပေးပို့
လိုက်ပါတယ်ဟု ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဗဟိုကော်မတီက ဇွန် ၁၉ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အတွက် စာပေးပို့လိုက်ပါတယ်။

ဒါ့အပြင် လွန်ခဲ့သည့် ၁၂နှစ်က KIO ဌာနချုပ် လိုင်ဇာ၌ ကျင်းပခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အခမ်းအနား မှတ်တမ်းကိုလည်း KIO ဗဟိုကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။

၂၀၁၁ ခုနှစ် ဇွန်လ ၁၉ရက်က လိုင်ဇာ၌ ကျင်းပခဲ့သည့် မွေးနေ့ အခမ်းအနား မှတ်တမ်းကို အခြေအနေ အရပ်ရပ်ကြောင့် မပေးပို့နိုင်ခဲ့ကြောင်း၊ အဒါ ကြောင့် ယခုနှစ်မွေးနေ့မှာ အဲဒီမှမှတ်တမ်းကို ပေးအပ်လိုက်တယ်လို့ KIO ဗဟိုကော်မတီက မွေးနေ့ထုတ်ပြန် စာမှာ ဖော်ပြထားတာပါ။

ယနေ့ (ဇွန်လ ၁၉ရက်)တွင် ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၇၈နှစ်မြောက် မွေးနေ့ကိုလည်း လိုင်ဇာ၌ ကျင်းပခဲ့ကြောင်း NLD လွှတ်တော်အမတ်အချို့ကအသိပေးထားပါတယ်။

Era’sEye/(​ဒေါ်​အောင်ဆန်းစုကြည်၏ ၇၈ နှစ်​မြောက်​မွေး​နေ့အတွက် KIO ၏ ​မွေး​နေ့အခမ်းအနားမှတ်တမ်းလွှာ ၊နှင့် ၂၀၁၁ ခုနှစ်ကပြုလုပ်ခဲ့​သော ​မွေးန့အခမ်းအနား အမှတ်တရများ။ ဓါတ်ပုံ-KIO)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သားတွေရဲ့ ထပ်တိုးအခြေအနေ YDF အသိပေးကြေညာ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 22 Views
မတ်လ (၂၃)ရက်။ ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သား ကောင်းကောင်းနဲ့ ယောလင်းတို ဦးဆောင်တဲ့ လူတစုရဲ့ ထပ်တိုးအခြေအနေနဲ့ပက်သက်ပြီး ယောကာကွယ်ရေးတပ်(YDF)က ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားတယ်လို
မြန်မာသတင်း

ဖာပွန်ရှိ စစ်ကောင်စီရဲ့ ကော်သွေးကျိုးတပ်စခန်းကို KNLA ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 23 Views
မတ်လ (၂၃)ရက်။ ဖာပွန်ခရိုင် လူသောမြိုနယ်ရှိ စစ်ကောင်စီရဲ့ ကော်သွေးကျိူးတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို Rebel Bees-UAV Force ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ဇီးကုန်းမြိုမှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 22 Views
မတ်လ (၂၃)ရက်။ မနေ့က နံနက် (၈)နာရီခွဲအချိန်က ပဲခူးအနောက်ခြမ်း ဇီးကုန်းမြိုကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို အမှတ်(၂)စစ်ဆင်ရေးနယ်မြေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဇီးကုန်းကနေ ဆိုင်ကယ် (၁၂)စီးနဲ့ စစ်ကြောင်းထွက်လာတဲ့ စစ်တပ်ကို ဘဲအင်းလမ်းဆုံကို
မြန်မာသတင်း

နေပြည်တော်အဝင်ရှိ စစ်ကောင်စီရဲ့ စုပေါင်းဂိတ် အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 15 Views
မတ်လ (၂၃)ရက်။ မတ်လ (၂၁)ရက်နေ့ နေ့လယ် (၁၂)နာရီအချိန်က နေပြည်တော်အဝင်ရှိ စစ်ကောင်စီရဲ့ စုပေါင်းဂိတ်ကို အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို ဝရဇိန်တပ်ဖွဲရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရန်ကုန်-မန္တလေးလမ်းမကြီး နေပြည်တော်အဝင်က စကစရဲ့ အဖွဲစုံစစ်ဆင်ရေး
မြန်မာသတင်း

“တော်လှန်ရေးအောင်မြင်ဖို့အားလုံးစုစည်းစို့”

  • 2026 ခုနှစ်၊ မတ်လ 22 ရက်
  • 37 Views
ဒီနေ့ မတ်လ (၂၂)ရက်တနင်္ဂနွေနေ့မှာ “တော်လှန်ရေးအောင်မြင်ဖို့အားလုံးစုစည်းစို့”ခေါင်းစဥ်နဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ခြင်း (၃၉)မှာ မင်းအောင်လှိုင်က တဖက်မှာ အစိုးရဖွဲပြီး သမတတက်လုပ်တော့မယ်ဆိုပြီး တဆင့်ပြီး တဆင့်သွားနေချိန်မှာ ဒီဖက်မှာကအချင်းချင်းချနေတယ်။ အညာဒေသမှာ အင်အားရှိတဲ့ BNRA ကို NUGရဲ့ PDFတွေနဲ့ ပကဖတပ်ရင်းတွေ
မြန်မာသတင်း

တနင်္သာရီမှာ စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ကား(၂)စီး ပျက်စီးခဲ့

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 37 Views
မတ်လ (၂၁)ရက်။ မတ်လ (၁၈)ရက်နေ့ ညနေပိုင်းအချိန်က တနင်္သာရီကနေ မြိတ်ဘက်ကို ပြန်ဆင်းလာတဲ့ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကား(၇)စီးနဲ့ တနင်္သာရီကနေ မြိတ်ကို ပြန်ဆန်းလာတဲ့
မြန်မာသတင်း

ယင်းမာပင်မှာ အင်အား(၂၀၀)ကျော်ပါ စစ်တပ်‌စစ်ကြောင်း တိုက်ခိုက်ခံရပြီး (၈၀)ကျော်သေဆုံးကာ စစ်ကြောင်းဖွဲစည်းပုံပျက်စီးခဲ့

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 34 Views
မတ်လ (၂၁)ရက်။ ပြီးခဲ့တဲ့လကစပြီး ယင်းမာပင်မြိုနယ်အနောက်ပိုင်းရှိ ကျေးရွာတွေကို အင်အား(၂၀၀)ကျော်နဲ့ စစ်တပ်စစ်ကြောင်းက မီးရှိတာနဲ့ ခိုးဆိုးလုနှိက်တာတွေ လုပ်ဆောင်နေတယ်လို PDF Column 1 ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ယင်းမာပင်က ကျေးရွာတွေမှာ
မြန်မာသတင်း

ကသာမှာ စစ်ရှောင်တွေခိုလှုတဲ့ ဘုန်းကြီးကျောင်းကို စစ်တပ်ဗုံးကြဲ

  • 2026 ခုနှစ်၊ မတ်လ 21 ရက်
  • 31 Views
သံဃာတွေနဲ့ စစ်ရှောင်တွေအပါအဝင် အစုလိုက်အပြုံလိုက် သေဆုံးခဲ့ မတ်လ (၂၁)ရက်။ မနေ့က နံနက်ပိုင်းအချိန်က ကသာမြိုပေါ်ရှိ မဟာလေးထပ်ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ မနေ့က ကသာမြိုပေါ်ကို အကြမ်းဖက်စစ်တပ်က