စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက်မှာရှိတဲ့ သာစည်ရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မနေ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
အင်အား ၁၀၀ နီးရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ရပ်ကွက် ၆ ရပ်ကွက်ရှိတဲ့ သာစည်ရွာမှာ ဩဂုတ် ၁၁ ရက်ကနေ ဒီနေ့ ၁၈ ရက်အထိ နေထိုင်ပြီးနောက် လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။


ဒါ့အပြင် အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေဟာ ညတိုင်းလက်နက်ကြီးတွေနဲ့ အနီးနားကျေးရွာတွေဘက်ကို ပစ်ခတ်နေတဲ့အတွက်ကြောင့် အနီးနားကကျေးရွာတွေဖြစ်တဲ့ သာယာကုန်း၊ ရှားတော၊ သာစည်၊ ထိုမာ၊ ထောက်ကြံ့အစရှိတဲ့ကျေးရွာက ဒေသခံတွေဟာ ဗုံးခိုကျင်းတွေထဲမှာ ပုန်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
သာစည်ရွာဟာ မီးရှို့ခံရတာ ၅ ကြိမ်မြောက်ရှိပြီးဖြစ်တယ်လို့ သိရပါတယ်။
#Era’sEye \News