မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်အတွင်းက ကျေးရွာ ၄ ရွာကို စစ်ကောင်စီက ရွာလုံးကျွတ် မီးရှို့နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာ ရွာသာယာရွာက ပျူစောထီး ၃၀ ခန့်နဲ့ ရေကြောင်းကနေ လာတဲ့စစ်ကြောင်းဟာ ဟင်္သာမကျေးရွာကို နှစ်ဖက်ပိတ်ဆို့ ဝင်ရောက်ပြီးတဲ့နောက် နေ့လယ် ၁၁ နာရီလောက်မှာ ၁ မိုင်ခန့်အကွာက သဲအင်းကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့တာ လို့ သိရပါတယ်။
လက်ရှိမှာ သဲအင်း၊ ဟင်္သာမ၊ ကြက်တူရွေးရွာ၊ မြစ်ကမ်းကြီးရွာတို့ မီးရှို့ခံထားရပြီး ဒေသခံ ၅၀၀၀ ကျော်လည်း ရှောင်တိမ်းနေရတယ်လို့ ဆိုပါတယ်။
ရွာသာယာကျေးရွာက ပျူစောထီးတွေဟာ အောက်တိုဘာလ ၁၅ ရက်ကတည်းက အနီးနားကျေးရွာတွေကို ဒရုန်းနဲ့ ဗုံးလိုက်ချနေတာကြောင့် ကျေးရွာတွေက စာသင်ကျောင်းတွေပါ ပိတ်ထားရတယ်လို့ သိရပါတယ်။