Akayi Myo Thant ဖေ့စ်ဘွတ်ခ်အကောင့်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို ဖေ့စ်ဘွတ်ခ်ပို့စ်ပေါ်မှာ သူတင်ထားတဲ့ ပို့စ်တွေနဲ့ ရှယ်ထားတဲ့ပို့စ်တွေကြောင့် စစ်ကောင်စီ ထောက်လှမ်းရေးကွန်ရက်ပေါ်က ခြေရာခံမိသွားပြီး ဒီကနေ့ ဧပြီလ (၂၀) ရက်နေ့မှာ ဖမ်းဆီလိုက်ကြောင်း စစ်ကောင်စီ ထောက်လှမ်းရေးကွန်ရက်ရဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဖော်ပြထားပါတယ်။


စစ်ကောင်စီ ထောက်လှမ်းရေးကွန်ရက်ဟာ သူမရဲ့ ဖေ့စ်ဘွတ်ခ်ပို့စ်များ ကနေတဆင့် ခြေရာခံပြီး ပဲခူးတိုင်း၊ ဒိုက်ဦးမြို့က သူမရဲ့ လိပ်စာအတိအကျ ရရှိသွားတဲ့အတွက် သူမကို ဖမ်းဆီးရန် ဧပြီလ ၁၈ ရက်က စစ်ကောင်စီ
ရဲ့လုံခြုံရေးတပ်ဖွဲ့ထံ တိုင်ကြားခဲ့တဲ့အတွက် ဒီကနေ့မှာတော့ သူမကို ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။