နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

အဖမ်းဆီးခံရတဲ့ ကလေးမြို့သပိတ်အဖွဲ့ဝင်တစ်ဦးရဲ့ နေအိမ် ဖြိုချခံရ။

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ တောင်ဖီလာရပ်ကွက်ရှိ ကလေးပင်မသပိတ် စစ်ကြောင်းရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်သူ မကိမ်ဘွဲ့ (ခေါ်) ကျိန်ဒွန့်ကိမ်ရဲ့ နေအိမ်ကို ဒီကနေ့ ဧပြီလ (၁၉) ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ စစ်ကောင်စီက အင်အား ၃၀ ခန့်နဲ့ လာရောက်ပြီး ဖြိုချပစ်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။


မကျိန်ဒွန့်ကိမ်နဲ့အတူ သူမရဲ့မိခင်၊ သူမရဲ့ ဝမ်းကွဲညီမငယ်နဲ့ မောင်ငယ်တို့ကိုပါ စစ်ကောင်စီက ဖမ်းဆီးသွားတာဖြစ်ပြီး ညီမနဲ့မောင်ကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရှိရပါတယ်။

မကိမ်ဘွဲ့ (ခေါ်) ကျိန်ဒွန့်ကိမ်ဟာ ပြီးခဲ့တဲ့ ဧပြီလ (၁၆) ရက်နေ့က တပ်ဦး သီတာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမထက် တံတားဦးအနီးမှာ အတာရေအိုးများပေါ် တော်လှန်သင်္ကြန်စာသားများ ရေးထိုးပြီး ဆန္ဒပြရန် ပြင်ဆင်နေစဥ် တခြား အဖွဲ့ဝင် (၃) ဦးနဲ့အတူ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ။ ဖျက်ဆီးခံရတဲ့ မကိမ်ဘွဲ့ (ခေါ်) ကျိန်ဒွန့်ကိမ်ရဲ့ နေအိမ်ကို တွေ့ရစဉ်။ /ဓာတ်ပုံ။ Zalen, Fifty Two News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးမိတ်မြို့ စစ်တပ်လက်အောက်မကျစေဖို့ ကူညီမယ်လို့ KIA ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 17 Views
နိုဝင်ဘာလ (၁၂)ရက်။ မိုးမိတ်မြို့ကို စစ်တပ်လက်အောက်မကျစေဖို့အတွက် မဟာမိတ်တပ်ဖွဲ့တွေကို ကူညီသွားမယ်လို့ KIO/KIA ပြောခွင့်ရ ဗိုလ်မှူးကြီး နော်ဘူက ဒေသထဲသတင်းတွေကို ပြောဆိုထားတယ်လို့
မြန်မာသတင်း

စစ်တပ်အထိုင်ချထားတဲ့ ပြင်ဦးလွင်မြို့လယ်ခေါင်ရှိ ရွှေဆိုင် ဓါးပြတိုက်ခံရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 13 Views
စစ်တပ်အထိုင်ချထားတဲ့ ပြင်ဦးလွင်မြို့လယ်ခေါင်ရှိ ရွှေဆိုင် ဓါးပြတိုက်ခံရ နိုဝင်ဘာလ (၁၂)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး (၃)ရှိ
မြန်မာသတင်း

ခင်ဦးနယ်မှာ စစ်တပ်က စစ်ကြောင်း(၂)ခု တပြိုင်ထဲထိုးနေတာကြောင့် ဒေသခံ (၅၀၀၀)ကျော် ထွက်ပြေးနေရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 20 Views
နိုဝင်ဘာလ (၁၁)ရက်။ ဒီကနေ့ နံနက်ပိုင်းကစပြီး ခင်ဦးနယ်အနောက်မြောက်ခြမ်းရှိ ကျေးရွာတွေကို စစ်တပ်က အင်အား (၁၈၀)ကျော်နဲ့ စစ်ကြောင်း (၂)ခု တပြိုင်ထဲထိုးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ ကန့်ဘလူဘက်ကနေ အကြမ်းဖက်စကစ ခြေလျင်စစ်ကြောင်း (၁၀၀)ကျော်နဲ့ ရေဦးမြို့ကနေ
မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ (၇)ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 35 Views
နိုဝင်ဘာလ (၁၁)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က မြိုင်နယ်အနောက်တောင်ပိုင်းမှာ အင်အား (၁၈၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ (၇)ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။ “ အင်အား (၁၈၀)ခန့်ပါတဲ့ ပခုက္ကူတပ်မ(၁၀၁)က စခစစ်ကြောင်းတွေ တွင်းမပျူရွာနဲ့
မြန်မာသတင်း

ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေကို အထူးတိုင်းစစ်ဌာနက လက်နက်တပ်ဆင်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 35 Views
နိုဝင်ဘာလ (၁၁)ရက်။ မနေ့က ပဲခူးတိုင်းရှေ့တန်းစခန်းတခုမှာ ရန်ကုန်၊ မွန်နဲ့ ပဲခူးခရိုင် ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ အထူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကြောင်းတွေဟာ အထူးတိုင်းစစ်ဌာနရဲ့ တိုင်းစစ်ဌာနစစ်ဆင်ရေးကွပ်ကဲမှုအောက်မှာ ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေအနေနဲ့ ဆောင်ရွက်နေတာလို့ ဆိုပါတယ်။ အဲ့ဒီအခမ်းအနားကို အထူးတိုင်းစစ်ဌာနရဲ့
မြန်မာသတင်း

KNU ရဲ့ ဒူးသထူခရိုင်ဥက္ကဋ္ဌအပါအဝင် (၂၂)ဦးကို ‌ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ စစ်တပ် အမှုဖွင့်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 30 Views
နိုဝင်ဘာလ (၁၁)ရက်။ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ဒူးသထူခရိုင်ဥက္ကဋ္ဌ ပဒိုစောမြင့်အပါအဝင် (၂၂)ဦးကို ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုဝင်ဘာလ (၅)ရက်နေ့က KNU ရဲ့ ဒူးသထူခရိုင်ကနေ အခုနှစ်ကုန်မှာ စစ်တပ်က ကျင်းပဖို့ရှိနေတဲ့
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူတွေကို အရေးယူမယ်လို့ MSFC သတိပေး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 26 Views
နိုဝင်ဘာလ (၁၁)ရက်။ စစ်အုပ်စု ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ “ ဖက်ဆစ်လူရွေးပွဲ” ဖြစ်ပြီး အတုအယောင်ရွေးကောက်ပွဲသာဖြစ်တယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)က မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအတုအယောင်ရွေးကောက်ပွဲဟာ နောက်ထပ်နှစ်ပေါင်းများစွာ နိုင်ငံကို စစ်ကျွန်ပြုဖို့၊ လက်နက်ကိုင် လူသတ်လိုင်စင်ရယူဖို့နဲ့ စစ်အာဏာရှင်စနစ်
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ တရားမျှတမှုမရှိတာကို ပြည်သူ (၉၈)ရာခိုင်နှုန်း ယုံကြည်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 67 Views
နိုဝင်ဘာလ (၁၀)ရက်။ အခုနှစ်ကုန် စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ပြည်သူ့သဘောထားစစ်တမ်းတရပ်ကို ကောက်ယူခဲ့တယ်လို့ GSCB ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီပြည်သူ့သဘောထားစစ်တမ်းကို ‌ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း(Platform for People Movement)က အောက်တိုဘာလ (၂၇)ရက်နေ့ကစပြီး နိုဝင်ဘာလ