စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အောင်ချမ်းသာ၊ ကံသစ်ကျေးရွာနဲ့ ရွှေဘိုမြို့နယ်က လိပ်ရကုန်းကျေးရွာတို့ကို စစ်ကောင်စီတပ်တွေက မေ ၁၉ ရက်မှာ စစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့သိရပါတယ်။
စစ်တပ် က အခုလို စစ်ကြောင်းထိုးတာကြောင့် ဒေသခံ နှစ်ထောင်ဝနးကျင် လောက် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။





စစ်တပ်က အင်အား ၁၀၀ ဝန်းကျင်ရှိပြီးပျူစောထီးအဖွဲ့ဝင်တွေ လည်း ပါဝင်ကာ ရွှေဘိုမြို့နယ် ညောင်ပင်သာစိုက်ပျိုးရေးကျောင်းကနေ ထွက်လာကြတာလို့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့ မေလ ၂၀ရက်နေ့နံနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်တွေက ရွာတွေထဲဝင်ပြီး မီးရှို့နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
Era’sEyes /Photo /CRD