နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်

မြန်မာသတင်း

မြန်မာသတင်း

မွန်ပြည်သစ်ပါတီ NMSP က PPST တွင် ပါဝင်မှု ရပ်ဆိုင်းထား၊ စစ်ကောင်စီနဲ့ ဆက်လက်ဆွေးနွေးခြင်းမရှိ

မွန်ပြည်သစ်ပါတီ (NMSP) က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) တွင် ပါဝင်မှုရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။


တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ် (NCA) လက်မှတ်ရေးထိုးပြီးနောက် ကရင်အမျိုးသားအစည်းအရုံး (KNU) အပါအဝင် အပစ်ရပ် (၁၀) ဖွဲ့ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် PPST ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် (၇) ဖွဲ့သာ ပါဝင်မှုရှိရာ အခု NMSP က ထပ်မံနုတ်ထွက်လိုက်တာလည်း ဖြစ်ပါတယ်။

အခုလို PPST မှ နုတ်ထွက်ခြင်းမှာ စစ်ကောင်စီနဲ့ ဆွေးနွေးရာမှာ စစ်ကောင်စီဘက်က တစ်ဖက်သတ်ဆန်စွာ ဆွေးနွေးမှုနှင့် သက်ဆိုင်တယ်လို့ သိရပါတယ်။

NMSP အဖွဲ့က PPST တွင် ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ပြန်လည်သုံးသပ်ရန် ယင်းအဖွဲ့ရဲ့ဗဟိုကော်မတီထံ စာပို့သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

PPST တွင် ကျန်​နေတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဟာ NCA လက်မှတ်ထိုးထားခြင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းလျက် ရှိနေပါတယ်။

Era’sEyes / lနေပြည်​တော်တွင် ၂၀၂၂ ခုနှစ်က အာဏာသိမ်းစစ်​ကောင်စီ​​ခေါင်း​ဆောင်များနှင့်​ဆွေး​နွေးခဲ့​သော မွန်ပြည်သစ်ပါတီမှ ခေါင်း​ဆောင်အချို့ / NMSP လက်​အောက်ခံ တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-စစ်​ကောင်စီ /Burma Link )

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ (၇)ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 17 Views
နိုဝင်ဘာလ (၁၁)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က မြိုင်နယ်အနောက်တောင်ပိုင်းမှာ အင်အား (၁၈၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ (၇)ရွာထက်မနည်းက ဒေသခံတွေ
မြန်မာသတင်း

ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေကို အထူးတိုင်းစစ်ဌာနက လက်နက်တပ်ဆင်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 17 Views
နိုဝင်ဘာလ (၁၁)ရက်။ မနေ့က ပဲခူးတိုင်းရှေ့တန်းစခန်းတခုမှာ ရန်ကုန်၊ မွန်နဲ့ ပဲခူးခရိုင် ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ အထူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

KNU ရဲ့ ဒူးသထူခရိုင်ဥက္ကဋ္ဌအပါအဝင် (၂၂)ဦးကို ‌ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ စစ်တပ် အမှုဖွင့်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 15 Views
နိုဝင်ဘာလ (၁၁)ရက်။ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ဒူးသထူခရိုင်ဥက္ကဋ္ဌ ပဒိုစောမြင့်အပါအဝင် (၂၂)ဦးကို ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုဝင်ဘာလ (၅)ရက်နေ့က KNU ရဲ့ ဒူးသထူခရိုင်ကနေ အခုနှစ်ကုန်မှာ စစ်တပ်က ကျင်းပဖို့ရှိနေတဲ့
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူတွေကို အရေးယူမယ်လို့ MSFC သတိပေး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 16 Views
နိုဝင်ဘာလ (၁၁)ရက်။ စစ်အုပ်စု ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ “ ဖက်ဆစ်လူရွေးပွဲ” ဖြစ်ပြီး အတုအယောင်ရွေးကောက်ပွဲသာဖြစ်တယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)က မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအတုအယောင်ရွေးကောက်ပွဲဟာ နောက်ထပ်နှစ်ပေါင်းများစွာ နိုင်ငံကို စစ်ကျွန်ပြုဖို့၊ လက်နက်ကိုင် လူသတ်လိုင်စင်ရယူဖို့နဲ့ စစ်အာဏာရှင်စနစ်
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ တရားမျှတမှုမရှိတာကို ပြည်သူ (၉၈)ရာခိုင်နှုန်း ယုံကြည်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 63 Views
နိုဝင်ဘာလ (၁၀)ရက်။ အခုနှစ်ကုန် စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ပြည်သူ့သဘောထားစစ်တမ်းတရပ်ကို ကောက်ယူခဲ့တယ်လို့ GSCB ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီပြည်သူ့သဘောထားစစ်တမ်းကို ‌ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း(Platform for People Movement)က အောက်တိုဘာလ (၂၇)ရက်နေ့ကစပြီး နိုဝင်ဘာလ
မြန်မာသတင်း

မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းတို့မှာ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူတွေ ကြိုတင်ပြင်ဆင်ကြဖို့ MDY-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 36 Views
နိုဝင်ဘာလ (၁၀)ရက်။ အကြမ်းဖက်စစ်အုပ်စုဟာ ရွေးကောက်ပွဲမတိုင်ခင် သာလွန်အင်အားများစွာ အသုံးပြုပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေကို အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုက ရွေးကောက်ပွဲပြုလုပ်ဖို့ လျာထာတဲ့ မြို့နယ်တွေစာရင်းထဲ MDY-PDF
မြန်မာသတင်း

တော်လှန်ရေး အဆုံးသတ်ပန်းတိုင် သိပ်မလိုတော့ဘူးလို့ NUG ဝန်ကြီးချုပ်‌ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 32 Views
နိုဝင်ဘာလ (၁၀)ရက်။ တော်လှန်ရေး အဆုံးသတ်ပန်းတိုင် သိပ်မလိုတော့ဘူးလို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ ရန်ကုန်လွှတ်တော်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နွေဦးတော်လှန်ရေးခရီးဟာ အခုဆိုရင် ၅နှစ်ထဲကို ရောက်လာပြီဖြစ်သလို တော်လှန်ရေး အဆုံးသတ်
မြန်မာသတင်း

ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ မွေးနေ့အထိန်းအမှတ်အနေနဲ့ မူဆလင် (၈၂)ဦးကို ပြန်လွှတ်ပေး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 28 Views
နိုဝင်ဘာလ (၁၀)ရက်။ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ မွေးနေ့အထိန်းအမှတ်အနေနဲ့ ပြစ်ဒဏ်ကျသူတွေနဲ့ ထိန်းသိမ်းခံထားရတဲ့ မူဆလင် (၈၂)ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ပြန်လွှတ်ပေးခဲ့တဲ့ မူဆလင်တွေဟာ ပြီးခဲ့တဲ့နှစ် တိုက်ပွဲ‌တွေထဲ အကြမ်းဖက်စစ်ကော်မရှင်တပ်အပါအဝင် ARSA