နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကနီတွင် ကင်းလှည့်နေတဲ့ရဲစစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ သုံးဦးသေဆုံး

စစ်ကိုင်းတိုင်း ကနီမြို့နယ်၊ ရပ်ကွက် (၃) သုံးဒေါင့်ချွန်၊ ကြို့ပင်လှရပ်ကွက်တွင် ကင်းလှည့်နေတဲ့ အင်အား ၁၇ ဦးပါ ရဲတပ်ဖွဲ့ဝင်တွေကို မနေ့မနက် ၇ နာရီခန့်မှာ စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့တယ်လို့ Department of Information – DRPA ထံမှ သိရပါတယ်။

အဲဒီပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး၊ G3 သေနတ် ၁ လက်၊ G3 ကျည် ၉၀၊ ကျည်ဘောက် ၃ ခု၊ ဖုန်း၁လုံး၊ စကားပြောစက် ၁ လုံး၊ ငွေကျပ် ၂ သိန်းနှင့် ကျည်ကာ ၂ ထည် သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။

ကနီစစ်ကောင်စီအထိုင်စခန်းမှ တိုက်ပွဲနှင့် သက်ဆိုင်ခြင်းမရှိတဲ့ ယာကြီးကျေးရွာသို့ မနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ပြည်သူ ၁ ဦး ကျည်ထိမှန်သေဆုံးခဲ့ကာ ၁ ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

KK Park ကနေ အကျိုးအမြတ်ရနေတယ်လို့ စစ်အုပ်စုရဲ့ စွပ်စွဲချက် KNU ငြင်းဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 0 Views
အောက်တိုဘာလ (၂၇)ရက်။ ထိုင်း-မြန်မာနယ်စပ်ရှိ KK Park ကနေ အကျိုးအမြတ်ရရှိတယ်ဆိုပြီး စစ်အုပ်စုက စွပ်စွဲထားတဲ့အပေါ် ကရင်အမျိုးသားအစည်းအရုံး(KNU)က မနေ့က ထုတ်ပြန်ငြင်းဆိုထားတယ်လို့
မြန်မာသတင်း

ရန်ကုန်မှာ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ဆန့်ကျင်သူ (၃)ဦး အကြမ်းဖက်ဖမ်းဆီးခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 27 ရက်
  • 29 Views
အောက်တိုဘာလ (၂၅)ရက်။ ရန်ကုန်မှာ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လူငယ် (၃)ဦး အကြမ်းဖက်ဖမ်းဆီးခံခဲ့ရတယ်လို့ ရွှေပြည်သာသပိတ်ကော်မတီရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

SpaceX မှ မြန်မာ လိမ်လည်မှုစခန်းများ အသုံးပြုနေသော Starlink ကိရိယာ ထောင်ပေါင်း များစွာကို အသုံးပြု၍မရအောင် ပိတ်ဆို့လိုက်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 50 Views
CNN – ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက် အီလွန် မတ်စ် (Elon Musk) ဦးဆောင်သည့် SpaceX ကုမ္ပဏီက မြန်မာနိုင်ငံ၏ ဥပဒေမဲ့ဒေသ တစ်ခုတွင် လည်ပတ်နေသော ဆိုက်ဘာလိမ်လည်မှု ဂိုဏ်းများ
မြန်မာသတင်း

စစ်တပ်က ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့အပေါ် အထူးစိုးရိမ်တယ်လို့ KIO ဥက္ကဋ္ဌပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 49 Views
အောက်တိုဘာလ (၂၅)ရက်။ စစ်တပ်ရဲ့ အခုနှစ်ကုန် ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲအပေါ် အထူးစိုးရိမ်နေတယ်လို့ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ဒီကနေ့ ကချင်လွတ်လပ်ရေးအဖွဲ့ (၆၅)နှစ်ပြည့်မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ မြန်မာနိုင်ငံထဲမှာ ရွေးကောက်ပွဲပြုလုပ်ဖို့
မြန်မာသတင်း

PPP ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ရွေးကောက်ပွဲဝင်ခွင့်မရဘူးလို့ သတင်းထွက်ပေါ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 40 Views
အောက်တိုဘာလ (၂၅)ရက်။ စစ်တပ်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ‌ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဝင်ပြိုင်ခွင့်မရဘူးဆိုပြီး ‌သတင်းတွေထွက်ပေါ်နေတယ်လို့ သိရပါတယ်။ ဒေါ်သက်သက်ခိုင်ဟာ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ်(၂)မှာ ဝင်ပြိုင်ဖို့ရှိနေပေမယ့် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ အမည်စာရင်းမှာ ပါဝင်လာတာမရှိဘူးလို့ ဆိုပါတယ်။ အခုလို
မြန်မာသတင်း

ကျားဖြန့်‌(ခေါ်)အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်တပ်ထောက်တိုင်တွေအနေနဲ့ တိုက်ဖျက်သွားမယ်လို့ စစ်ကိုင်းဖိုရမ်ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 25 Views
အောက်တိုဘာလ (၂၅)ရက်။ ကျားဖြန့်(ခေါ်)အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို စစ်တပ်ထောက်တိုင်တွေအနေနဲ့ တိုက်ဖျက်သွားမယ်လို့ စစ်ကိုင်းဖိုရမ်ဖက်ဒရေးရှင်းက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ကျားဖြန့်(ခေါ်)အွန်လိုင်းငွေလိမ်တဲ့ဖြစ်စဉ်တွေဟာ ဒေသထဲပြည်သူရဲ့ အကျိုးစီးပွားကို ထိခိုက်၊ ယုတ်လျော့စေရုံသာမက ဦးစီးလုပ်ကိုင်သူတွေဟာ လူဆိုးဂိုဏ်းကြီးတွေအနေနဲ့ ကြီးထွားလာပြီး နိုင်ငံတကာအသိုက်အဝိုင်းရဲ့ အကျိုးစီးပွားကိုပါ ထိပါးလာတယ်လို့
မြန်မာသတင်း

ရေကြည်မြို့မှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ကလေးသူငယ်နဲ့ စစ်ဘေးရှောင်တွေအပါအဝင် ပြည်သူ (၂၄)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 29 Views
အောက်တိုဘာလ (၂၅)ရက်။ မနေ့က ရေကြည်မြို့ စပြင်ရွာကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ပေါင် (၅၀၀)ဗုံးအပါအဝင် ဗုံး(၅)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းတွေထံက သိရပါတယ်။ “ မနေ့က စပြင်ရွာကို နံနက်(၁၁)နာရီခွဲမှာ ပေါင်(၅၀၀)ဗုံး (၂)လုံးနဲ့
မြန်မာသတင်း

CDF-Kanpetlet စစ်ဦးစီးချုပ် မင်္ဂလာ‌ဆောင် ဗုံးကြဲခံရပြီး ထိခိုက်သေဆုံးသူ အများအပြားရှိခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 25 ရက်
  • 24 Views
အောက်တိုဘာလ (၂၄)ရက်။ ဒီကနေ့ နံနက် (၉)နာရီအချိန်က ကန်ပက်လက်မြို့မှာ CDF-Kanpetlet စစ်ဦးစီးချုပ်ရဲ့ မင်္ဂလာဆောင်ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ CDF-Kanpetlet ရဲ့ စစ်ဦးစီးချုပ် ဆလိုင်းအောင်လိန်းရဲ့ မင်္ဂလာဆောင်ကျင်းပတဲ့နေရာကို