စစ်ကိုင်းတိုင်း ကလေးမြို့နယ် သာစည်ကျေးရွာကို စစ်ကောင်စီက ငါးရက်ဆက်တိုက် မီးရှိ့နေပြီး ကျေးရွာအတွင်း သတ်ဖြတ်ထားတဲ့ ရုပ်အလောင်းငါးခု တွေ့ရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
စစ်ကောင်စီနဲ့ ပျူ အင်အား (၂၀၀)လောက်ဟာ ဩဂုတ် (၁၅)ရက်က စတင်ပြီး ကလေးမြို့နယ် သာစည်ရွာအတွင်း စီးနင်းဝင်ရောက် လုယက်မီးရှို့နေတာ ဖြစ်ပြီး လက်ရှိအခြေအနေအရ ကျေးရွာအတွင်း သတ်ဖြတ်ခံထားရသူ ငါးဦး ရှိသလို ရွာရဲ့ သုံးပုံနှစ်ပုံဖြစ်တဲ့ အိမ်ခြေ (၈၀၀)ကျော် မီးလောင်ပြာကျ ပျက်စီးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
သာစည်ရွာအတွင်း စစ်အုပ်စု သတ်ဖြတ်ထားသူ ငါးဦး ရှိတာ အတည်ပြုနိုင်ပြီး ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
သာစည်ကျေးရွာဟာ ပေါက်တိုက်၊ယောတိုက်၊စလင်း၊ရွာမ ၊စမ်းချောင်း ကျောက်ကုန်း ရပ်ကွက် ခြောက်ခုရှိပြီးတော့ အိမ်ခြေ(၁၅၀၀)ခန့်ရှိတဲ့ ရွာကြီး တရွာ ဖြစ်ပါတယ်။
Era’sEye\News