နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

ထန်တလန်တိုက်ပွဲ စစ်တပ်ဘက်က လက်နက်တွေ သိမ်းဆည်းရမိ

ချင်းပြည်နယ် ထန်တလန်မြို့နယ်က စစ်ကောင်စီတပ်စခန်းကို ချင်းပူးပေါင်းတပ်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဆီက လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဩဂုတ် ၁၄ရက်က စစ်ကောင်စီရဲ့ ဟောင်ကာဘုံးစခန်းကို ချင်းအမျိုးသား တပ်မတော်(CNA)၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ထန်တလန်၊ CDF-ဇိုဖေတို့က ဝင်ရောက်စီးနင်းခဲ့ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး နှစ်ဦးကို အရှင်ဖမ်းမိခဲ့တာပါ။

အဲဒီစခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ငယ် သုံးလက်၊ RPG နှစ်လက်နှင့် ကျည်ခဲယမ်းများ သိမ်းဆည်းနိုင်ခဲ့တယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖော်ပြထားပါတယ်။

ဒါ့အပြင် အဲဒီတိုက်ပွဲအတွင်းမှာ ချင်းပူးပေါင်းတပ် တော်လှန်ရေး ရဲဘော် ငါးဦးကျဆုံးခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

Era’sEye\ဓာတ်ပုံ – The Chin Journal

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အာဆီယံအထူးသံတမန်ကို အကျဉ်းကျသူတွေနဲ့ တွေ့ခွင့်မပေးနိုင်ဘူးဆိုပြီး စစ်ကော်မရှင်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 34 Views
အောက်တိုဘာလ (၃၀)ရက်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ရဲ့ ခရီးစဉ်တွေမှာ အကျဉ်းကျသူတွေနဲ့တော့ တွေ့ဆုံခွင့်မပေးနိုင်ဘူးဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ထုတ်ပြန်ပြောဆိုထားတယ်လို့ သိရပါတယ်။
မြန်မာသတင်း

ဒါရိုက်တာမိုက်တီးအပါအဝင် (၃)ဦးကို ရွေးကောက်ပွဲ နှောက်ယှက်တာကြောင့်ဆိုပြီး စစ်တပ် ဖမ်းဆီး

  • 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 17 Views
အောက်တိုဘာလ (၃၀)ရက်။ ဒါရိုက်တာမိုက်တီးအပါအဝင် ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်(ခ)ကျော်မင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ MDY-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 42 Views
အောက်တိုဘာလ (၂၉)ရက်။ ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ်ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ MDY-PDF အနေနဲ့ စတင်စုဖွဲ့ချိန် ၂၀၂၁ခုနှစ်ကစပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့နဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုးနိုင်ဖို့အတွက် တစိုက်မတ်မတ် တိုက်ပွဲဝင်နေတယ်လို့
မြန်မာသတင်း

ကျောက်မြောင်းနဲ့ စဉ့်ကူးမြို့ကို ဆက်သွယ်ထားတဲ့ ဧရာဝတီတံတား(ရတနာသိခ်) မိုင်းခွဲခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 43 Views
အောက်တိုဘာလ (၂၉)ရက်။ မနေ့က ည (၁၂)နာရီကျော်အချိန်က စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းကို ဆက်သွယ်ထားတဲ့ ဧရာဝတီတံတား(ရတနာသိခ်) မိုင်းခွဲခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ ည (၁၂)ကျော်လောက်မှာ ‌စစ်ကိုင်း ကျောက်မြောင်းနဲ့ မန္တလေး စဉ့်ကူးမြို့ကို ဆက်ထားတဲ့
မြန်မာသတင်း

ကူးမင်းဆွေးနွေးပွဲမှာ စစ်တပ်နဲ့ အပစ်ရပ်ရေးထိုးခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 40 Views
အောက်တိုဘာလ (၂၉)ရက်။ အောက်တိုဘာလ (၂၇)ရက်နဲ့ (၂၈)ရက်နေ့က တရုတ်ရဲ့ ကြားဝင်စေ့စပ်တာနဲ့ ကူမင်းမြို့မှာ စစ်တပ်နဲ့ ဆွေးနွေးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ (၂)ရက်တာတွေ့ဆုံပွဲမှာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းရဲ့ ကြားဝင်စေ့စပ်တာကြောင့်
မြန်မာသတင်း

အနုပညာအမည်ခံ အကြမ်းဖက်စစ်တပ် လက်ကိုင်တုတ်တွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတွေ ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 31 Views
အောက်တိုဘာလ (၂၉)ရက်။ အကြမ်းဖက်စစ်အုပ်စုရဲ့ ‌ရွေးကောက်ပွဲကို ‌အားပေးကူညီပြီး တော်လှန်ရေးကို ပုံဖျက်တဲ့ ဝါဒဖြန့် အနုပညာရှင်တွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့ ရန်ကုန်မြို့ပြပြောက်ကျားတွေက ဒီကနေ့မှာ သတိပေးထားတယ်လို့ သိရပါတယ်။ သူတို့ဟာ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေပြီး လူထုရဲ့ အသက်အိုးအိမ်ကို
မြန်မာသတင်း

ကော်သူးလေနယ်မြေထဲ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားနေအိမ် (၁၀၀)ကျော်ကို မီးရှို့ဖျက်ဆီးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 28 Views
အောက်တိုဘာလ (၂၉)ရက်။ ကော်သူးလေနယ်မြေထဲ စစ်တပ်က စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ‌ပြီးခဲ့တဲ့ အောက်တိုဘာလ (၂၅)ရက်နေ့က မြိတ်-ထားဝယ်ခရိုင် ကစယ်ဒိုမြို့ရှိ သရက်ချောင်းနယ်မြေကို စစ်တပ်ရဲ့ တပ်ရင်း
မြန်မာသတင်း

ဒီ‌ကနေ့ကစပြီး ဒီဇင်ဘာလ (၃၁)ရက်အထိ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက် ဆန့်ကျင်တဲ့ကာလအနေနဲ့ သတ်မှတ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 44 Views
အောက်တိုဘာလ (၂၈)ရက်။ ဒီကနေ့ကစပြီး ဒီဇင်ဘာလ (၃၁)ရက်အထိ စစ်အုပ်စုရဲ့ အတုအယောင် ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်တဲ့ ကာလအနေနဲ့ သတ်မှတ်ထားတယ်လို့ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB)က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုဟာ အကြမ်းဖက်မှုပေါင်းစုံ ကျင့်သုံးကာ မတရားအာဏာသိမ်းချိန်ကစပြီး ဒီကနေ့အထိ