နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 25 ရက်

ဆောင်းပါးများ

ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ

အောက်ခြေမှ အန်ထွက်လာသော ခံစားချက်များ

အုပ်ချုပ်ရေးဘက်က တုန့်ပြန်ဆောင်ရွက်မှု အားနည်းပြီး ခေါင်းဆောင်မှု လွဲနေသူများနဲ့သာ အုတ်ရောရော ကျောက်ရောရော မျှောချနေတာ သုံးနှစ်တိုင်တော့မယ်လို့ တွေးမိတိုင်း အရိုးနာ အမျိုးပါဆံချင်ပေါ့လေး အချုပ်တန်းဆရာဖေ ကဗျာချိုးနဲ့ တောက် …… တွင်တွင် ခေါက်မိလေတော့တယ်။

အစကနဦး ကျနော်ပျိုးလာတဲ့ ပညာရေးကဏ္ဍအကြောင်း ဘယ်လိုဖြည့်တင်းမလဲ မပြောခင်မှာ အဖွဲ့အစည်း၊ ကော်မတီတရပ်ကို ဦးဆောင်တဲ့ခေါင်းဆောင်မှုအကြောင်း ပြောချင်ပါတယ်။


ဒီကနေ့ လက်နက်ကိုင်တော်လှန်ရေး၊ အာဏာရအစိုးရတရပ်ဖြစ်ရေး၊ အဖွဲ့အစည်းအတွင်း ညီညွတ်ရေးနှင့် ပြည်သူလူထုရဲ့ အကျပ်အတည်းကို သက်သာချောင်ချိလာရေး အတွက် ဦးဆောင်နေတဲ့ ခေါင်းဆောင်တွေရဲ့ အရည်အချင်းကို မေးခွန်းထုတ်မကြည့်ခင် “All about Politics” (နိုင်ငံရေးနှင်ပတ်သက်သမျှများအားလုံး) ဆိုတဲ့ စာအုပ်ထဲကနေ နိုင်ငံရေး ဆောင်ရွက်သူတို့ရဲ့ အကြမ်းဖျင်းရှိရမယ့် ခေါင်းဆောင်မှု အနုပညာအကြောင်း အကျဉ်းချုပ် ပြောပြပေးပါ့မယ်။

၁။ မြို့တော်အရေး ဝင်ရောက်ဆောင်ရွက်သူဟာ နိုင်ငံရေးသမား ဖြစ်ပါတယ်။ ဆိုလိုတာက လူထုအကျိုး ဆောင်ရွက်ပေးနေသူဟာ နိုင်ငံရေးသမားလို့ ခေါ်တယ်ပေါ့ဗျာ။

၂။ နိုင်ငံရေးသမားဖြစ်သူသည် အောင်စိတ်ရှိရမယ်။ အောင်မြင်ချင်တဲ့ စိတ်ဆန္ဒက နိုင်ငံရေးသမားအတွက် အဓိကသော့ချက်ပေါ့ဗျာ။

၃။ လူထုရှေ့ စကားပြောနိုင်တဲ့သူ ဖြစ်ရမယ်။ တနည်းပြောရင် စကားပြောစွမ်းရည်ကောင်းမှ လူထုကိုစည်းရုံးပေးနိုင်မှာကိုးဗျ။

၄။ လူထုလိုအပ်ချက်သိအောင် ကြိုးစားရမယ်။ လူထုလိုအပ်ချက်ကို ဖြည့်တင်းပေးနိုင်ရမယ်။

၅။ အရေထူရမယ်။ မိမိကို ဘယ်သူကပဲ တိုက်ခိုက်ဝေဖန်ပါစေ၊။ သည်းခံနိုင်ရမယ်။ သမတဟင်နရီထရူးမင်းက “မီးပူမခံနိုင်ရင် မီးဖိုချောင်ထဲ မဝင်ပါနဲ့” လို့ ပြောထားပါတယ်။

၆။ နိုင်ငံရေးလုပ်သူဟာ အုပ်ချုပ်ရေးပညာကို ဆည်းပူးလေ့လာထားရမယ်။ ဒါမှမဟုတ် အုပ်ချုပ်ရေးနဲ့ လိုက်လျော ညီထွေအောင် ဆောင်ရွက်တတ်ရမယ်။

၇။ နိုင်ငံရေးလုပ်သူဟာ ဖြစ်နိုင်သည် ရနိုင်သည်ကို အမှန်တကယ် ဖြစ်အောင် ဆောင်ရွက်ပေးရမယ်။ စိတ်ကူးကောင်းတိုင်း စိတ်ကူး၍ လုပ်ဆောင်တာမျိုး မဖြစ်ရပါ။ လက်တွေ့ဖြစ်ပျက်နေတာကို လက်ခံရမယ်။ ဖြစ်ပေါ်နေတဲ့အခြေအနေကို အလျဉ်းသင့်သလို ဆောင်ရွက်နိုင်ရမယ်။

အပေါ်က (၇) ချက်ဟာ ပေါလီယစ်နဲ့ ဝီလီယမ် ပီ စတာပမ်ကာစ် တို့ရဲ့ All about Politics ထဲက ခေါင်းဆောင်မှု ခေါင်းဆောင်ကောင်းတယောက်ရဲ့ အရည်အချင်း အကြမ်းဖျင်းပါ။ နိုင်ငံရေးလုပ်သူဟာ ဘွဲ့ရပညာတတ်မှ ဦးဆောင် ဆောင်ရွက်ရတာမျိုး ဘယ်နိုင်ငံမှ မကြားဖူးသေးပါဘူး။ အကြမ်းဖျဉ်းအားဖြစ် စာရေးတတ်၊ စာဖတ်တတ်ပြီး လူထုကို စည်းရုံးခေါင်းဆောင်ပေးနိုင်သူ ဘယ်သူမဆို ဖြစ်နိုင်ပါတယ်။ အပေါ်က အချက်တွေနဲ့ ကိုက်ညီမယ်ဆိုရင်လည်း နိုင်ငံရေးသမား မည်ထိုက်ပါတယ်။

ဆိုတော့ဗျာ နိုင်ငံရေးခေါင်းဆောင်၊ လူထုအကျိုးဆောင်ရွက်နေသူ မည်သူတဦးတယောက်မဆို ခေါင်းဆောင်မှု ပညာပြည့်ဝရပါမယ်။

ဒီကနေ့ အခင်းအကျင်းဆို ပိုဆိုးပေါ့ဗျာ။ လက်နက်ကိုင်တော်လှန်ရေးပါ ထည့်သွင်းစဉ်းစားရတော့ ကျနော်တို့ တော်လှန်ရေးမှာ အထိအရှ မခံတာမျိုးတွေ ပူးတွဲပါနေပါတယ်။ ဒီတော့ ခေါင်းဆောင်မှု အရည်အချင်း ပြည့်ဝသူ မဟုတ်တဲ့သူတွေ အစိုးရတရပ် အာဏာရရေး၊ လက်နက်ကိုင်တော်လှန်ရေး၊ ပညာရေးကဏ္ဍ၊ လူထုဆန္ဒဆိုရာတွေမှာ နေရာယူထားတဲ့ ကျနော်တို့ တော်လှန်ရေးနဲ့ ထူထောင်ရေးဟာ ကြန့်ကြာနေတယ်လို့ သုံးသပ်ပါတယ်။ မင်းက ဘာမို့လို့ ဒီလို ဝေဖန်တာလဲ။ မင်းကော ဦးဆောင်ဖူးလို့လား။ လာမေးလှည့်ပါ။ လက်နက်ကိုင်တော်လှန်ရေးနဲ့ ပညာရေးကဏ္ဍအရွေ့မှာ ကျနော်က ဦးစီးဆောင်ရွက်နေသူမို့ ကျနော်အတွေ့အကြုံကနေ အပေါ်ကပြဿနာတွေကို စီကူးပြနေတာပါ။

အဲ့တော့ဗျာ ပန်းကိုလိုရင် အပင်ပျိုးတတ်မှ ရပါလိမ့်မယ်။ နိုင်ငံနဲ့ချီပြီး ခေါင်းဆောင်နေသူတွေဟာ Ph.D ဘွဲ့ရမိုးကျရွှေကိုယ် နိုင်ငံရေးသမား ဘုရားစူးနိုင်ငံရေးသမားတွေ ဖြစ်တာကြောင့် NUG ရဲ့ ခြေလှမ်းတိုင်းဟာ စိတ်ကူးကောင်းတိုင်း ပန္နက်ရိုက်နေတဲ့ အိမ်တလုံး ဖြစ်နေပြီး ဖောင်ဒေးရှင်း (အုတ်မြစ်) မခိုင်ဘဲ ဖြစ်နေပါတယ်။ လူထုဆန္ဒနဲ့ လုံးလုံးသွေဖည်လာကာ ခေါင်းဆောင်မှုပညာ မတတ်ကြောင်း ဘွင်းဘွင်းကြီး ဝေဖန်ပါရစေတော့ဗျာ။

ကျနော်တို့ ပြည်သူဟာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး မာပါတယ်။ ဒါပေမဲ့ ပြည်သူဟာ မာနိုင်သလောက်ပဲ မာနိုင်မှာပါ။ လူထုမပါတဲ့ တော်လှန်ရေးဟာ ကျဆုံးရမြဲပါ။ လူထုပါတဲ့ တော်လှန်ရေး ကျဆုံးခန်း ဖြစ်လာရင်တော့ ခေါင်းဆောင်မှု အမှားကြောင့်ပဲ ဖြစ်ပါလိမ့်မယ်။

မြေပြင်အခြေအနေနဲ့ ကွာဟနေတဲ့ လူထုရဲ့ဆန္ဒနဲ့ ဦးတည်ချက် လူထုအကျပ်အတည်းကို ပိုပြီးဝန်ပိစေတဲ့ NUG ရဲ့ မှားနေတဲ့ လုပ်ဆောင်ချက်များကို ပြင်ဆင်ဆောင်ရွက်စေချင်ပါတယ်။ နိုင်ငံအားဟာ လူငယ်တွေပါ။ လူငယ်တွေ ရဲ့ ပညာဉာဏ်အခန်းကဏ္ဍ လူထုရဲ့ ပညာရေးကဏ္ဍဟာ တစတစ မေးမှိန်ပျောက်ကွယ်လာနေပြီး စကစကျောင်းတွေမှာ ကျောင်းတက်နေလာကြတာ မြင်ရကြားရတာ အဆင်မပြေပါ။

ငါတို့နိုင်ဖို့ဆို ငါတို့ပြည်သူတွေရဲ့ လိုအပ်ချက် မြေပြင်လိုအပ်ချက်ကို သိအောင်မကြိုးစား သင့်ပေဘူးလား။ မြေပြင်ဆင်းခိုင်းပြီး မြေပြင်ကို သြဝါဒပေးတာ မျိုးက စကစ နည်းဟောင်းချည်းပါ။ လူထုခေါင်းဆောင်တွေလို့ ခံယူထားမယ်ဆိုရင် အခုလို အရေးပေါ် အခြေအနေတွေကို စိတ်ကူးကောင်းတိုင်း မှန်းဆရမ်းလုပ်နေမှာ မဟုတ်။ မြေပြင်ပူးတွဲပါတဲ့ ခေါင်းဆောင်မှု ပညာများနဲ့သာ ဆောင်ရွက်လိမ့်မယ်လို့ မြင်မိပါတယ်။

ဒါကြောင့် ပညာရေးဟာ နိုင်ငံရဲ့အသက်ဝိညာဉ်ပါ။ နိုင်ငံတော်ရဲ့ အသက်ဝိညာဉ်ဟာ ငင်နေပါပြီ။ နိုင်ငံရေးပြီးမှ ထူထောင်ရေး လုပ်ရတာ မဟုတ်ပါ။ နိုင်ငံရေးနဲ့အတူ ထူထောင်ရေး လုပ်ရာတာမျိုးပါ။ ကျူးဘားနိုင်ငံကိုပဲကြည့်ပါ။ ကတ်စ်ထရိုနဲ့ ချေဂွေဗားရားတို့ဟာ လက်နက်ကိုင်ဆောင်နေရင်း စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေး၊ ဆက်သွယ်ရေးအားလုံး ပူးတွဲထူထောင်သွားကြတာမျိုးပါ။ ဒီကနေ့ ကျနော်တို့ နိုင်ငံဟာ အရေးပေါ်တုံ့ပြန်ပူပေါင်းဆောင်ရွက်မှုမျိုး လိုနေပါပြီ။ ကဏ္ဍပေါင်းစုံဟာ တသီးတခြားစီ ရွေ့နေတာဟာ ဉာဏ်ပညာမဲ့ကို ပြနေကြောင်းပါ။ ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ဖို့ ပြည်သူလူထုဟာ အသင့်အနေအထားပါ။

အုပ်ချုပ်ရေးဘက်က တုန့်ပြန်ဆောင်ရွက်မှု အားနည်းပြီး ခေါင်းဆောင်မှု လွဲနေသူများနဲ့သာ အုတ်ရောရော ကျောက်ရောရော မျှောချနေတာ သုံးနှစ်တိုင်တော့မယ်လို့ တွေးမိတိုင်း အရိုးနာ အမျိုးပါဆံချင်ပေါ့လေး အချုပ်တန်းဆရာဖေ ကဗျာချိုးနဲ့ တောက် …… တွင်တွင် ခေါက်မိလေတော့တယ်။

ဆူးနက်သန်

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ နိုင်ငံတကာသတင်း အမေရိကန်

“ သမ္မတထရမ့် ကျရှုံးလိမ့်မယ်”

  • 2025 ခုနှစ်၊ မတ်လ 5 ရက်
  • 38 Views
ဆိုဗီယက်ယူနီယံ ပြိုကွဲတော့မှာကို ကြိုတင်ဟောကိန်းထုတ်ခဲ့တဲ့သူ ပြင်သစ်ပညာရှင် အီမယ်နျူရယ်တော့(ဒ) ဘယ်လို သုံးသပ်သွားပါသလဲ။ ထရမ့်ဟာ အမေရိကန်သမ္မတအဖြစ် ပြန်လည်အရွေးခံရပါတယ်။ သမ္မတရွေးကောက်ပွဲမှာ လွှမ်းမိုးအောင်ပွဲခံမှုရဲ့
နိုင်ငံတကာသတင်း အတွေးအမြင်ကဏ္ဍ အမေရိကန် အယ်ဒီတာ့အာဘော် ဥရောပ

အမေရိကန်ကြီး မြတ်လာမှာလား အထီးကျန်ဆန်မှာလား။

  • 2025 ခုနှစ်၊ မတ်လ 2 ရက်
  • 44 Views
အယ်ဒီတာ့အာဘော် ထရန့်နဲ့ ယူကရိန်းသမတဇလန်းစကီးတို့ ဘဲဥပုံရုံးခန်းမှာ စကားအခြေအတင် ဖြစ်ခဲ့ပြီးနောက် ကမ္ဘာကြီးက အံ့အားသင့် တုန်လှုပ်ခဲ့ကြပါတယ်။ ဒီအထဲမှာ ရုရှားရန်လိုမှုကို ကာကွယ်ဖို့ဖွဲစည်းထားတဲ့
အတွေးအမြင်ကဏ္ဍ

ဘိက္ခုနီသာသနာအပေါ် ချက်ဆရာတော်ဘုန်းကြီးလူထွက် မစ္စတာဂျန်ဆန်ရဲ့အမြင်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 11 ရက်
  • 67 Views
ဘိက္ခုနီသာသနာအပေါ် ချက်ဆရာတော်ဘုန်းကြီးလူထွက် မစ္စတာဂျန်ဆန်ရဲ့အမြင် ချက်ဆရာတော်ဘဝမှ စစ်အာဏာသိမ်းခံရပြီးနောက် ဗီဇာသက်တမ်းတိုးမပေးသည့်အတွက် မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ရသော ဆရာတော်သည် အမေရိကန်နိုင်ငံတွင် လူဝတ်လဲခဲ့ပြီးနောက် မစ္စတာဂျန်ဆန် အနေနှင့် မိမိယုံကြည်သည့် ဘာသာရေးကို ဆက်လက်လိုက်စား အားထုတ်နေခဲ့ ပါသည်။ မစ္စတာဂျန်ဆန်ကို ဗုဒ္ဓဝါဒအပေါ်အမြင်၊
အတွေးအမြင်ကဏ္ဍ

NUG စစ်အနိုင်တိုက်မှာလား ဘာတွေပြင်ဆင်ထားပြီးပြီလဲ?

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 23 ရက်
  • 66 Views
NUG စစ်အနိုင်တိုက်မှာလား ဘာတွေပြင်ဆင်ထားပြီးပြီလဲ? မြန်မာ့နွေဦး တော်လှန်ရေး၄နှစ်ထဲ ဝင်ရောက်လာပြီးနောက် တိုင်းရင်းသားတောင်ပေါ်နဲ့ ကမ်းရိုးတန်းညီနောင်တွေ နယ်မြေစိုးမိုးမှုတွေ ရရှိလာခဲ့ပြီး စစ်အုပ်စုဟာ တိုက်တိုင်းရှုံးဘဝကို ရင်ဆိုင်လာခဲ့ရပါတယ်၊ တိုက်စစ်ထက် ခံစစ်ကိုဦးစားပေးလာခဲ့ရပြီး သူတို့အဓိက အားကိုး ရတာက လေတပ်ကနေလေယဥ်နဲ့ အပြစ်မဲ့ပြည်သူတွေကို
အတွေးအမြင်ကဏ္ဍ

တတိယအင်အားစုကိုဘယ်လိုအဓိပ္ပါယ်ဖော်သလဲ?

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 21 ရက်
  • 67 Views
တတိယအင်အားစုကိုဘယ်လိုအဓိပ္ပါယ်ဖော်သလဲ? ဒီနေ့ဆွေး‌နွေးခန်းမှာ နိုင်ကျဥ်းတဦးဖြစ်တဲ့ ရှေ့နေကြီး ဦးဟန်ရှင်ဝင်းကို ဦးထွန်းအောင်ကျော် ကတွေ့ဆုံမေးမြန်းထားပါတယ် ။ လက်နက်ကိုင်တော်လှန်‌ရေးမှာ မပါဝင်နိုင်ပေမဲ့ သူက တတိယအင်အားစု အဖြစ်ရှိနေခဲ့တယ် ဆိုတာကိုဦးဟန်ရှင်ဝင်းက‌ပြောပြပြီး လက်နက်ကိုင် မတိုက်ပေမဲ့ စစ်အာဏာရှင်တွေကို ထောက်ခံသူမဟုတ်တဲ့ သူ့လိုလူတွေက အများစုကြီး
ဆောင်းပါးများ နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

အစ္စရေးနိုင်ငံ ဘာကြောင့် ရက်စက်ကြမ်းကြုတ်မှုတွေကိုလိုလားတဲ့နိုင်ငံ ဖြစ်လာရတာလဲ။ 

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 352 Views
ဂျူးလူမျိုးများအကြောင်း အစ္စရေးသမိုင်းပညာရှင်အီလမ်ပါပေနှင့် အင်တာဗျူး/ဂျိုဒိုသတင်း။  (ကျိုဒိုသတင်း လန်ဒန်ဗျူရို အီတို ဆေးကာနဲ့  ပါမောက္ခ  အီလမ်ပါပေရဲ့ အင်တာဗျူးကို ဂျပန်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုထားတာဖြစ်ပါတယ်။) ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၇)ရက်နေ့တွင် အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်ရဲ့ အံ့အားသင့်ဖွယ်
ဆောင်းပါးများ နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဆီးရီးယား အတိုက်အခံခေါင်းဆောင် အဘူမိုဟာမက်အယ်ဂျူလာနီ ပြောကြားခဲ့သည့်အချက်များကို မြန်မာနိုင်ငံနှင့် ချိန်ထိုးလေ့လာခြင်း

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 223 Views
+++++++++++++++++++++++++++++++++++++++++++ (ဆောင်းပါး) အယ်ဂျူလာနီက “ပြည်တွင်းပေါင်းစည်းရေး အမြင်တွေနဲ့ ဆီးရီးယား လွတ်မြောက်နယ်မြေအတွင်း အဖွဲ့အစည်းဆိုင်ရာ အင်စတီကျူးရှင်းတွေ တည်ထောင်မှုတွေ လုပ်ခဲ့တယ်” လို့ ဆိုတယ်။ သူပြောတဲ့ပြည်တွင်းပေါင်းစည်းရေးဆိုတာ ပြည်တွင်းမှာရှိတဲ့ တော်လှန်‌ရေးအဖွဲ့အစည်းတွေ ပေါင်းစည်းရေးကို ဆိုလိုတယ်၊ တနည်းပြောရရင် ညီညွတ်ရေးတည်ဆောက်ဖို့ပေါ့။
ဆောင်းပါးများ မြန်မာသတင်း

တရုတ်အရွေ့နဲ့ စစ်အုပ်စု

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 208 Views
တရုတ်ခေါင်းဆောင်မော်စီတုံးကို သူတို့လေးစားတဲ့ခေါင်းဆောင်အဖြစ် ရန်ကုန်က ဝှာကျုံးနဲ့ နန်ယန် တရုတ်စာသင်ကျောင်းက ကျောင်းသားတွေက မော်စီတုံးတံဆိပ်တွေကို ရင်ဘတ်မှာ ထိုးခဲ့ကြတဲ့အတွက် ကျောင်းဆရာတွေ ဆရာမတွေက ရင်ထိုးတွေ မထိုးဖို့‌ပြောရင်း အတိုက်အခံ ဖြစ်ကြပြီး ကျောင်းဆရာမတွေကို တရုတ်ကျောင်းသားတွေက ဖမ်းထားတယ်ဆိုတဲ့ ကောလဟလ