စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်းက ဒေသကာကွယ်ရေးတပ်ဖြစ်တဲ့ Chindwin Attack Force တပ်စခန်း မီးလောင်မှုဖြစ်ပွားကာ ပျက်စီးဆုံးရှုံးမှုအချို့ရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။





စစ်ကိုင်းတိုင်း မုံရွာခရိုင်တပ်ရင်းတစ်ခုဖြစ်တဲ့ Chindwin Attack Force ၂-၃-၄ ရဲ့တပ်စခန်းသည် ဇွန်လ ၁၉ရက်နေ့က မတော်တဆမှုတစ်ခုကြောင့် မီးလောင်မှုဖြစ်ပွားခဲ့တာပါ။
“ပျက်စီးဆုံးရှုံးမှုကတော့ ကြီးမားခဲ့ပါတယ်၊ Accident တစ်ခုကြောင့် ဖြစ်ခဲ့ရတာဆိုတော့ ဘာတတ်နိုင်မှာလဲပေါ့၊ အစကနေ ပြန်ရုန်းကန်ကျရအုံးမှာပေါ့ဗျာ၊ မိဘပြည်သူကိုလဲ အားနာပေမယ့် တတ်အားသရွေ့တော့ ဝိုင်းဝန်းကူညီပေးကြဖို့ ညှိုးငယ်စွာနဲ့ အသိပေးလိုက်ပါတယ်”လို့ ဆိုထားပါတယ်။
မီးလောင်မှုဖြစ်စဉ်ကြောင့် သိန်း ၁၅၀ကျော်တန်ဖိုးရှိ သိုလှောင်ထားတဲ့ ယမ်းများ၊ ထုတ်လုပ်လျက်ရှိတဲ့ လက်လုပ်သေနတ်များ၊ ကျပ်သိန်း ၂၀ကျော်တန်ဖိုးရှိ CAF BR1 ချေမှုန်းရေးရိုင်ဖယ်များ၊ မော်တာများနဲ့ တွင်ခုံများ စုစုပေါင်း ကျပ်သိန်း ၃၀၀ခန့် ဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ထားတာြဖစ်ပါတယ်။
Era’sEye