နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်

မြန်မာသတင်း

မြန်မာသတင်း

ယင်းမာပင်မှာ ပြည်သူ ၁၄ ဦးကို စစ်ကောင်စီက အစုလိုက် အပြုံလိုက် သတ်ဖြတ်

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ထဲက စုန်းချောင်းရွာကို စစ်ကောင်စီ တပ်ဖွဲ့ဝင်က ဝင်ရောက်စီးနင်းပြီး ၁၄ ဦးကို သတ်ပစ်လိုက်တယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းမှာ အင်အား ၈၀ ကျော်ပါရှိပြီး ဇူလိုင်လ ၂၁ ရက်နေ့ မနက် ၂ နာရီလောက်မှာ အရပ်ဝတ်တွေနဲ့ ရွာထဲကိုဝင်ရောက်စီးနင်းခဲ့တာဖြစ်ပါတယ်။

။ဝင်ရောက်စီးနင်းပြီးတဲ့နောက် အမျိုးသား အယောက် ၃၀ ခန့်ကို ဖမ်းဆီးပြီး ၁၄ ယောက်ကိုတော့ ချက်ချင်းသတ်ပစ်လိုက်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

အသတ်ခံရသူတွေထဲမှာ ကျေးရွာပြည်သူ့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် အပါအဝင် ရဲဘော် ၆ ဦးနဲ့ ပြည်သူ ၈ ဦး စုစုပေါင်း ၁၄ ဦး အသတ်ခံလိုက်ရတာလို့ ဆိုပါတယ်။အသတ်ခံရသူ ၁၄ ဦးရဲ့အလောင်းကို ပြန်ရှာတွေ့ရပေမယ့် ကျန်တဲ့သူတွေကိုရဲ့ သတင်းကိုတော့ စုံစမ်းနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

eraseye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG ထဲ တိုင်းရင်းသားလက်နက်ကိုင်တွေ ပါဝင်ဖို့ အကန့်အသတ်တွေရှိနေတယ်လို့ ယာယီသမ္မတပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 20 Views
အစိုးရအဖွဲ့ ပြုပြင်ပြောင်း‌လဲရေး အဆင့် (၃)ဆင့်နဲ့ ပြုလုပ်နေပြီး အခုပြုပြင်ပြောင်းလဲတာ ပထမအဆင့်လို့ဆို ဒီဇင်ဘာလ (၉)ရက်။ NUG ထဲ တိုင်းရင်းသားလက်နက်ကိုင်တွေ
မြန်မာသတင်း

ရန်ကုန်မြို့လယ် ဆူးလေလူကူးတံတားအနီး အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုပြုလုပ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 9 ရက်
  • 20 Views
ဒီဇင်ဘာလ (၉)ရက်။ ဒီကနေ့ နံနက်ပိုင်းက ရန်ကုန်မြို့လယ်ခေါင်ရှိ ဆူးလေလူကူးတံတားအအနီးမှာ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်တဲ့လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ ရန်ကုန်လူထုသပိတ်ထံက သိရပါတယ်။
မြန်မာသတင်း

ဂျပန်နိုင်ငံ ဟိုကိုင်းဒိုးနှင့် တိုဟိုကုဒေသများတွင် အင်အား မဂ္ဂနီကျူ ၇ ဒဿမ ၆ ပြင်းအားရှိသော ငလျင်လှုပ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 29 Views
ဒီဇင်ဘာလ (၈) ရက်။ အရေးပေါ်သတင်း။ ဒီနေ့ ဒီဇင်ဘာလ (၈) ရက်နေ့ ည ၁၁ နာရီကျော်ခန့်တွင် ဟိုကိုင်းဒိုး (Hokkaido) နှင့် တိုဟိုကု (Tohoku) ဒေသများတွင် မဂ္ဂနီကျူ ၇ ဒဿမ
မြန်မာသတင်း

စစ်ကောင်စီနဲ့ အပစ်ရပ်ရေးထိုးတာ တော်လှန်ရေးကို မထိခိုက်စေဘဲ ခရီးဆုံးအထိ ဆက်လျှောက်မယ်လို့ TNLA ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 26 Views
ဒီဇင်ဘာလ (၈)ရက်။ စစ်ကောင်စီတပ်နဲ့ အပစ်အခတ်ရပ်စဲရေး ရေးထိုးတာဟာ တော်လှန်ရေးပန်းတိုင်နဲ့ မျှော်မှန်းချက်ကို ထိခိုက်မှာမဟုတ်ဘူးလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်တာကြောင့် စစ်ကောင်စီတပ်နဲ့ အပစ်အခတ်ရပ်စဲဖို့ ရေးထိုးထားပေမယ့် ခရီးလမ်းဆုံးတံ့အထိ ဆက်လျှောက်လှမ်းနေမှာဖြစ်တယ်လို့
မြန်မာသတင်း

ရန်ကုန် မြောက်ဥက္ကလာပမြို့နယ်ခန်းမ ဗုံးပစ်တိုက်ခိုက်ခံရပြီး ရဲ (၂)ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 24 Views
ဒီဇင်ဘာလ (၈)ရက်။ ဒီဇင်ဘာလ (၆)ရက်နေ့ ည (၁၀)နာရီခွဲအချိန်က မြောက်ဥက္ကလာပမြို့နယ်ခန်းမကို ဗုံးပစ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ပြကြွက်ကွန်ယက်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မြောက်ဥက္ကလာပမြို့နယ်ခန်းမကို လက်လုပ်မိုင်း၊ နာနတ်သီးတွေနဲ့ တိုက်ခိုက်ခဲ့တာ။ အဲ့ဒီမှာ လုံခြုံရေးယူထားတဲ့ ရဲခွေးတွေ
မြန်မာသတင်း

ဂွအခြေစိုက် ခမရ(၅၆၃)က စစ်တပ်ဘက်က ဒုတပ်ကြပ်အပါအဝင် (၄)ဦး ဘက်ပြောင်းလာတယ်လို့ PRA-Magway ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 30 Views
ဒီဇင်ညာလ (၈)ရက်။ အမ်း-ပဒန်းလမ်းပိုင်းရှိ ဇင်ပြွန်းရွာအနီးမှာ စစ်တပ်ရဲ့ ဒုတပ်ကြပ်အပါအဝင် တပ်ဖွဲ့ဝင် (၄)ဦး ပြည်သူ့ဘက်ကူးပြောင်းလာခဲ့တယ်လို့ PRA-Magway ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြည်သူ့ဘက်ကူးပြောင်းလာတဲ့ တပ်ဖွဲ့ဝင် (၄)ဦးဟာ ဂွမြို့အခြေစိုက် ခမရ(၅၆၃) လက်အောက်ခံတပ်ရင်းကဖြစ်ပြီး
မြန်မာသတင်း

NUG အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းကြောင်း CRPH ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 23 Views
ဒီဇင်ဘာလ (၈)ရက်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)ကို ပြင်ဆင်ဖွဲ့စည်းခဲ့တယ်လို့ CRPH ရဲ့ ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG အစိုးရအဖွဲ့ကို ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ ပြည်သူရဲ့ ဒီမိုကရေစီနည်းကျ အပ်နှင်းထားတဲ့ အာဏာကို ကျင့်သုံးပြီး ပြင်ဆင်ဖွဲ့စည်းလိုက်တာလို့ ဆိုပါတယ်။
မြန်မာသတင်း

နေပြည်တော်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင်တို့ တွေ့ဆုံ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်
  • 23 Views
ဒီဇင်ဘာလ (၈)ရက်။ မနေ့က နေပြည်တော်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး H.E. Mr. Sihasak Phuangketkeow နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ နှစ်နိုင်ငံကုန်သွယ်ရေးတွေ ပြန်လည်ကောင်းမွန်ဖို့ နယ်စပ်‌ဒေသတည်ငြိမ်ရေး