ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန်အတွက် ချပေးထားတဲ့ လုပ်ပိုင်ခွင့်တွေကို ပြန်စိစစ်ပြီး အမှန်တကယ် စိုက်ပျိုးနေသူတွေကို လုပ်ကိုင်ခွင့် ထုတ်ပေးမယ်လို့ အထူးဇုန်လုပ်ငန်းကော်မတီက ထုတ်ပြန်လိုက်ပါတယ်။
ညောင်နှစ်ပင်အထူးဇုန်ကို စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မေလ (၂၀) ရက်နေ့က သွားရောက်ခဲ့ပြီးနောက် အခုလို ထုတ်ပြန်လာတာပဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂၄ နှစ်ကတည်းက လူပုဂ္ဂိုလ် ၁၁၉၁ ဦးကို ချပေးခဲ့တဲ့ လုပ်ပိုင်ခွင့်တွေကို ဇုန်ကြီးကြပ်ရေးကော်မတီက ပြန်လည်ကွင်းဆင်း စစ်ဆေးခဲ့ပြီးနောက် လက်လွှဲရောင်းချမှုတချို့ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။
မူလလုပ်ပိုင်ခွင့်ရသူတွေရော လက်လွှဲဝယ်ယူထားသူတွေရော စာရွက်စာတမ်း အထောက်အထားတွေနဲ့အတူ ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေး အထူးဇုန်လုပ်ငန်းကော်မတီကို ဇွန်လ (၂၃) ရက်နေ့ နောက်ဆုံးထား ဆက်သွယ်ဖို့ အသိပေးထုတ်ပြန်လိုက်တာပါ။
သတ်မှတ်ကာလအတွင်းမှာ မဆက်သွယ်ရင်ဖြစ်ဖြစ်၊ စိစစ်မခံရင်ဘဲဖြစ်ဖြစ် လုပ်ကိုင်ခွင့်တွေ ပြန်ရုပ်သိမ်းမယ်လို့ အထူးဇုန်လုပ်ငန်းကော်မတီက ထုတ်ပြန်လိုက်ပါတယ်။
Era’sEyes/Photo – CRD