ပြည်သူ့သစ္စာကိုသာ အမြဲစောင့်သိပါမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလက ထပ်လောင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။NUG ယာယီသမ္မတ ဒူဝါလရှီးလက ဩဂုတ်လ (၂၁) ရက်နေ့ ပြည်သူသို့သတင်းစကားမှာ အခုလို ပြောဆိုထားပါတယ်။
“ အမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူ့လိုအပ်ချက်ကြောင့် ပေါ်ပေါက်လာတဲ့ အစိုးရဖြစ်တာကြောင့် ပြည်သူ့ဆန္ဒကသာလျှင် ကျွန်တော်တို့ဆန္ဒဖြစ်ပါတယ်” လို့ ၎င်းက ဆိုပါတယ်။
အစိုးရအဖွဲ့အနေနဲ့ ပြည်သူ့ကာကွယ်ရေးအလုပ်တွေကို ဖိဖိစီးစီး မလုပ်နိုင်ရင် ပြည်သူလူထုရဲ့ ဒုက္ခဆင်းရဲဟာ ပိုပြီး ကြီးမားလာလေလေဖြစ်တယ်လို့ အထက်ပါပုဂ္ဂိုလ်က အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
ပြည်သူတွေရဲ့ ဒုက္ခဆင်းရဲကို နေ့စဉ်နဲ့အမျှ မြင်တွေ့နေရတာကို အတော်ကြီး စိတ်မကောင်းဖြစ်မိတယ်လို့လည်း ထည့်သွင်းပြောဆိုခဲ့ကြောင်း သိရပါတယ်။
Era’sEye\News