တေးသံရှင် မေလသံစဥ်ကို ပုဒ်မ ၅၀၅- က နဲ့ တိုင်ကြားချက်ကြောင့်ဆိုပြီး စစ်ကောင်စီက အမှုဖွင့်ဖမ်းဆီးထားတယ်လို့သိရပါတယ်။
ဧပြီ ၂၁ ရက်မှာ အရှေ့ဒဂုံမြို့နယ် တရားရုံးမှာ ပထမဆုံးအကြိမ်ရုံးထုတ်ခဲ့တာဖြစ်ပြီး ချုပ်ရမန် နှစ်ပတ် ယူခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းထံက သိရတာပါ။

ပစီကြီးရွာဖြစ်စဥ်ကိုလူမှုကွန်ရက်မှာရေးသားတာကြောင့်ခုလိုအမှုဖွင့်အရေးယူတာဖြစ်တယ်လို့ဆိုပါတယ်။ စစ်ကောင်စီ ဟာ ဧပြီ ၂၁ ရက် မှာပဲ The Voice Journal အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ ၊ တေးသံရှင် ရွှေရည်သိန်းတန် နဲ့ သရုပ်ဆောင်မော်ဒယ် မေပန်းချီ တို့ကိုလည်း အခုလိုပဲ အမှုဖွင့်အရေးယူ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။