စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ပင်လှကျေးရွာက စစ်ကောင်စီစစ်စခန်းကို ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းတွေ ရရှိခဲ့တယ်လို့ ရွှေဘိုမြို့နယ်ပကဖက ဒီနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ယနေ့မနက် ၃ နာရီခန့်မှာ ညောင်ပင်လှကျေးရွာက စစ်ကောင်စီစစ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီစစ်သား ၉ ဦး သေဆုံးခဲ့ပြီး ကာကွယ်ရေးရဲဘော်တွေ အထိခိုက်မရှိဘူးလို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲမှာ ကာဘိုင် (၂) လက်၊ ကိုးလုံး(၁)လက်၊ ကိုးလုံးကျည် (၂၅)တောင့်၊ ကာဘိုင်ကျည် (၂၀၉) တောင့်၊ ကျည်ဘောက်(၁)ခုနဲ့ Epuiment (၇) ခုနဲ့ Huawei ဖုန်း(၁)လုံးတို့ သိမ်းဆည်းရမိတယ်လို့ ရွှေဘိုမြို့နယ်ပကဖက အတည်ပြုပြောဆိုထားပါတယ်။
အဲဒီတိုက်ပွဲဖော်ဆောင်မှုကို ရွှေဘိုခရိုင် ရွှေဘိုမြို့နယ်ပကဖ(PDO)(Shwebo Justice Force အဖွဲ့၊ ရွှေတောသားအဖွဲ့၊ ကျားပျံအဖွဲ့)၊ ရွှေဘိုမြို့နယ်တိုက်နယ်(၃)ပကဖအဖွဲ့နဲ့ ဒီပဲယင်းမြို့နယ်ပကဖ Group 3(ဂဠုန်မင်းအဖွဲ့၊ စံရှားအဖွဲ့၊ ဒေါင်းမင်းအဖွဲ့၊ သရဲကြီးအဖွဲ့၊ မတထောင်တကောင်ဘွားအဖွဲ့)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
Era’sEye