နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 31 ရက်

မြန်မာသတင်း

မြန်မာသတင်း

လက်နက်အပြည့်အစုံနဲ့အလင်းဝင်လာတဲ့ ရဲ (၂) ဦးကို ငွေကျပ်သိန်း (၁၀၀) ဆုချီးမြှင့်

ချင်းပြည်နယ်၊ တီးတိန်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ရဲ(၂)ဦး အလင်း၀င်ရောက်လာခဲ့တယ်လို့ PDF-Zoland ရဲ့ ဩဂုတ်လ (၂၁) ရက်နေ့ ညပိုင်းမှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဩဂုတ်လ (၂၀) ရက်နေ့က တီးတိန်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား (၂ )ဦး PDF-Zoland ဆီကို လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။

အလင်းဝင်လာသူ (၂) ဦးဟာ စစ်ကောင်စီတပ်မှာ အလုပ်သက်တမ်း (၉) နှစ်ရှိတဲ့ ရဲတပ်သား ကိုမောင်ဦးဦးနဲ့ အလုပ်သက်တမ်း (၃) နှစ်ရှိတဲ့ ရဲတပ်သား ကိုဂျူလီမာမိုတို့ ဖြစ်တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။

သူတို့နဲ့အတူ MA-3 (၂) လက်၊ ကျည်ဆံ (၂၀၀) ကျော်၊ ကျည်အိတ် (၈) ခုတို့ ယူဆောင်လာခဲ့ကြပြီး PDF Zoland က ကျပ်သိန်း (၅၀) စီ ဆုချီးမြှင့်ခဲ့ကာ လွတ်မြောက်နယ်မြေကို ပို့ဆောင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Era’sEye\News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးကုတ်မြို့ကို စစ်တပ်လက်ထဲ ပြန်မရောက်ဖို့ တိုက်ပွဲဝင်သွားမယ်လို့ တော်လှန်ရေးတပ်တွေ ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 7 Views
အောက်တိုဘာလ (၃၀)ရက်။ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေတွေကို စစ်တပ်လက်ထဲ ပြန်မရောက်အောင် တိုက်ပွဲဝင်သွားမယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ TNLA
မြန်မာသတင်း

လောင်းလုံမြို့နယ် မောင်းမကန်ရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 6 Views
အောက်တိုဘာလ (၃၀)ရက်။ လောင်းလုံမြို့ရှိ စစ်တပ်လက်အောက်ခံ မောင်းမကန်နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ အထူးတိုင်းစစ်ဌာန-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ပေါင်းတည်မြို့ ဝဲကြီးဆည်ရှိ စစ်ကော်မရှင်စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး (၂)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 6 Views
အောက်တိုဘာလ (၃၀)ရက်။ အောက်တိုဘာလ (၂၈)ရက်နေ့ နံနက် (၇)နာရီ (၁၅)မိနစ်အချိန်က ပေါင်းတည်မြို့ ဝဲကြီးဆည်ရှိ စစ်ကော်မရှင်ရဲ့ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တယ်လို့ PPDF-၃၆၀၁တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ပေါင်းတည်မြို့ ဝဲကြီးဆည်က စကမစစ်ဆေးရေးဂိတ်ကို
မြန်မာသတင်း

အာဆီယံအထူးသံတမန်ကို အကျဉ်းကျသူတွေနဲ့ တွေ့ခွင့်မပေးနိုင်ဘူးဆိုပြီး စစ်ကော်မရှင်ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 36 Views
အောက်တိုဘာလ (၃၀)ရက်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန်ရဲ့ ခရီးစဉ်တွေမှာ အကျဉ်းကျသူတွေနဲ့တော့ တွေ့ဆုံခွင့်မပေးနိုင်ဘူးဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ထုတ်ပြန်ပြောဆိုထားတယ်လို့ သိရပါတယ်။ “ အာဆီယံဥက္ကဋ္ဌရဲ့ အထူးကိုယ်စားလှယ်လာတိုင်း ဖြစ်နိုင်တဲ့ လိုက်လျောနိုင်တဲ့သူတွေနဲ့ တွေ့ဆုံနိုင်ဖို့ ဆောင်ရွက်ပေးခဲ့ပါတယ်။ ရာဇဝတ်မှုနဲ့
မြန်မာသတင်း

ဒါရိုက်တာမိုက်တီးအပါအဝင် (၃)ဦးကို ရွေးကောက်ပွဲ နှောက်ယှက်တာကြောင့်ဆိုပြီး စစ်တပ် ဖမ်းဆီး

  • 2025 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 18 Views
အောက်တိုဘာလ (၃၀)ရက်။ ဒါရိုက်တာမိုက်တီးအပါအဝင် ဇာတ်ပို့သရုပ်ဆောင် ကျော်ဝင်းထွဋ်(ခ)ကျော်မင်းထွဋ်နဲ့ ဟာသသရုပ်ဆောင် အုန်းဒိုင်းတို့ကို စစ်တပ်က ဖမ်းဆီးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ဟာ သူတို့ (၃)ဦးကို အောက်တိုဘာလ (၂၇)ရက်နေ့က နေအိမ်အသီးသီးကနေ ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။
မြန်မာသတင်း

ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ်နိုင်ဖို့ ကြိုးပမ်းသွားမယ်လို့ MDY-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 44 Views
အောက်တိုဘာလ (၂၉)ရက်။ ရရှိထားတဲ့ ထိန်းချုပ်နယ်မြေတွေကို ဆက်လက်ကာကွယ်ထိန်းသိမ်းနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ MDY-PDF အနေနဲ့ စတင်စုဖွဲ့ချိန် ၂၀၂၁ခုနှစ်ကစပြီး ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့နဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုးနိုင်ဖို့အတွက် တစိုက်မတ်မတ် တိုက်ပွဲဝင်နေတယ်လို့
မြန်မာသတင်း

ကျောက်မြောင်းနဲ့ စဉ့်ကူးမြို့ကို ဆက်သွယ်ထားတဲ့ ဧရာဝတီတံတား(ရတနာသိခ်) မိုင်းခွဲခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 44 Views
အောက်တိုဘာလ (၂၉)ရက်။ မနေ့က ည (၁၂)နာရီကျော်အချိန်က စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းကို ဆက်သွယ်ထားတဲ့ ဧရာဝတီတံတား(ရတနာသိခ်) မိုင်းခွဲခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ ည (၁၂)ကျော်လောက်မှာ ‌စစ်ကိုင်း ကျောက်မြောင်းနဲ့ မန္တလေး စဉ့်ကူးမြို့ကို ဆက်ထားတဲ့
မြန်မာသတင်း

ကူးမင်းဆွေးနွေးပွဲမှာ စစ်တပ်နဲ့ အပစ်ရပ်ရေးထိုးခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 29 ရက်
  • 41 Views
အောက်တိုဘာလ (၂၉)ရက်။ အောက်တိုဘာလ (၂၇)ရက်နဲ့ (၂၈)ရက်နေ့က တရုတ်ရဲ့ ကြားဝင်စေ့စပ်တာနဲ့ ကူမင်းမြို့မှာ စစ်တပ်နဲ့ ဆွေးနွေးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီ (၂)ရက်တာတွေ့ဆုံပွဲမှာ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းရဲ့ ကြားဝင်စေ့စပ်တာကြောင့်