မကွေးတိုင်း၊ ပေါက်မြို့အဝင် ခရီးသွားပြည်သူတွေထံက ငွေကြေးတောင်းခံနေတဲ့ အာဏာသိမ်းစစ် တပ်ကို သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မြိုင်ပကဖက တိုက်ပွဲသတင်း ကို ထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းစစ် တပ်ဘက်က ၅ ဦးအပြင်းအထန်ဒဏ်ရာရခဲ့ တာ ဖြစ်ပြီး မတ်လ၂၂ရက်နေ့ မွန်းလွဲ ပိုင်းမှာ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနေ့မှာပင် မြိုင်မြို့နယ် ပြည်သူ့ကာကွာရေးတပ်ဖွဲ့တပ်ရင်း ၁ ၊ တပ်ခွဲ ၁ ၊ တပ်ခွဲ ၂ (ဂဠုန်) ၊ အလင်းတန်းပြောက်ကျား တပ်ဖွဲ့တို့က သရက်ကန်ပျူစခန်းကထွက်လာတဲ့ စစ်ကောင်စီ FAWကားကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် FAW ကား ပျက်စီးသွားပေမယ့် အထိအခိုက် သေဆုံးမှု အခြေအနေကိုတော့ မသိရှိရပါဘူး။