Hip Hop အဆိုတော် ဗျူဟာ ဖမ်းဆီးခံရပြီး ၃ လခန့်အကြာ ဒီနေ့ မနက်ပိုင်းမှာပဲ အင်းစိန်ထောင်တွင်းတရားရုံးက ထောင်ဒဏ် အနှစ် (၂၀) ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုတော်ဗျူဟာကို နိုင်ငံရေး ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုထားတာဖြစ်ပေမယ့် အခု ပုဒ်မ ၁၂၄ ထပ်တိုးပြီး အမိန့်ချလိုက်တာလို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
စစ်ကောင်စီလက်ထက် ရန်ကုန်မြို့မှာ လျှပ်စစ်မီး ပုံမှန်မရရှိတဲ့အခြေအနေကို အဆိုတော်ဗျူဟာက သူ့ရဲ့ လူမှူကွန်ယက်အကောင့်က နေ မေလ ၂၃ ရက် ညပိုင်းကlive လွှင့်ပြောဆိုခဲ့ပြီးတဲ့နောက် မေလ ၂၅ ရက်မှာ မြောက်ဒဂုံမြို့နယ်ထဲက သူ့ရဲ့နေအိမ်မှာပဲဖမ်းဆီးခံခဲ့ရတာပါ။
လက်ရှိမှာတော့ အဆိုတော်ဗျူဟာက ကျန်းမာရေးကောင်းမွန်နေပြီး အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ သိရပါတယ်။
Era’sEye\News