နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်

ပြည်တွင်း အနုပညာ

ပြည်တွင်း အနုပညာ မြန်မာသတင်း

ဒါရိုက်တာ ဏကြီး နဲ့ ဂီဒေါင် တို့ရိုက်တဲ့ ရုပ်ရှင် ၂ ကားကို နိုင်ငံတကာမြို့ကြီးတွေမှာ ပြသမည်

ဒါရိုက်တာ ဏကြီး ရိုက်ကူးထားတဲ့ “ မပြီးသေးဘူး ငါတို့အလှည့် ကျန်သေးတယ်” ရုပ်ရှင်ဇာတ်လမ်းတိုနှင့် Cobra Column မှ ဒါရိုက်တာ ဂီဒေါင် ရိုက်ကူးထားတဲ့ ” ရှိခဲ့သည်” ရုပ်ရှင် ဇာတ်ကားများကို ယခု မတ်လအကုန်ကနေ မေလကုန်အထိ နိုင်ငံအသီးသီးမှာ ပြသသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

“ မပြီးသေးဘူး ငါတို့အလှည့် ကျန်သေးတယ်” ရုပ်ရှင်ဇာတ်လမ်းမှာတော့ သရုပ်ဆောင် အောင်မြင့်မြတ်၊ ပိုင်ဖြိုးသု၊ ကောင်း ကောင်း (ကျီးကန်း) တို့ ပါဝင် သရုပ်ဆောင်ထားပါတယ်။ “ ရှိခဲ့သည်” ဇာတ်လမ်းမှတော့ာ သရုပ်ဆောင်များအဖြစ် ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များက ပါဝင် သရုပ် ဆောင်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီရုပ်ရှင်ဇာတ်လမ်းတို၂ ကားကို အမေရိကန်နိုင်ငံ၊ ဖို့ဒ်ဝိန်းမြို့မှာ ပထမဆုံးပြသမှာဖြစ်ပြီး ကနေဒါ၊ ပြင်သစ်၊ ထိုင်ဝမ်၊ မလေးရှား၊ ယူကေ၊ သြစတြေးလျ၊ ဂျာမနီ၊ ဆွီဒင်၊ ဂျပန်၊ တောင်ကိုရီးယား စတဲ့ နိုင်ငံ မြို့ကြီးတွေမှာ ပြသသွားမှာဖြစ်သလို မြန်မာပြည်တွင်းက ပရိတ်သတ်တွေ အတွက်လဲ ကြည့်ရှုနိုင်အောင် စီစဉ်သွားဖို့ရှိတယ်လို့လဲ ဇာတ်ကားပြသရေးအဖွဲ့ထံကသိရပါတယ်။

ရုပ်ရှင်ပြသမှုကနေ ရရှိလာမယ့် ဝင်ငွေတွေကို အာဏာရှင် ဆန့်ကျင်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ ဒေသ ၂ ခုက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအတွက် တိုက်ရိုက်ခွဲဝေ ထောက်ပံ့သွားမှာလည်းဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိုင်နယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ (၇)ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 25 Views
နိုဝင်ဘာလ (၁၁)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီခွဲအချိန်က မြိုင်နယ်အနောက်တောင်ပိုင်းမှာ အင်အား (၁၈၀)ခန့်ပါ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ (၇)ရွာထက်မနည်းက ဒေသခံတွေ
မြန်မာသတင်း

ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေကို အထူးတိုင်းစစ်ဌာနက လက်နက်တပ်ဆင်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 24 Views
နိုဝင်ဘာလ (၁၁)ရက်။ မနေ့က ပဲခူးတိုင်းရှေ့တန်းစခန်းတခုမှာ ရန်ကုန်၊ မွန်နဲ့ ပဲခူးခရိုင် ပကဖတိုက်ခိုက်ရေးစစ်ကြောင်းတွေကို လက်နက်တပ်ဆင်ပေးခဲ့တယ်လို့ အထူးတိုင်းစစ်ဌာနရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

KNU ရဲ့ ဒူးသထူခရိုင်ဥက္ကဋ္ဌအပါအဝင် (၂၂)ဦးကို ‌ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ စစ်တပ် အမှုဖွင့်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 19 Views
နိုဝင်ဘာလ (၁၁)ရက်။ ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ဒူးသထူခရိုင်ဥက္ကဋ္ဌ ပဒိုစောမြင့်အပါအဝင် (၂၂)ဦးကို ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုဝင်ဘာလ (၅)ရက်နေ့က KNU ရဲ့ ဒူးသထူခရိုင်ကနေ အခုနှစ်ကုန်မှာ စစ်တပ်က ကျင်းပဖို့ရှိနေတဲ့
မြန်မာသတင်း

စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်သူတွေကို အရေးယူမယ်လို့ MSFC သတိပေး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 11 ရက်
  • 20 Views
နိုဝင်ဘာလ (၁၁)ရက်။ စစ်အုပ်စု ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ “ ဖက်ဆစ်လူရွေးပွဲ” ဖြစ်ပြီး အတုအယောင်ရွေးကောက်ပွဲသာဖြစ်တယ်လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)က မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအတုအယောင်ရွေးကောက်ပွဲဟာ နောက်ထပ်နှစ်ပေါင်းများစွာ နိုင်ငံကို စစ်ကျွန်ပြုဖို့၊ လက်နက်ကိုင် လူသတ်လိုင်စင်ရယူဖို့နဲ့ စစ်အာဏာရှင်စနစ်
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ တရားမျှတမှုမရှိတာကို ပြည်သူ (၉၈)ရာခိုင်နှုန်း ယုံကြည်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 66 Views
နိုဝင်ဘာလ (၁၀)ရက်။ အခုနှစ်ကုန် စစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ ပြည်သူ့သဘောထားစစ်တမ်းတရပ်ကို ကောက်ယူခဲ့တယ်လို့ GSCB ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီပြည်သူ့သဘောထားစစ်တမ်းကို ‌ပြည်သူ့လှုပ်ရှားမှုပလက်ဖောင်း(Platform for People Movement)က အောက်တိုဘာလ (၂၇)ရက်နေ့ကစပြီး နိုဝင်ဘာလ
မြန်မာသတင်း

မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းတို့မှာ တိုက်ပွဲပြင်းထန်နေပြီး ပြည်သူတွေ ကြိုတင်ပြင်ဆင်ကြဖို့ MDY-PDF ထုတ်ပြန်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 36 Views
နိုဝင်ဘာလ (၁၀)ရက်။ အကြမ်းဖက်စစ်အုပ်စုဟာ ရွေးကောက်ပွဲမတိုင်ခင် သာလွန်အင်အားများစွာ အသုံးပြုပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိန်းချုပ်နယ်မြေတွေကို အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်အုပ်စုက ရွေးကောက်ပွဲပြုလုပ်ဖို့ လျာထာတဲ့ မြို့နယ်တွေစာရင်းထဲ MDY-PDF
မြန်မာသတင်း

တော်လှန်ရေး အဆုံးသတ်ပန်းတိုင် သိပ်မလိုတော့ဘူးလို့ NUG ဝန်ကြီးချုပ်‌ပြော

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 32 Views
နိုဝင်ဘာလ (၁၀)ရက်။ တော်လှန်ရေး အဆုံးသတ်ပန်းတိုင် သိပ်မလိုတော့ဘူးလို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မနေ့ကပြုလုပ်တဲ့ ရန်ကုန်လွှတ်တော်အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နွေဦးတော်လှန်ရေးခရီးဟာ အခုဆိုရင် ၅နှစ်ထဲကို ရောက်လာပြီဖြစ်သလို တော်လှန်ရေး အဆုံးသတ်
မြန်မာသတင်း

ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ မွေးနေ့အထိန်းအမှတ်အနေနဲ့ မူဆလင် (၈၂)ဦးကို ပြန်လွှတ်ပေး

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 28 Views
နိုဝင်ဘာလ (၁၀)ရက်။ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ မွေးနေ့အထိန်းအမှတ်အနေနဲ့ ပြစ်ဒဏ်ကျသူတွေနဲ့ ထိန်းသိမ်းခံထားရတဲ့ မူဆလင် (၈၂)ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ပြန်လွှတ်ပေးခဲ့တဲ့ မူဆလင်တွေဟာ ပြီးခဲ့တဲ့နှစ် တိုက်ပွဲ‌တွေထဲ အကြမ်းဖက်စစ်ကော်မရှင်တပ်အပါအဝင် ARSA