ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် မဲကနယ်ဘက်တွင် ယနေ့ နံနက် အစောပိုင်းကတည်း တိုက်ပွဲများဖြစ်ပွားနေပြီး လက်နက် ကြီး ပစ်ခတ်သံများကို မဲဆောက်ဖက်အထိ ကြားနေရကြောင်း မဲဆောက်တွင် နေထိုင်သူများက ခေတ်မျက်လုံးသို့ အကြောင်းကြားလာကြသည်။
မြဝတီမြို့နေ ပြည်သူများကလည်း “ ဒီနေ့မနက် တိုက်ပွဲတွေ ဖြစ်နေတယ်။ မဲကနယ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ လက်နက်ကြီး၊ လက်နက်ငယ်အသံများ တအုန်းအုန်း ကြားနေရကြောင်း” ခေတ်မျက်လုံးသို့ အကြောင်းကြားလာကြသည်။
ဓာတ်ပုံ။ ထိုင်း (မဲဆောက်)-မြန်မာ (မြဝတီ) ချစ်ကြည်ရေးတံတား။