မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ညောင်တွင်း အနောက်ရွာကို စစ်တပ် က မီးရှို့ ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။
အဲဒီလို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ဒေသခံများနေအိမ် (၃၂) လုံးပြာကျခဲ့ ရတယ်လို့ မြိုင်မြို့-နွေဦးတော်လှန်ရေး အဖွဲ့ ဆီက သိရပါတယ်။












စစ်ကောင်စီတပ် ဟာ မြိုင်မြို့နယ်၊ ညောင်တွင်း အနောက်ရွာကို ဧပြီ (၂၄) ရက် မနက် ၇ နာရီအချိန်မှာ ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် နေအိမ် ၃၂ လုံးကို မီးရှို့ ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။
Era’sEyes | Photo – မြိုင်မြို့-နွေဦးတော်လှန်ရေး