ကချင်ပြည်နယ် ဗန်းမော်မြို့နယ်ထဲမှာရှိတဲ့ ကျေးရွာသုံးရွာက နေအိမ် ၄၀ ကျော်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။
မန္တလေးကနေ ဗန်းမော်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီသင်္ဘောတွေက စင်းခန်းကျေးရွာနဲ့ အနီးတစ်ဝိုက်က ကျေးရွာတွေကို လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံပြည်သူတွေဟာ စစ်ကောင်စီသင်္ဘောတွေမရောက်ခင်ကျေးရွာနဲ့ ၃၅ မိုင်ခန့်ကွာဝေးတဲ့ ဗန်းမော်မြို့အတွင်းက ဘုန်းကြီးကျောင်းတွေကို စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး စစ်ကောင်စီသင်္ဘောတွေ စုန်ဆင်းပြီးမှ နေရပ်ပြန်မှာဖြစ်တယ်လို့ သိရပါတယ်။
သင်္ဘောဆန်တက်လာချိန်မှာ ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ စင်းခန်းကျေးရွာ၊ မြလယ်ကျေးရွာ၊ ဘူးတောင်ကျေးရွာနဲ့ ကောင်းတုံကျေးရွာက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။
Era’sEye\News