နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကွတ်ခိုင်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ TNLA တို့ တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့

နမ့်ဖက်ကာကနေ ကွတ်ခိုင်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တအာင်းတပ်(TNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒီကနေ့ ဩဂုတ်လ (၂၆) ရက်နေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

ကွတ်ခိုင်မြို့နယ်ဘက်ကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ TNLA တို့ဟာ ဩဂုတ်လ (၂၅) ရက်နေ့ ညနေ (၅)နာရီကနေ (၆) နာရီအထိ လုံးဆွေရွာအနီး တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်က သူတို့ရဲ့တပ်ဖွဲ့ဝင်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေ အပြည့်တင်ဆောင်လာတဲ့ကား (၁၆) စီးပါ ယာဉ်တန်းဟာ နမ့်ဖက်ကာကနေ ကွတ်ခိုင်ဘက်ကို ထွက်လာစဉ် နယ်မြေလုံခြုံရေးဆောင်ရွက်နေတဲ့ TNLA တပ်မဟာ (၅)၊ တပ်ရင်း (၃၃၅) နဲ့ ထိပ်တိုက်တွေ့ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ရေးသားထားပါတယ်။

အဲ့ဒီတိုက်ပွဲမှာ TNLA ဘက်က ထိခိုက်ကျဆုံးခဲ့တာမရှိခဲ့ဘူးလို့ သိရပါတယ်။ စစ်တပ်ဘက်မှာ ထိခိုက်သေဆုံးတာတွေ ရှိပေမယ့် အသေးစိတ် မသိရှိရသေးဘူးလို့ ဆိုထားပါတယ်။

တအာင်းတပ်(TNLA) နဲ့ စစ်ကောင်စီတပ်တို့အကြား ဇူလိုင်လ (၂၃) ရက်ကနေ ဩဂုတ်လ (၂၆) ရက်နေ့အထိ တိုက်ပွဲပေါင်း (၁၈) ကြိမ်ဖြစ်ပွားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

Era’sEye\News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သိက္ခာရှိတဲ့လွှတ်တော်ဖြစ်အောင် ဆောင်ရွက်ရမယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 1 Views
ဇန်နဝါရီလ (၁၈)ရက်။ ရွေးကောက်ပွဲကျင်းပပြီး သိက္ခာရှိတဲ့လွှတ်တော်ဖြစ်အောင် ဆောင်ရွက်ရမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့ကပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ပြည်သူ့လွှတ်တော်၊
မြန်မာသတင်း

ခင်ဦးနယ် ရွှေကူတဲစုရွာထဲ စစ်ကောင်စီနဲ့ ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ် (၈)လုံး မီးရှို့ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 2 Views
ဇန်နဝါရီလ (၁၇)ရက်။ မနေ့က နံနက် (၅)နာရီအချိန်က ခင်ဦးနယ် ရွှေကူတဲစုရွာထဲ စစ်ကောင်စီနဲ့ ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ပြီး‌ နေအိမ် (၈)လုံးကို
မြန်မာသတင်း

ခင်ဦးနယ် ရွှေကူတဲစုရွာထဲ စစ်ကောင်စီနဲ့ ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ပြီး နေအိမ် (၈)လုံး မီးရှို့ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 2 Views
ဇန်နဝါရီလ (၁၇)ရက်။ မနေ့က နံနက် (၅)နာရီအချိန်က ခင်ဦးနယ် ရွှေကူတဲစုရွာထဲ စစ်ကောင်စီနဲ့ ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ပြီး‌ နေအိမ် (၈)လုံးကို မီးရှို့ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခင်ဦးနယ်အနောက်ခြမ်း ပျဉ်ထောင်ပျူရွာအခြေချ
မြန်မာသတင်း

“တော်လှန်ရေးအောင်မြင်ရင်ဒီမိုကရေစီရလာနိုင်သလား” အပိုင်း (၂)

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 9 Views
“တော်လှန်ရေးအောင်မြင်ရင်ဒီမိုကရေစီရလာနိုင်သလား” အပိုင်း (၂) တော်လှန်ရေးအောင်မြင်ရင် ဒီမိုကရေစီရလာနိုင်သလား ဆိုတဲ့ခေါင်းစဥ်နဲ့ ဒုတိယပိုင်း ဆွေး‌နွေးမှုအဖြစ် ဦးထွန်းအောင်ကျော်နဲ့ ရှေ့နေကြီးဦးကြီးမြင့်တို့ဆွေး‌နွေးမှုကို တင်ဆက် လိုက်ပါတယ် ဒီဆွေးနွေးမှုရဲ့ ဒုတိယပိုင်းအဖြစ် ဒီ မိုကရေစီခိုင်မာအောင် ဘာတွေလိုအပ်သလဲ နဲ့ စစ်အာဏာသိမ်းမှုကနေ ဘယ်လိုကာကွယ်နိုင်မလဲဆိုတဲ့
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

စစ်တွေမြို့ရှိ ကုလားတန်ဆိပ်ကမ်းစီမံကိန်းကို အိန္ဒိယသံအမတ် သွားရောက်ခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 12 Views
ဇန်နဝါရီ (၁၇)ရက်။ မနေ့က စစ်တွေမြို့ရှိ ကုလားတန်ဆိပ်ကမ်းစီမံကိန်းကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Abhay Thakur သွားရောက်ခဲ့တယ်လို့ ရန်ကုန်အခြေစိုက် အိန္ဒိယသံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အိန္ဒိယသံအမတ်ဟာ ကုလားတန်ဆိပ်ကမ်းစီမံကိန်းမှာ ‌ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေကို ပြန်လည်သုံးသပ်ဖို့အနေနဲ့
မြန်မာ့နိုင်ငံရေး မြန်မာသတင်း

အောင်ပန်းမြို့ရဲစခန်းက‌ အချုပ်ဖောက်ထွက်ပြေးသူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 11 Views
ဇန်နဝါရီလ (၁၇)ရက်။ ‌အောင်ပန်းမြို့ရဲစခန်းကနေ အချုပ်ခန်းဖောက် ထွက်ပြေးသွားသူတွေအားလုံးကို ပြန်လည်ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အောင်ပန်းရဲစခန်းရဲ့ အချုပ်ခန်းကနေ ထွက်ပြေးသွားသူတွေထဲက (၂)ဦးကို ဖြစ်တဲ့နေ့မှာပဲ ဖမ်းမိခဲ့တာ။ နောက်ပြီးတော့ (၁၄)ရက်မှာ (၂)ဦးနဲ့
မြန်မာသတင်း

လေကြောင်းတိုက်ပွဲဝင်သူတွေ တိုက်ပွဲဝင်လိုစိတ် မြင့်မားနေရမယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 9 Views
ဇန်နဝါရီလ (၁၇)ရက်။ လေယာဉ်/ရဟတ်ယာဉ် မောင်းနှင်ပျံသန်းတိုက်ပွဲဝင်မယ့်သူတွေအနေနဲ့ တိုက်ပွဲဝင်လိုစိတ်၊ စစ်အောင်လိုစိတ် မြင့်မားနေရမယ်လို့ မနေ့က လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၆) ကျောင်းဆင်းပွဲမှာ လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ လေယာဉ်မောင်းသင်တန်း အမှတ်စဉ်(၈၆)ရဲ့ ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနားကို မနေ့က နံနက်ပိုင်းအချိန်က
မြန်မာသတင်း

ရေးမြို့ အမှတ်(၈)ကားလမ်းပေါ် ရေးဘီလူးအဖွဲ့ စစ်ဆေးခဲ့ရာ စစ်ကောင်စီမီးသတ်တပ်ကြပ်တစ်ဦး ဖမ်းမိခဲ့

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 17 ရက်
  • 5 Views
ဇန်နဝါရီလ (၁၇)ရက်။ မနေ့က နံနက် (၉)နာရီ (၄၀)မိနစ်အချိန်က ရေးမြို့နယ် ရေး-မော်လမြိုင် အမှတ်(၈)ကားလမ်းပေါ် ရေးဘီလူးအဖွဲ့က တက်ရောက်စစ်ဆတာတွေ ပြုလုပ်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရေး-မော်လမြိုင် အမှတ်(၈)ကားလမ်းပေါ် (၅၈၆)တပ်၊ (၃၄၃)တပ်နဲ့