မြန်မာစစ်တပ်ကို စစ်မှန်ပြီး ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရလက်အောက်မှာသာ ထားရှိရမှာဖြစ်ပြီး စစ်ကောင်စီ ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေအတွက် R2P (Responsibility to Protect) အခြေခံမူ နဲ့ အရေးယူဆောင်ရွက်ရမယ့် အချိန်ရောက်ပြီဟု မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂရဲ့ ဇန်နဝါရီ (၂၄) ရက် ကုလအထူးအစည်းအဝေးမှာ ပြောကြား လိုက်ပါတယ်။
R2P – Responsibility to Protect ဟာ နိုင်ငံသူ၊နိုင်ငံသားတွေကို ကာကွယ်ရမယ့် တာဝန်ကို ဒေသခံအစိုးရက ပျက်ကွက်နေတဲ့အခါမှာ နိုင်ငံတကာအသိုက်အဝန်း ကဝင်ရောက်စွက်ဖက်ဖြေရှင်းခွင့်ရှိရမှာ ဖြစ်ပါတယ်။ အကြမ်းဖက် စစ်တပ်ဟာ တရားမဝင် စစ်အာဏာသိမ်းမှုကို ကျူးလွန်ခဲ့တာ (၂) နှစ်တာ ရှိခဲ့ပြီဖြစ်ပြီး လူမဆန်တဲ့လုပ်ရပ်တွေကိုများစွာလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
အဲဒီအတွက် ဒေသတွင်း ကြီးမားတဲ့နောက်ဆက်တွဲ ဆိုးကျိုးတွေကိုသာမြန်မာပြည်သူတွေအနေနဲ့ ခံစားခဲ့ကြရတာဖြစ် ကြောင်း ကုလသမဂ္ဂ အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။