နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း အာရှ

အားလုံးပါဝင်နိုင်မယ့် Network တစ်ခု ထူထောင်နိုင်ရေး ကိုရီးယားရောက် မြန်မာအဖွဲ့အစည်းတွေနဲ့ NUG တွေ့ဆုံ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးနဲ့ ကိုရီးယား အခြေစိုက် တော်လှန် ရေး အဖွဲ့အစည်းတွေ၊ လူမှုရေးအသင်းတွေ စုပေါင်းပြီး ထောက်ပံ့ရန်ပုံငွေဆိုင်ရာ မဟာဗျူဟာတစ်ရပ် ရေးဆွဲဖို့ ဒီနေ့ မတ်လ ၂၆ ရက်နေ့ အင်ချွန်းမြို့မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အဲဒီ တွေ့ဆုံဆွေးနွေးပွဲမှာ စစ်အာဏာရှင်စနစ် အဆုံးသတ်ပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး၊ နိုင်ငံရေး ရည်မှန်းချက်တွေကို မမှိတ်မသုန် ဆောင်ရွက်ရေး၊ NUG အစိုးရကို ထောက်ခံ ထောက်ပံ့ဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကိုရီးယားနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးအတွက် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ လစဉ်ထောက်ပံ့ငွေစနစ် ထူထောင်ဖို့၊ တော်လှန်ရေး ထောက်ပံ့ရန်ပုံငွေဆိုင်ရာ မဟာဗျူဟာတစ်ရပ် ရေးဆွဲဖို့၊ ကိုယ်စားလှယ်ရုံးကနေ ဦးဆောင်ပြီး အားလုံးပါဝင်နိုင်မယ့် ရန်ပုံငွေ ရှာဖွေပွဲ ကျင်းပပေးဖို၊ အဖွဲ့အစည်းတွေ အားလုံးပါဝင်နိုင်မယ့် Network တစ်ခု ထူထောင်နိုင်ရေး စတာတွေကို သဘောတူ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အွန်လိုင်းကတစ်ဆင့် နှုတ်ခွန်းဆက်စကား ပြောကြားပြီး ကိုရီးယားနိုင်ငံအနှံ့မှာရှိတဲ့ အဖွဲ့အစည်း ၄၀ ကျော်နဲ့ တခြား ဖိတ်ကြား ထားသူတွေအပါအဝင် ကိုယ်စားလှယ် ၇၀ ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

(၂)ရက်ထဲ ခင်ဦးနယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၁၃)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 13 Views
ဒီဇင်ဘာလ (၁၈)ရက်။ အခု(၂)ရက်ထဲ ခင်ဦးနယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သား (၁၃)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာသတင်း

လူမှုကွန်ရက်စာမျက်နှာအချို့ကနေ စစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေ ဖယ်ရှားခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 14 Views
ဒီဇင်ဘာလ (၁၈)ရက်။ Twitch၊ Facebook၊ YouTube နဲ့ MediaFire တို့ကနေ အကြမ်းဖက်စစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေ ဖယ်ရှားခံရတယ်လို့ Justice
မြန်မာသတင်း

လှိုင်မြို့နယ်ရှိ စစ်တပ်လက်အောက်ခံ ပိတောက်ချောင်းနယ်မြေရဲစခန်း မိုင်းခွဲခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 13 Views
ဒီဇင်ဘာလ (၁၈)ရက်။ ဒီကနေ့ နံနက် (၃)နာရီ (၄၅)မိနစ်အချိန်က လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမပေါ်ရှိ ပိတောက်ချောင်းနယ်မြေရဲစခန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ဘုရင့်နောင်လမ်းပေါ်က ပိတောက်ချောင်းနယ်မြေရဲစခန်းကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ စခတွေ
မြန်မာသတင်း

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဖွဲ့စည်းတဲ့အပေါ် ထောက်ခံကြိုဆိုတယ်လို့ NUCC ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 15 Views
ဒီဇင်ဘာလ (၁၈)ရက်။ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဖွဲ့စည်းတဲ့အပေါ် ထောက်ခံကြိုဆိုတယ်လို့ NUCC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုလို တော်လှန်ရေးတပ်တွေအကြား ဘုံရည်မှန်းချက်၊ ဘုံလမ်းစဉ်တွေနဲ့ အခြေခံပြီး မဟာမိတ်စုဖွဲ့တာ၊ ပူးတွဲကွပ်ကဲမှုတွေ တည်ဆောက်တာက တော်လှန်ရေးအောင်ပွဲဆီ ပိုမိုတည့်မတ်စွာ
မြန်မာသတင်း

ရွေးကောက်ပွဲသတိပေးတဲ့အနေနဲ့ ဂန့်ဂေါရှိ စစ်ကော်မရှင်ရဲ့ ခလရ(၅၀)တပ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 9 Views
ဒီဇင်ဘာလ (၁၈)ရက်။ မနေ့က နံနက် (၆)နာရီ (၁၅)မိနစ်အချိန်က ဂန့်ဂေါမြို့ရှိ စစ်ကော်မရှင်ရဲ့ ခလရ(၅၀)တပ်ဘက်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဂန့်ဂေါ ခလရ(၅၀)တပ်ဘက် ရှော့တိုက်ဒုံး (၃)လုံး ပစ်ခတ်ခံရတာ။ ဒါပေမယ့်
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူက စိုးရိမ်ပူပန်မှုများ ထုတ်ဖော်ပြောဆိုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် “ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း” မြန်မာစစ်ကောင်စီ က ပြောကြားလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 38 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် “ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း” မြန်မာစစ်ကောင်စီက အင်္ဂါနေ့တွင် ပြောကြား လိုက်သည်။ ယင်းမှာ အသက် ၈၀ အရွယ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့်
တရုတ် နိုင်ငံတကာသတင်း အာရှ အိန္ဒိယ

ဟိမဝန္တာတောင်တန်းရှိ တရုတ်နိုင်ငံ၏ အကြီးမားဆုံး ရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်မည့်အပေါ် အဓိကအချက်များ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 32 Views
ကမ္ဘာ့အကြီးဆုံး စီမံကိန်းဖြစ်လာမည်။ တရုတ်နိုင်ငံသည် ဒေါ်လာ ၁၆၈ ဘီလီယံ အကုန်အကျခံကာ တိဗက်ဒေသရှိ ရာလန် စန်ပို(Yarlung Tsangpo) မြစ်ပေါ်တွင် ရေအားလျှပ်စစ်စီမံကိန်းတစ်ခု တည်ဆောက်နေသည်။ ၎င်းသည် လက်ရှိကမ္ဘာ့အကြီးဆုံးဖြစ်သော ‘သုံးလျှိုဆည်’ (Three Gorges Dam)
မြန်မာသတင်း

မင်းလက်ပံခြံဝင်းထဲ ကျားဖြန့်လုပ်သားတွေ ကင်းစင်သွားကာ ခြံဝင်းကို ချိတ်ပိတ်သိမ်းလိုက်ပြီလို့ KNU ကြေညာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 44 Views
ဒီဇင်ဘာလ (၁၇)ရက်။ သောရင်မြစ်သဲသောင်ပြင်မှာ စောင့်ဆိုင်းနေတဲ့ နိုင်ငံခြားသား ကျားဖြန့်လုပ်သားတွေအားလုံး ထိုင်းနိုင်ငံဘက်ကို အပြီးသတ် ထွက်ခွာသွားပြီလို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဲသောင်ပြင်မှာ စောင့်ဆိုင်းနေသူတွေဟာ တိုက်ပွဲအရှိန် ပိုမိုပြင်းထန်လာတာကြောင့် နေ့တိုင်းလိုလို အရဲစွန့်ပြီး