နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 14 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူမြို့နယ်ထဲမှာ စစ်ရှောင်ပြည်သူ ၆၀ ကျော်မြွေကိုက်ခံရ၊သေဆုံးသူ ၅ဦး ရှိပြီးရှစ်နှစ်နဲ့ ကိုးနှစ်အရွယ်ကလေးနှစ်ဦးပါဝင်

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်ထဲမှာ စစ်ရှောင်ပြည်သူ ၆၀ ကျော် မြွေကိုက်ခံရပြီး သေဆုံးသူ ၅ဦးအထိရှိလာခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် ကထုတ်ပြန်ချက်အရသိရပါတယ်။
ကန့်ဘလူခရိုင်မှာ စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ခွဲကာလအတွင်း စစ်ရှောင်နေရတဲ့ ပြည်သူ အမျိုးသား ၄၅ ဦးနဲ့ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၆၁ဦးအထိ မြွေခိုက်ခံရတာဖြစ်ပါတယ်။


မြွေကိုက်ခံရပြီး ဆေးကုသမှုအချိန်မှီမရတဲ့အတွက် ၅ ဦးထိ အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မြွေကိုက်လို့ သေဆုံးသူ ၅ဦးမှာ ရှစ်နှစ်နဲ့ ကိုးနှစ်အရွယ်ကလေးနှစ်ဦးပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
မလည်တိုက်နယ်ထဲမှာလည်း စစ်တပ်က နေ့စဥ်ရက်ဆက်စစ်ကြောင်းထိုးနေလို့ ပြည်သူတွေ
စစ်ရှောင်နေရတဲ့ တနေရာနဲ့ တနေရာကို အလွယ်တကူ သွားလာဖို့ မလွယ်ကူတာတာကြောင့် ဆေးကုသခွင့်အချိန်မှီမရခဲ့သလို မြွေဆိပ်ဖြေဆေး အလုံအလောက်မရှိတာကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြရတာဖြစ်ပါတယ်။


မြွေကိုက်ခံရတဲ့ စစ်ဘေးရှောင် ၄ ဦးအနက် ၂ ဦးမှာအချိန်မှီဆေးကုသမှုမရခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဧပြီလ ၂၂ ရက်နေ့ညကလည်း မလည်တိုက်နယ် ထန်းတောရွာက စစ်ဘေးရှောင်နေရတဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသားတဦးဟာလည်း တောထဲမှာ စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရပြီး ဆေးကုသမှု အချိန်မှီမရလို့ ဧပြီ ၂၃ ရက်နေ့မှာ သေဆုံးခဲ့ရတယ်လို့သိရပါတယ်။

Era’Eyes |Photo-CJ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဆားလင်းကြီးနယ်မှာ တော်လှန်ရေးတပ်စခန်းတခု ဗုံးကြဲခံရပြီး (၁၀)ဦးကျော် ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 26 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က ဆားလင်းကြီးနယ် ဖိုဝင်တောင်အနီးရှိ တော်လှန်ရေးတပ်စခန်းတခုကို စစ်တပ်က စက်တပ်လေထီး (၃)စီးနဲ့ ဗုံးကြဲခဲ့တယ်လို့
မြန်မာသတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓါးကို ပြန်ရဖို့ မြေးဖြစ်သူ မျှော်လင့်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမွေအနှစ်ဖြစ်တဲ့ ဓါးကို ပြန်လည်ရရှိဖို့ မျှော်လင့်ပါတယ်လို့ မြေးဖြစ်သူ ကိုထိန်လင်းက ဒီကနေ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့အထိမ်းအမှတ်မှာ
မြန်မာသတင်း

ကျောက်တော်နဲ့ မြောက်ဦးမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ပြည်သူ (၇)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ မနေ့က တရက်ထဲ ရခိုင်ပြည်နယ် ကျောက်တော်မြို့နဲ့ မြောက်ဦးမြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ဟာ မနေ့က ည (၉)နာရီကျော်အချိန်က ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်
မြန်မာသတင်း

မြစ်ကြီးနားလေဆိပ် အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 21 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ မနေ့က နံနက်ပိုင်းအချိန်က မြစ်ကြီးနားလေဆိပ်နဲ့ အနီးဝန်းကျင်နေရာတွေ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြစ်ကြီးနားမြို့ ပန်းမတီးရပ်ကွက်ရှိ မြစ်ကြီးနားလေဆိပ်နဲ့ အနီးဝန်းကျင်နေရာတွေကို FPV Suicide Drone တွေ
မြန်မာသတင်း

တလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၂၇)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 18 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ အကြမ်းဖက်စစ်တပ်က နိုင်ငံတဝန်းကို လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၁၀၉)ကြိမ်အထိ ရှိခဲ့တယ်လို့ MDSI ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူ (၁၂၇)ဦး သေဆုံးခဲ့ပြီး
မြန်မာသတင်း

ဝက်လက်နယ်ထဲ လုပ်ကြံသတ်ဖြတ်မှုတွေကို NUG အနေနဲ့ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ ကျောင်းသားသမဂ္ဂထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 33 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ ဝက်လက်မြို့နယ်ထဲမှာ ပြည်သူတွေအပါအဝင် လုပ်ကြံသတ်ဖြတ်မှုများစွာ ပေါ်ပေါက်နေတယ်လို့ မြို့နယ်ကျောင်းသားများသမဂ္ဂရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝက်လက်နယ်ထဲမှာ ၂၀၂၄ခုနှစ် ဇူလိုင်လ (၈)ရက်က ကျောင်းသားရဲဘော် မြင့်မြတ်ဦး၊ ၂၀၂၅ခုနှစ် မေလ (၂၄)ရက်က မြို့နယ်ပအဖရုံးအဖွဲ့
မြန်မာသတင်း

ရွှေပေါက္ကံနယ်မြေရဲစခန်းက စစ်ကောင်စီရဲတွေ မိုင်းခွဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 27 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ မနေ့က ည (၁၁)နာရီ (၄၃)မိနစ်ခန့်က မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက္ကံနယ်မြေရဲစခန်းက စစ်ကောင်စီရဲတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည (၁၁)နာရီ (၄၃)မိနစ်လောက်မှာ
မြန်မာသတင်း

ကျောက်တန်းမြို့မှာ စစ်မှုထမ်းကြေး တဦးကို ငွေကျပ်(၂)သိန်းနှုန်း ကောက်ခံ၊ မပေးရင် စစ်တပ်ခေါ်ပြီး ထုထောင်းခိုင်းမယ်လို့ ကြိမ်းမောင်းနေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 25 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ ရန်ကုန်တိုင်း ကျောက်တန်းမြို့မှာ စစ်မှုထမ်းကြေးဆိုပြီး စစ်တပ်လက်ပါးစေတွေက တဦးကို ကျပ်(၂)သိန်းနှုန်းနဲ့ ကောက်ခံနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။ “ ကျောက်တန်းမြို့ထွေအုပ်ရုံးက ဗိုလ်မှူးဆိုသူရဲ့ မြှောက်ပေးတာနဲ့ ရွှေပျောက်ရွာအုပ်ကြီး သဲမောင်က စစ်မှုထမ်းဖို့ အကျုံး‌ဝင်သူတွေကို