နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကန့်ဘလူမြို့နယ်ထဲမှာ စစ်ရှောင်ပြည်သူ ၆၀ ကျော်မြွေကိုက်ခံရ၊သေဆုံးသူ ၅ဦး ရှိပြီးရှစ်နှစ်နဲ့ ကိုးနှစ်အရွယ်ကလေးနှစ်ဦးပါဝင်

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်ထဲမှာ စစ်ရှောင်ပြည်သူ ၆၀ ကျော် မြွေကိုက်ခံရပြီး သေဆုံးသူ ၅ဦးအထိရှိလာခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် ကထုတ်ပြန်ချက်အရသိရပါတယ်။
ကန့်ဘလူခရိုင်မှာ စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ခွဲကာလအတွင်း စစ်ရှောင်နေရတဲ့ ပြည်သူ အမျိုးသား ၄၅ ဦးနဲ့ အမျိုးသမီး ၁၆ ဦး စုစုပေါင်း ၆၁ဦးအထိ မြွေခိုက်ခံရတာဖြစ်ပါတယ်။


မြွေကိုက်ခံရပြီး ဆေးကုသမှုအချိန်မှီမရတဲ့အတွက် ၅ ဦးထိ အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
မြွေကိုက်လို့ သေဆုံးသူ ၅ဦးမှာ ရှစ်နှစ်နဲ့ ကိုးနှစ်အရွယ်ကလေးနှစ်ဦးပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။
မလည်တိုက်နယ်ထဲမှာလည်း စစ်တပ်က နေ့စဥ်ရက်ဆက်စစ်ကြောင်းထိုးနေလို့ ပြည်သူတွေ
စစ်ရှောင်နေရတဲ့ တနေရာနဲ့ တနေရာကို အလွယ်တကူ သွားလာဖို့ မလွယ်ကူတာတာကြောင့် ဆေးကုသခွင့်အချိန်မှီမရခဲ့သလို မြွေဆိပ်ဖြေဆေး အလုံအလောက်မရှိတာကြောင့် အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ကြရတာဖြစ်ပါတယ်။


မြွေကိုက်ခံရတဲ့ စစ်ဘေးရှောင် ၄ ဦးအနက် ၂ ဦးမှာအချိန်မှီဆေးကုသမှုမရခဲ့တာကြောင့် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အလားတူ ဧပြီလ ၂၂ ရက်နေ့ညကလည်း မလည်တိုက်နယ် ထန်းတောရွာက စစ်ဘေးရှောင်နေရတဲ့ အသက် ၅၃ နှစ်အရွယ် အမျိုးသားတဦးဟာလည်း တောထဲမှာ စစ်ဘေးရှောင်ရင်း မြွေကိုက်ခံရပြီး ဆေးကုသမှု အချိန်မှီမရလို့ ဧပြီ ၂၃ ရက်နေ့မှာ သေဆုံးခဲ့ရတယ်လို့သိရပါတယ်။

Era’Eyes |Photo-CJ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရွေးကောက်ပွဲကို နှောင့်ယှက်တာကြောင့်ဆိုပြီး ဖမ်းဆီးခံရသူ (၆၄)ဦးအထိရှိလာ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 20 Views
အောက်တိုဘာလ (၄)ရက်။ ရွေးကောက်ပွဲကို ကာကွယ်တဲ့ဥပဒေ ပြဌာန်းပြီးတဲ့အချိန်ကစပြီး  စက်တင်ဘာလကုန်အထိ ဖမ်းဆီးခံရသူ (၆၄)ဦးအထိရှိခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မင်းအောင်လှိုင် မန္တလေးရောက်ချိန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 20 Views
အောက်တိုဘာလ (၄)ရက်။ ဒီကနေ့ နံနက် (၆)နာရီ (၁၅)မိနစ်အချိန်က မန္တလေးရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကို ၁၀၇မမ ရှော့တိုက်ဒုံး (၂)လုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့
မြန်မာသတင်း

ထိန်းချုပ်စိုးမိုးထားတဲ့နယ်မြေတွေက မလေးရှားနိုင်ငံလောက်ရှိပြီလို့ NUG ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 14 Views
အောက်တိုဘာလ (၄)ရက်။ NUG နဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်စိုးမိုးထားတဲ့ နယ်မြေတွေက မလေးရှားနိုင်ငံရဲ့ အကျယ်အဝန်းလောက်ရှိပြီလို့ ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက မနေ့က PVTV နဲ့ အင်တာဗျူးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ကျွန်တော်တို့ရဲ့ ထိန်းချုပ်စိုးမိုးဒေသဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ တရုတ်နိုင်ငံကို သားဖြစ်သူ တောင်းဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 4 ရက်
  • 16 Views
အောက်တိုဘာလ (၄)ရက်။ မတရားဖမ်း‌ဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက တရုတ်နိုင်ငံအနေနဲ့ ကူညီပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ ကိုထိန်လင်းက ဒီကနေ့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ “ တရုတ်နိုင်ငံကို တောင်းဆိုခြင်း”
မြန်မာသတင်း

အကျဉ်းသားထွက်ပြေးတာတွေရှိတဲ့အပေါ် တရားရုံးတွေ အထူးသတိထားဖို့ NUG ပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 3 ရက်
  • 32 Views
အောက်တိုဘာလ (၃)ရက်။ မြေပြင်မှာ အကျဉ်းသားထွက်ပြေးတာတွေ ရှိနေတဲ့အပေါ် တရားရုံးတွေ အထူးသတိထားဖို့ NUG တရားရေးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်မေပိုးက မြို့နယ်တရားသူကြီးတွေနဲ့ တွေ့ဆုံတဲ့အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခု မြေပြင်မှာ
မြန်မာသတင်း

ရေစကြိုမြို့ပေါ်မှာ လှည့်ကင်းပတ်တဲ့ စစ်ကားရဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 3 ရက်
  • 36 Views
အောက်တိုဘာလ (၃)ရက်။ အောက်တိုဘာလ (၁)ရက်နေ့ ညနေ (၆)နာရီအချိန်က ရေစကြိုမြို့ပေါ်မှာ လှည့်ကင်းပတ်တဲ့ စစ်ကားရဲ့ ရမ်းသန်းပစ်ခတ်တာကြောင့် ပြည်သူတစ်ဦး ထိမှန်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ ဖြစ်တာက ညနေ (၆)နာရီလောက် ရုံးပေါင်းစုံကနေ Alphard
မြန်မာသတင်း

TNLA ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်တပ်က လေကြောင်းနဲ့ ပေါင် (၅၀၀)ဗုံး ကြဲချ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 3 ရက်
  • 23 Views
အောက်တိုဘာလ (၃)ရက်။ မနေ့က ည (၁၀)နာရီကျော်အချိန်မှာ သီပေါမြို့ကို စစ်တပ်က လေကြောင်းကနေ ပေါင် (၅၀၀)ဗုံး (၂)လုံး ကြဲချခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ည (၁၀)နာရီ
မြန်မာသတင်း

မန္တလေးမြို့လယ်မှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုပြုလုပ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 3 ရက်
  • 24 Views
အောက်တိုဘာလ (၃)ရက်။ မန္တလေးမြို့လယ်မှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲအတုကို ဆန့်ကျင်တဲ့ လူထုလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီလှုပ်ရှားမှုထဲ “ သင့်မဲနဲ့ တရားဝင်လူသတ်ခွင့်မပေးနဲ့” ၊ “ ဖက်ဆစ်ရွေးကောက် ခွေးထွက်ပေါက်