စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ညောင်ကုန်းရွာကို စစ်ကောင်စီတပ်က ဗုံးကြဲခဲ့ပြီး ဘုန်းကြီးတစ်ပါးအပါအဝင် သေဆုံးသူ ၁ဝဦးရှိတယ်လို့ ဆိုပါတယ်။

တံတားဦးလေဆိပ်ကနေ ဂျက်ဖိုက်တာနဲ့ ညနေ ၃နာရီခွဲမှာ ဗုံးနှစ်ကြိမ်လာရောက်ကြဲချသွားတာဖြစ်ပြီး ဘုန်းကြီးကျောင်းဆောင်ကို ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိ ဘုန်းကြီးတစ်ပါးအပါအဝင် သေဆုံးသူဆယ်ဦးထိရှိပြီး ဘုန်းကြီးကျောင်းဆောင်နှစ်ဆောင်နဲ့ နေအိမ်၁၃လုံးမီးလောင်ခဲ့တယ်လို့ သိရပါတယ်။