နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 9 ရက်

မြန်မာ့စီးပွားရေး

မြန်မာ့စီးပွားရေး မြန်မာသတင်း

မြန်မာနိုင်ငံမှ ထွက်ခွာလိုသူများ ပိုမိုများပြားလာခြင်းကြောင့် နိုင်ငံကူးလက်မှတ်များ ပြန်လည်ထုတ်ပေးမှု စတင်

စီးပွားရေး နှေးကွေးမှုကြောင့် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ရန် သို့မဟုတ် ပညာသင်ကြားရန် မျှော်ကိုးသူများ အစုလိုက်အပြုံလိုက် မြန်မာနိုင်ငံမှ ထွက်ခွာကြသည်။

မြန်မာအာဏာပိုင်များသည် နိုင်ငံကူးလက်မှတ် ထုတ်ပေးမှုများကို နှစ်လခန့် ဆိုင်းငံ့ထားပြီးနောက် ထုတ်ပေးမှုကို ပြန်လည် စတင်လိုက်ပြီဖြစ်သည်။ ဝဘ်ဆိုဒ်ကို ပြင်ဆင်မွန်းမံမှုများ လုပ်နေသောကြောင့် ဇန်နဝါရီလကတည်းက နိုင်ငံကူး လက်မှတ်အသစ်များ ထုတ်ပေးခြင်း မရှိသေးသော်လည်း လျှောက်လွှာများကို သောကြာနေ့မှ စတင်လက်ခံနေပြီ ဖြစ်သည်။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖေဖော်ဝါရီ (၅) ရက်က လေကြောင်းလိုင်းကောင်တာများရှေ့တွင် စောင့်ဆိုင်းနေသူများ။

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလတွင် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် စီးပွားရေးကျဆင်းမှုသည် နိုင်ငံကူးလက် မှတ် လျှောက်ထားမှုများနှင့်အတူ နိုင်ငံမှထွက်ခွာရန် ကြိုးပမ်းနေသူများ ပိုမိုများပြားလာခဲ့သည်။ အာဏာပိုင်များသည် ဖေဖော်ဝါရီ ၂၄ ရက်တွင် အွန်လိုင်းမှ ကြိုတင်လျှောက်လွှာတင်မှုများကို ပြန်လည်လက်ခံခဲ့သည်။ သို့သော် ပြန်လည်ဖွင့်လှစ်ရန် စောင့်ဆိုင်းနေသူများစွာသည် ဝဘ်ဆိုက်သို့ ဝင်ရောက်ရန် ခက်ခဲနေပြီး ၎င်းတို့၏ လျှောက်လွှာများကို အပြီးသတ်တင်နိုင်ရန် ဝင်ရောက်သူများပြားလွန်းသဖြင့် စနစ်အတွင်းသို့ ဝင်ရောက်ရန် ခက်ခဲနေပါသည်။

“ကျွန်မက ဧပြီလမှာ သူနာပြုစောင့်ရှောက်မှုမှာ ကျွမ်းကျင်လုပ်သားအဖြစ် နေထိုင်ခွင့်နဲ့ ဂျပန်နိုင်ငံကို သွားရောက်ဖို့ စီစဉ်နေပြီး ထုတ်ပေးမှုတွေ ပြန်စတော့မယ်လို့ ကြားသိရလို့ ဝမ်းသာပါတယ်” “ ဂျပန်ဟာ သာယာလှပတဲ့ နိုင်ငံတစ်ခုလို့ ကျွန်မကြားပြီး အဲဒီကို အမြဲသွားချင်ခဲ့တယ်” ။ ဟု နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန်မြို့ ပတ်စ်ပို့ရုံးသို့ သွားရောက်ခဲ့သူ အမျိုး သမီးတစ်ဦးက သောကြာနေ့က ပြောကြားခဲ့သည်။

၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးမှ အွန်လိုင်းကြိုတင်လျှောက်လွှာတင်မှုများကို လက်ခံခြင်း မပြုတော့ပါ။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလတွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းကို ရပ်ဆိုင်းခဲ့သည်။ ပြန်လည်စတင်မည့်ရက်ကို တိတိကျကျ သတင်းပေးမထား သောကြောင့် လျှောက်ထားသူများအတွက် စိုးရိမ်စရာဖြစ်သည်။

နိုင်ငံကူးလက်မှတ် ထုတ်ပေးမှု မရပ်ဆိုင်းခင် နိုင်ငံကူးလက်မှတ်ရုံးတွင် နေ့တိုင်း တန်းစီနေရကာ ပွဲစားများ ပေါ်လာပြီး အွန်လိုင်း ကြိုတင်လျှောက်လွှာတင်မှုများ ပြုလုပ်ရန် ငွေအမြောက်အမြား တောင်းဆိုခြင်းကြောင့် ရှုပ်ထွေးမှုများ ဖြစ်ပေါ်ခဲ့သည်။

၂၀၂၂ ခုနှစ်တွင် ဂျပန်နိုင်ငံသို့ မြန်မာနိုင်ငံသား ၂၃,၀၀၀ ခန့် ဝင်ရောက်ခဲ့ကြောင်း ဂျပန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန၏ အချက်အလက်များအရ သိရသည်။ ဂျပန်အစိုးရသည် COVID-19 ကပ်ရောဂါကာလအတွင်း ပြည်ဝင်ခွင့် ကန့်သတ်ချက်များကို ဖြေလျှော့ပေးပြီးနောက် ထိုနှစ်ဧပြီလတွင် အရေအတွက် တိုးလာခဲ့သည်။ နေထိုင်ခွင့် အခြေအနေရှိသူများ၏ ထက် ဝက်ခန့်သည် သတ်မှတ်ထားသော နည်းပညာဆိုင်ရာ ကျွမ်းကျင်မှု သို့မဟုတ် နည်းပညာ သင်တန်းသားအဖြစ် ရရှိကြသည်။

ဂျပန်သို့ လုပ်သားစေလွှတ်သည့် ကုမ္ပဏီတစ်ခု၏ အဆိုအရ ဗီယက်နမ်နှင့် အခြားနိုင်ငံများတွင် ဂျပန်သို့ သွားလိုသော လူအရေအတွက်သည် ယန်းငွေတန်ဖိုး ကျဆင်းမှုနှင့် ဝင်ငွေများ မြင့်တက်လာခြင်းကြောင့် ကျဆင်းလာကြောင်း သိရသည်။ ယင်းကြောင့် အလုပ်သမားများ ရရှိရေးအတွက် အရင်းအမြစ်တစ်ခုအဖြစ် မြန်မာနိုင်ငံကို ပိုမိုစိတ်ဝင်စားလာခဲ့သည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ (၂၇) ရက်နေ့ Nikkei သတင်းပါ “ Myanmar begins reissuing passports as more people look to leave” ဆောင်းပါးကို ခေတ်မျက်လုံးက ဘာသာပြန်ထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဗိုလ်ချုပ်ဂွမ်မော်နဲ့အဖွဲ့ ရှမ်းမြောက်မှာ MNDAA၊ TNLA တို့နဲ့ တွေ့ဆုံခဲ့တယ်လို့ သတင်းတွေထွက်ပေါ်

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 36 Views
ဧပြီလ (၈)ရက်။ အခုလ ပထမအပတ်က KIO ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်နဲ့အဖွဲ့ဟာ ရှမ်းမြောက်က ဒေသတွေကို သွားရောက်ခဲ့တယ်လို့ ဒေသထဲသတင်းထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
မြန်မာသတင်း

မန္တလေးမှာ ကျပ် (၁၅)ဘီလီယံခန့်ရှိ မူးယစ်ဆေးဝါးတွေ စစ်ကောင်စီ ဖမ်းဆီး

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 29 Views
ဧပြီလ (၈)ရက်။ ဧပြီလ (၆)ရက်နေ့က မန္တလေးမှာ ငွေကျပ် (၁၅)ဘီလီယံခန့်ရှိ မူးယစ်ဆေးဝါးတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ကိုယ်စားလှယ်အချို့ ကန့်ကွက်တာရှိပေမယ့် မင်းအောင်လှိုင်စီမံတဲ့အတိုင်း ဝန်ကြီးဌာနတွေကို အောင်လင်းဒွေး အတည်ပြု

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 30 Views
ဧပြီလ (၈)ရက်။ မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် စီမံတဲ့အတိုင်း ဝန်ကြီးဌာနတွေကို အတည်ပြုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ မင်းအောင်လှိုင် စီမံထားတဲ့ ဝန်ကြီးဌာနတွေထဲမှာ ဟိုတယ်/ခရီးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနဆိုပြီး ပေါင်းစပ်ဖွဲ့စည်းထားတဲ့အပေါ် သီးခြားစီ ဖွဲ့စည်းဖို့
မြန်မာသတင်း

မင်းအောင်လှိုင်ချွေးမ မျိုးရတနာထိုက်ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ JFM တောင်းဆို

  • 2026 ခုနှစ်၊ ဧပြီလ 8 ရက်
  • 24 Views
ဧပြီလ (၈)ရက်။ မင်းအောင်လှိုင်ရဲ့ ချွေးမဖြစ်တဲ့ မျိုးရတနာထိုက်ကို ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ Justice for Myanmar(JFM)က မနေ့က ထုတ်ပြန်တောင်းဆိုထားတယ်လို့ သိရပါတယ်။ မင်းအောင်လှိုင်ရဲ့ မိသားစုဟာ မတရားရရှိထားတဲ့ စည်းစိမ်ဥစ္စာတွေကို ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံထားပြီး ဒေါ်လာသန်းချီတန် တန်ဖိုးကြီး
မြန်မာသတင်း

ခင်ဦးမှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 33 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ခင်ဦးမြို့နယ်မှာ စစ်ကော်မရှင်တပ်သားတဦး လက်နက်ခဲယမ်းနဲ့ အလင်းဝင်လာတယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ လက်နက်အပ်ပြီး အလင်းဝင်လာတဲ့ စကမတပ်သားက ခင်ဦးမြို့နယ် အထကမှာ အထိုင်ချတပ်စွဲနေတာ။ သူက UG အဖွဲ့နဲ့
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 24 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၄၀)အချိန်က ဒီပဲယင်းနယ်အနောက်ခြမ်းကို စစ်တပ်က အသေခံဒရုန်းနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖထံက သိရပါတယ်။ “ မုံရွာ နမခဘက်ကနေ အသေခံဒရုန်းတစီးနဲ့ ဒီပဲယင်းနယ်အနောက်ခြမ်း အင်ပင်ရွာထဲကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်သွားတာ။
မြန်မာသတင်း

မင်းအောင်လှိုင်ရဲ့ ဝန်ကြီးတွေ နာမည်စာရင်း လွှတ်တော်မှာ တင်ပြ

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 132 Views
ဧပြီလ (၇)ရက်။ ဒီကနေ့ ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်မှာ မင်းအောင်လှိုင် အဆိုပြုတဲ့ ဝန်ကြီး (၃၀)ဦးရဲ့ နာမည်စာရင်းတွေကို တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဝန်ကြီးစာရင်းတွေထဲ ခင်မောင်ရီ၊ အောင်ကျော်ဟိုး၊ တင်အောင်စန်း၊ မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး ထွန်းအောင်၊
မြန်မာသတင်း

သဖန်းဆိပ်ဆည်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 7 ရက်
  • 24 Views
ဧပြီလ (၇)ရက်။ မနေ့က ကျွန်းလှမြို့ရှိ သဖန်းဆိပ်ဆည်နဲ့ အနီးဝန်းကျင်ဒေသကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဖန်းဆိပ်ဆည်နဲ့ ရေအားလျှပ်စစ်စက်ရုံကို တော်လှန်ရေးတပ်တွေက ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ ထိန်းချုပ်နိုင်ခဲ့ကာ စစ်တပ်က စစ်ကြောင်းတွေခွဲပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။