နေပြည်တော်တွင် အကြမ်းဖက် စစ်ကောင်စီက ကျင်းပမည့် ၇၈ နှစ် မြောက် တပ်မတော်နေ့အခမ်းအနား ပြုလုပ်မည့် စစ် ရေးပြ လေ့ကျင့်ကွင်းကို ယနေ့ည ၇ နာရီခွဲ အချိန်က ရှော့တိုက်ဒုန်း ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များထံကသိရပါတယ်။
မတ်၂၆ ရက်နေ့ ည ၇ နာရီ ၃၀ အချိန်တွင် စစ်ရေးပြ လေ့ကျင့်ကွင်းကို ပစ် ခတ် တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ တပ်မ တော် နေ့ အတွက် ညပိုင်း လုံခြုံရေးများ၊ အခမ်းအနားအတွက် ပြင်ဆင်နေသည့် စစ်ကောင်စီတပ်သားများ ရှိနေကြောင်း၊ သို့ရာတွင် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှု အခြေအနေများကို မသိရွိရေသးဘဲ စစ်ကားများဖြင့် နေရာပေါင်းစုံကို ပိတ်ဆို့ စစ်ဆေးနေတယ်လို့သိရပါတယ်။