မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက် (၄၀)၊ ၇၆ လမ်းနဲ့ ၈ လမ်းထောင့်မှာ ဒီနေ့ မတ်လ ၂၇ ရက်နေ့မှာ ဖုန်းအားသွင်းထားရာမှ နေအိမ် ၇ လုံး မီးလောင်ခဲ့တယ်လို့ သိရပါတယ်။
မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဥ်ကာ၊ အောက်အုတ်စီ ၂ ထပ် နေအိမ်တွေ အပါအဝင် နေအိမ် ၇ လုံး ပျက်စီးခဲ့ပြီး ကျပ်သိန်းပေါင်း တစ်ထောင်ကျော် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
မတ်လ ၂၅ ရက်ည ၁၀ နာရီခန့်ကလည်း အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ အရှေ့ရပ်ကွက်၊ အကွက် ၁၆၅၊ အိမ်အမှတ် ၁၅၊ ၂၃ လမ်း၊ လမ်း ၈၀ နဲ့ ၈၁ လမ်းကြားမှာရှိတဲ့ RC သုံးထပ် အဆောက်အဦ တတိယထပ် အိပ်ခန်းမှာ ဖုန်းအားသွင်းကြိုးကတစ်ဆင့် အပူလွန်ကဲပြီး မီးလောင်ကျွမ်းခဲ့တာကြောင့် နေအိမ် တစ်လုံး မီးလောင်ပျက်စီးခဲ့ပါသေးတယ်။