၂၀၂၃ ခုနှစ် ၊ ဇွန် (၂၈)ရက် ၊ ခေတ်မျက်လုံး။
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းမှာ ကင်းလှည့်နေတဲ့ စစ်ကောင်စီရဲ့ ပွိုင့်ကားကို ရေးဘီလူးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးသေဆုံးသွားတယ်လို့ သိရပါတယ်။
ရေးမြို့နယ်၊ ကလော့ကြီးကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ ကင်းလှည့်ပွိုင့်ကားကို ယနေ့ ဇွန်လ ၂၈ရက် နံနက် ၈နာရီခွဲအချိန်က ရေးဘီလူးအဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။
“ရေးမြို့နယ်၊ ကလော့ကြီးကျေးရွာ စခ(၁၉) ကင်းလှည့်ပွိုင့်ကားကြီးကို ဒီမနက် ၈နာရီခွဲမှာ ဝင်ကျွေးတာ စခ ၅ကောင် အိပ်သွားတယ်”လို့ ရေးဘီလူးအဖွဲ့က ဆိုထားပါတယ်။ အလားတူ ဇွန်လ ၂၆ရက်နေ့ကလည်း ရေးမြို့နယ်အတွင်းရှိ ကျေးရွာတွေမှာ ဗိုလ်ကြအနိုင်ကျင့် ငွေတောင်းနေတဲ့ ပျူစောထီးခေါင်းဆောင် စိုးအောင်ကို ရေးဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
Era’sEye