နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

PPST အဖွဲ့ဝင်အချို့က NCA ပြဌာန်းချက်ပါမူများကို ဆန့်ကျင်ပြီး အဖွဲ့ဝင်လျှော့ချမှု ၅ဖွဲ့သာရှိတော့


၂၀၂၃ ခုနှစ် ၊ ဇွန် (၂၈)ရက် ၊ ခေတ်မျက်လုံး။

အပစ်ရပ် ၁၀ဖွဲ့ဖြင့် ဖွဲ့စည်းထားတဲ့ PPST အဖွဲ့ဝင်အချို့က NCA ပြဌာန်းချက်ပါမူများကို ဆန့်ကျင်ပြီး အဖွဲ့ဝင်အဆင့်လျှော့ချကြတယ်လို့ PNLO ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာရဲ့ ပြောဆိုချက်အရ သိရပါတယ်။

နေပြည်တော်မှာ စစ်ကောင်စီငြိမ်းချမ်းရေးကော်မတီနဲ့ အပစ်ရပ် ၅ဖွဲ့တို့ ၃ရက်ကြာတွေ့ဆုံစဉ် ပထမရက်မှာ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အဖွင့်မိန့်ခွန်းအတွင်း ယခုလို ပြောဆိုခဲ့တာပါ။

“၂၀၂၁ခုနှစ်ဦးပိုင်း နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်လာပြီးနောက် PPST အဖွဲ့ဝင်အချို့ဟာ NCA ပြဌာနးချက်ပါမူများနဲ့ဆန့်ကျင်ပြီး အဖွဲ့ဝင်အဆင့်လျှော့ချကြပါတယ်။ ဒါကြောင့် PPST ၇ဖွဲ့နဲ့ ၂၀၂၂ခုနှစ်ကစပြီးတော့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲတွေမှာ တဖွဲ့ချင်းအလိုက်၊ ၃ဖွဲ့တစ်စုနဲ့ နောက်ဆုံး ၇ဖွဲ့အစုအဖွဲ့နဲ့ တပေါင်းတစည်းထဲ ဆွေးနွေးနိုင်ခဲ့ကြပါတယ်။ သို့သော် ဒီကနေ့ပွဲမှာတော့ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့ ၅ဖွဲ့အနေနဲ့သာ ပါဝင်ဆွေးနွေးလာရတာဖြစ်ပါတယ်”လို့ ၎င်းက ဆိုပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)စတင်ဖွဲ့စည်းခဲ့ချိန်က NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ဖွဲ့ပါဝင်ခဲ့ပေမယ့် ၂၀၂၁ခုနှစ်ဦးပိုင်း နိုင်ငံရေးအပြောင်းအလဲဖြစ်ပေါ်လာပြီးနောက် ယခုလို အဖွဲ့ဝင်အဆင့်လျှော့ချမှုတွေ ရှိလာတယ်လို့ သိရပါတယ်။

ယခုကျန်ရှိတဲ့ PPST အဖွဲ့ဝင် ၅ဖွဲ့အနေနဲ့ မူလ NCA ပြဌာန်းချက်များ၊ PPST စုံညီကချမှတ်ထားတဲ့ မူများအတိုင်းသာ ဆက်လက်လိုက်နာ ဆောင်ရွက်သွားကြမှာဖြစ်ပြီး အရပ်သားများ ပြည်သူလူထုများအတွက် ဝန်ထုတ်ဝန်ပိုးဖြစ်စေမယ့် လုပ်ရပ်များကို လုံးဝရှောင်ကြဉ်ကြတယ်လို့ အထက်ပါပုဂ္ဂိုလ်က ထပ်မံပြောဆိုခဲ့ပါတယ်။

ဒါ့ပြင် သက်ဆိုင်ရာ နယ်မြေအသီးသီးမှာ ပြည်သူလူထုရဲ့ လုံခြုံရေး စားရေရိက္ခာပြတ်လက်မှုမရှိစေရေးနဲ့ အကြမ်းဖက်ပဋိပက္ခကင်းလွတ်စေရေးများကို ကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ထည့်သွင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အာရက္ခလမ်းစဥ်နဲ့နျူဂျီလမ်းစဥ်ဘာကွာခြားလဲ?

  • 2026 ခုနှစ်၊ ဧပြီလ 12 ရက်
  • 22 Views
ဒီအပတ်တနင်္ဂနွေနေ့မှာ ပြောကြားမဲ့အကြောင်းကတော့ အာရက္ခတပ်တော်က ဘာလမ်းစဥ်နဲ့ချီတက်နေပြီး နျူဂျီကဘာလမ်းစဥ်ကိုကိုင်ဆွဲချီတက်နေသလဲဆိုတာကို ဦးထွန်းအောင်ကျော်နဲ့ဦးထွန်းကြည်တို့ကဆွေး‌နွေးတင်ပြသွားကြမှာဖြစ်ပါတယ်၊ ဒီည မြန်မာစံတော်ချိန်ည ၇နာရီခွဲမှာ ခေတ်မျက်လုံး Era’s Eye
မြန်မာသတင်း

စေတုတ္တရာရှိ စစ်တပ်ဂိတ်စခန်း တိုက်ခိုက်ခံရပြီး (၈)ဦး ပွဲချင်းပြီးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 26 Views
ဧပြီလ (၁၁)ရက်။ မနေ့က နံနက် (၅(နာရီအချိန်က စေတုတ္တရာမြို့ ကင်ပွန်းခြုံရွာရှိ စစ်တပ်ဂိတ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ CDF-Asho ရဲ့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

အာရက္ခတပ်တော်၏ ၁၇နှစ်မြောက်တည်ထောင်သည့်အထိမ်းအမှတ်ကို ယောကာကွယ်‌ရေး တပ် (YDF) မှသဝဏ်လွှာပေးပို့။

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 27 Views
အာရက္ခတပ်တော်ကြောင့်ယောကာကွယ်ရေးတပ်အနေနှင့် ယောအမျိုးသားရေး လမ်းစဥ် ကိုအောင်မြင်စွာချမှတ်နိုင်ခဲ့သည့်အပြင် တပ်ဖွဲ့စည်းပုံကိုလည်း ခိုင်မာစွာတည်ဆောက် နိုင်ခဲ့ခြင်းသည် အာရက္ခတပ်တော်၏ ညီရင်းအကို စိတ်ဓါတ်ကြောင့်ဖြစ်ကြောင်းဂုဏ်ပြု ရေးသားထားသလိုအာရက္ခတပ်တော်၏မဆုတ်မနစ် မိမိရည်မှန်းချက်ကို မျက်ခြေပြတ် မခံဘဲကြိုးစားမှုကြောင့်ယခုအခါ အာရက္ခတပ်တော်သည်  မိမိရည်မှန်းချက်ကို ရရှိရန် လက်တကမ်းအလိုလောက်သာရှိတော့သည့်အတွက် စိတ်အားတက်မိကြောင်းလည်းဆိုသည်။ ရန်သူစစ်အုပ်စုကိုအမြန်ဆုံးခြေမှုန်းနိုင်စေ‌ကြောင်းလည်းရေးသားဂုဏ်ပြုခဲ့ပါသည်။
မြန်မာသတင်း

‌သင်္ကြန်ကာလ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ယာယီပိတ်မယ်လို့ မြို့နယ်ပကဖထုတ်ပြန်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 22 Views
ဧပြီလ (၁၁)ရက်။ သင်္ကြန်ကာလထဲ ရေစကြိုမြို့ ဝင်/ထွက်လမ်းတွေ ဖြတ်သန်းသွားလာခွင့်နဲ့ပတ်သက်ပြီး မြို့နယ်ပကဖက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ လာမယ့် ဧပြီလ (၁၃)ရက်နေ့ကနေ (၁၇)ရက်နေ့ မြန်မာနှစ်ဆန်းတရက်နေ့အထိ မြို့ဝင်/ထွက်လမ်းတွေ အားလုံးကို ယာယီပိတ်ထားမယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့်
မြန်မာသတင်း

တော်လှန်ရေးဦးဆောင်ကောင်စီ SCEF ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးပြုလုပ်

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 31 Views
ဧပြီလ (၁၁)ရက်။ မနေ့က ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF)ရဲ့ ပထမဆုံးအကြိမ် အစည်းအဝေးကို အွန်လိုင်းကနေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အစည်းအဝေးကို မဟာဗျူဟာနဲ့ မူဝါဒရေးရာဦးဆောင်အဖွဲ့ခေါင်းဆောင်တွေ၊ အတွင်းရေးမှူးအဖွဲ့ဝင်တွေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီဝင်တွေ စုံညီစွာ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး
မြန်မာသတင်း

၂၀၂၇ခုနှစ်မကုန်ခင် လက်စသိမ်းအောင်ပွဲခံမယ်လို့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ပြော

  • 2026 ခုနှစ်၊ ဧပြီလ 11 ရက်
  • 23 Views
ဧပြီလ (၁၁)ရက်။ အခုနှစ်နဲ့ ၂၀၂၇ခုနှစ် မကုန်ခင် လက်စသိမ်းအောင်ပွဲခံမယ်လို့ AA တပ်မမှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က (၁၇)နှစ်မြောက် အာရက္ခတပ်တော်နေ့မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အခုကာလဟာ စစ်ပွဲကာလဖြစ်ပြီး အဘက်ဘက်က အခက်အခဲပေါင်းစုံနဲ့ ဖြတ်သန်းနေရပြီး စစ်ကောင်စီက တိုက်ပွဲမှာ
မြန်မာသတင်း

AA တည်ထောင်တာ (၁၇)နှစ်ပြည့် အခမ်းအနားကို မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 30 Views
ဧပြီလ (၁၀)ရက်။ ဒီကနေ့ AA တည်ထောင်တာ (၁၇)နှစ်ပြည့်တဲ့ အထိမ်းအမှတ်အခမ်းအနားကို ညီနောင်မဟာမိတ်တွေဖြစ်တဲ့ MNDAA နဲ့ TNLA တို့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဝဏ်လွှာထဲ ဒီကနေ့ နေ့ထူးနေ့မြတ်ကစပြီး AA
မြန်မာသတင်း

မင်းအောင်လှိုင်က စိုးဝင်းကို အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌနေရာပေး

  • 2026 ခုနှစ်၊ ဧပြီလ 10 ရက်
  • 198 Views
ဧပြီလ (၁၀)ရက်။ မင်းအောင်လှိုင်ရဲ့ အတိုင်ပင်ခံကောင်စီဥက္ကဋ္ဌအနေနဲ့ ဒုစစ်ခေါင်းဆောင် စိုးဝင်းကို နေရာပေးခန့်အပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ဖွဲ့စည်းတဲ့ အတိုင်ပင်ခံကောင်စီကို ဥက္ကဋ္ဌ စိုးဝင်းအပါအဝင် (၁၁)ဦးနဲ့ ဖွဲ့စည်းခဲ့ကာ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ကိုကိုလှိုင်၊ သန်းဆွေ၊