နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 7 ရက်

Exclusive Interview

Exclusive Interview

ဂါဇာကမ်းမြောင်ဒေသမှ သတင်းပေးပို့နေသော သတင်းသမားများ၏ လုံခြုံရေးကို အာမခံချက် မပေးနိုင်ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ IDF မှပြောကြား။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၈) ရက်၊ ခေတ်မျက်လုံး။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ဂါဇာကမ်းမြောင်ဒေသမှ သတင်းပေးပို့နေသော သတင်းထောက်များ၏ လုံခြုံရေးကို အာမခံမပေးနိုင်ကြောင်း နိုင်ငံတကာသတင်းအဖွဲ့အစည်းများကို ပြောကြားခဲ့သည်ဟု သောကြာနေ့က ထုတ်ပြန်သည့် ရိုက်တာသတင်းတွင် ဖော်ပြထားသည်။ နိုင်ငံတကာ သတင်းအေဂျင်စီ ရိုက်တာနှင့် Agence France Presse (AFP) တို့သည် ဂါဇာရှိ ၎င်းတို့၏ မြေပြင်မှ သတင်းထောက်များအား အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပစ်မှတ်ထားခံရမည် မဟုတ်ကြောင်း အာမခံရန်အတွက် ယခုသီတင်းပတ်အတွင်း အစ္စရေးစစ်တပ်ထံ ဆက်သွယ်ခဲ့သည်။

IDF က ၎င်းတို့သည် “ ဂါဇာတဝှမ်းရှိ ဟားမတ်စ်များ၏ စစ်ရေးလှုပ်ရှားမှုအားလုံးကို ပစ်မှတ်ထားနေကြောင်း” နှင့် အေဂျင်စီနှစ်ခုလုံးထံ စာတစ်စောင်၌ တုံ့ပြန်ခဲ့ပြီး “ ဤအခြေအနေများကြောင့်၊ IDF သည် သတင်းဌာန၏ ဝန်ထမ်းများ၏ လုံခြုံရေးကို အာမ မခံနိုင်ကြောင်း၊ ၎င်းတို့အား သူတို့ရဲ့ လုံခြုံရေးအတွက် လိုအပ်တဲ့ အစီအမံတွေကို မိမိဖာသာလုပ်ထားဖို့ တိုက်တွန်းတယ်” ဟုအစ္စရေးတပ်ဖွဲ့ဘက်က တုံ့ပြန်ခဲ့ပါသည်။

သတင်းသမားများနှင့် အရပ်သားများအနီးတွင် ဟားမတ်စ်တို့က စစ်ရေးစစ်ဆင်ရေးများကို တမင်တကာ ချထားသည်ဟုလည်း အဆိုပါစာတွင် ဖော်ပြထားသည်။ IDF မှ ဖော်ပြသော အဆိုပါ စွပ်စွဲချက်များသည် အမှန်တကယ် ဟုတ်မဟုတ် မေးမြန်းသောအခါ ဟားမတ်စ်က ချက်ချင်း တုံ့ပြန်ခြင်း မရှိကြောင်း Reuters က ပြောကြားခဲ့သည်။ Reuters နှင့် AFP တို့သည် ဂါဇာရှိ သတင်းထောက်များ၏ လုံခြုံရေးအတွက် စိုးရိမ်ကြောင်း ဖော်ပြခဲ့ကြသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

“မြေပြင်အခြေအနေက ဆိုးရွားနေပြီး IDF က သတင်းဌာနတွေက ဝန်ထမ်းတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အာမခံချက်ပေးဖို့ ဆန္ဒမရှိတာက ဒဏ်ရာရ ဒါမှမဟုတ် သေဆုံးမှာကို မစိုးရိမ်ဘဲ ဒီပဋိပက္ခနဲ့ ပတ်သက်တဲ့ သတင်းတွေကိုပေးပို့နေတဲ့ သူတို့ရဲ့ သတင်းပေးပို့နိုင်စွမ်းကို ခြိမ်းခြောက်နေပါတယ်” ဟု ရိုက်တာ၏ IDF အတွက် ထုတ်ပြန်ချက်ကို ကိုးကား ဖော်ပြထားသည်။

“ ကျွန်ုပ်တို့ဟာ မယုံနိုင်လောက်အောင် မရေရာသော အနေအထားတွင် ရှိနေပြီး အလွန်အန္တရာယ်များတဲ့ အခြေအနေအောက်မှာ လုပ်ဆောင်နေတဲ့ သတင်းထောက်အဖွဲ့ အများအပြား ရှိနေကြောင်း ကမ္ဘာက နားလည်ရန် အရေးကြီးပါတယ်” ဟု AFP Global News ဒါရိုက်တာ ဖီးလ် ချက်ဝင်ဒ် (Director Phil Chetwynd) က ပြောကြားခဲ့သည်။

AFP Global News ဒါရိုက်တာ

ဖီးလ် ချက်ဝင်ဒ် (Director Phil Chetwynd)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Exclusive Interview Myanmar Politics

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ စစ်ကောင်စီစခန်းများကို လျှပ်တပျက်ထိုးစစ်ဆင်သိမ်းပိုက်မှုအပေါ် သုံးသပ်ကြည့်ခြင်း

  • 2023 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 1.30K Views
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ စစ်ကောင်စီစခန်းများကို လျှပ်တပျက်ထိုးစစ်ဆင်သိမ်းပိုက်မှု။ ခေတ်မျက်လုံးရဲ့ ဒီတပါတ်ဘာတွေထူးခြားသလဲ အစီအစဉ်ကနေ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ စစ်ကောင်စီစခန်းများကို လျှပ်တပျက်ထိုးစစ်ဆင်သိမ်းပိုက်မှုအပေါ် သုံးသပ်ကြည့်ခြင်းကို တင်ဆက်ပေးသွားမှာပါ။ ဒီသုံးသပ်ချက်နဲ့
Exclusive Interview Myanmar Politics အတွေးအမြင်ကဏ္ဍ

စစ်အုပ်စုခေါင်းဆောင်ရဲ့ NCA မိန့်ခွန်းအပေါ် ဝေဖန်ထောက်ပြချက်

  • 2023 ခုနှစ်၊ အောက်တိုဘာလ 19 ရက်
  • 1.34K Views
စစ်အုပ်စုခေါင်းဆောင်ရဲ့ NCA မိန့်ခွန်းအပေါ် ဦးထွန်းအောင်ကျော်ရဲ့ ဝေဖန်ထောက်ပြချက်တွေကို ကြည့်ရှုနားဆင်နိုင်ပါပြီ။ Subscribes ပြုလုပ်ထားခြင်းဖြင့် အားပေးကြည့်ရှုနိုင်ပါပြီ။
Exclusive Interview Myanmar Politics မြန်မာသတင်း

NCA အပေါ် သူတို့အမြင်

  • 2023 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 1.44K Views
ပြည်သူတို့အတွက် ခေတ်မျက်လုံး ချန်နယ် မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၊ ပြည်သူလူထုတို့၏ သိရှိလိုမှု၊ သိသင့်သည့် အမှန်တရားများကို ဖော်ထုတ်သွားမည့် ခေတ်မျက်လုံး Era’sEyes ချန်နယ်သည် ပြည်သူတို့ နှင့်အတူရပ်တည်ကာ ဘက်မလိုက်ဘဲ အမှန်တရားတို့ကို ဖော်ထုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။ Subscribes ပြုလုပ်ထားခြင်းဖြင့်
Exclusive Interview လက်တင်အမေရိက အရှေ့အလယ်ပိုင်း ဥရောပ

ရေခဲမုန့်ကားတွေထဲထည့်ထားရတဲ့ ဂါဇာကရုပ်အလောင်းများ

  • 2023 ခုနှစ်၊ အောက်တိုဘာလ 16 ရက်
  • 1.40K Views
ဂါဇာမှာ အစ္စရေးရဲ့ တိုက်ခိုက်မှုအောက်မှာ ပါလက်စတိုင်းအရပ်သားပြည်သူတွေ နေ့စဉ်နဲ့အမျှ သေဆုံးမှုတိုးပွားလာနေပါတယ်။ ရုပ်အလောင်းတွေ ထားစရာနေရာမရှိလို့ ဘယ်လိုတွေ စီစဉ်နေရသလဲဆိုတာ ဒီဗီယိုမှာ တွေ့မြင်နိုင်ပါတယ် Subscribes ပြုလုပ်ထားခြင်းဖြင့် အားပေးကြည့်ရှုနိုင်ပါပြီ။
Exclusive Interview Myanmar Politics မြန်မာသတင်း ရာသီဥတု သဘာ၀ပတ်ဝန်းကျင်

နှစ်ပေါင်း ၆၀ အတွင်းရေကြီးမှုစံချိန်တင်ခဲ့တဲ့ ပဲခူး

  • 2023 ခုနှစ်၊ အောက်တိုဘာလ 13 ရက်
  • 1.37K Views
ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့က စတင်ခဲ့တဲ့ ပဲခူးရေကြီးမှုဟာ နှစ်ပေါင်း ၆၀ အတွင်း စံချိန်တင်ခဲ့ပါတယ်။ လူ ၂ သောင်းလောက် ကယ်ဆယ်ရေးစခန်းတွေမှာ ခိုလှုံခဲ့ရသလို အိမ်တွေထဲမှာ ပိတ်မိနေတဲ့ ဒေသခံတွေ အများအပြားလည်း ရှိခဲ့ပါတယ်။
Exclusive Interview Myanmar Politics မြန်မာသတင်း

ပ ၃ လုံးနဲ့ ဒေသတွင်း ပဋိပက္ခ

  • 2023 ခုနှစ်၊ အောက်တိုဘာလ 12 ရက်
  • 1.34K Views
ခေတ်မျက်လုံးရဲ့ ဒီတစ်ပါတ် ဘာတွေထူးသလဲအစီအစဉ်ကနေ ဒီတစ်ပါတ်မှာတော့ ပ သုံးလုံးနဲ့ ဒေသတွင်း ပဋိပက္ခဆိုတဲ့ ခေါင်း‌စဉ်အပေါ် စကားဝိုင်းဆွေး‌နွေးပွဲလေးကို တင်ဆက်သွားမှာပါ။ ‌မြေပြင်မှာ ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ပါဝင်ဆွေး‌နွေးသူတွေက သုံးသပ်ဆွေး‌နွေးသွားမှာ ဖြစ်ပြီးတော့ ဝေဖန်အကြုံပြုချက်တွေကိုလည်း နားဆင်ရမှာ ဖြစ်ပါတယ်။
Exclusive Interview Myanmar Politics မြန်မာသတင်း

ဒေသခံတွေကို ဖမ်းဆီးရိုက်နှက်တဲ့ ခလရ ၂၅၃ စစ်ကြောင်း ၂ ရက်တိုင်တိုင် ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခံရ

  • 2023 ခုနှစ်၊ အောက်တိုဘာလ 2 ရက်
  • 1.36K Views
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ဆောက်တောင်ရွာနဲ့ ရွာသစ်ရွာက ဒေသခံတွေကို ဖမ်းဆီးရိုက်နှက်ခဲ့တဲ့ ခလရ ၂၅၃ စစ်ကြောင်း ၂ ရက်တိုင်တိုင် ဒရန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပါတယ်။ ဒီအကြောင်းတွေကို နားဆင်နိုင်ပါပြီ။ မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၊ ပြည်သူလူထုတို့၏ သိရှိလိုမှု၊ သိသင့်သည့် အမှန်တရားများကို
Exclusive Interview အတွေးအမြင်ကဏ္ဍ အာရှ

တင်းမာမှုတွေ မြင့်တက်လာတဲ့ တောင်တရုတ်ပင်လယ်ထဲက အငြင်းပွားမှု

  • 2023 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 1.56K Views
ပြည်သူတို့အတွက် ခေတ်မျက်လုံး ချန်နယ် မြန်မာ့နိုင်ငံရေးဖြစ်စဉ်များ၊ ပြည်သူလူထုတို့၏ သိရှိလိုမှု၊ သိသင့်သည့် အမှန်တရားများကို ဖော်ထုတ်သွားမည့် ခေတ်မျက်လုံး Era’sEyes ချန်နယ်သည် ပြည်သူတို့ နှင့်အတူရပ်တည်ကာ ဘက်မလိုက်ဘဲ အမှန်တရားတို့ကို ဖော်ထုတ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။ Subscribes ပြုလုပ်ထားခြင်းဖြင့်