စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ဆုံကုန်းကျေးရွာက မျက်မမြင် အပါအဝင် သက်ကြီးရွယ်အို ၇ ဦးကို စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့ပြီး နေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မတ်လ ၂၅ ရက် မနက် ၈ နာရီ ၁၅ မိနစ်လောက်မှာ အင်အား ၈၀ ကျော်ပါတဲ့ စစ်ကောင်စီ တပ်က ဝင်ရောက် မီးရှို့ခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီ အနေနဲ့ ဘုတလင်နယ်မှာ စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်း ထိုးနေတာဖြစ်ပြီး အင်အား ၁၀၀ ပါ အကြမ်းဖက် စစ်ကြောင်းဟာ ဘုတလင်မြို့နယ်၊ ကြို့ကုန်းရွာကို ၀င်ရောက် တပ်စွဲထားတယ်လို့ သိရပါတယ်။